အားကစားပြိုင်ပွဲများမှာ Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးတော့မလား
အမေရိကန် အခြေစိုက် Drone ထုတ်လုပ်သူ CyPhy Works က 4G LTE ထုတ်လွှင့်ပေးတဲ့ Drone များကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ Drone များကို PARC လို့ အတိုကောက် အမည်ပေးထားပြီး သူ့ရဲ့ Drone များဟာ တစ်စတုရန်းမိုင် ပတ်လည်ကို အင်တာနက် ထုတ်လွှင့်ပေးနိုင်ကြပါတယ်။ မီတာ ၄၀၀ အမြင့်ကနေ ပျံသန်း၍ အင်တာနက် ထုတ်လွှင့်ပေးနိုင်တဲ့အတွက် လူပေါင်းများစွာ လာရောက်ကြည့်ရှုကြတဲ့ အားကစားပြိုင်ပွဲကြီးများ၊ စတိတ်ရှိုးပွဲကြီးများနဲ့ အခြားပွဲကြီးများအတွက် အထူးသင့်တော်ပါတယ်။ CyPhy Works က သူတို့ရဲ့ Drone များဟာ နာရီပေါင်းများစွာ ပျံသန်းနိုင်ကြတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ အားကစားပြိုင်ပွဲကြီးများ အနီးအနားမှ ဆက်သွယ်ရေး တာဝါတိုင်များရဲ့ အင်တာနက် ထုတ်လွှင့်မှုဟာ သုံးစွဲသူ ပမာဏနဲ့ ယှဉ်ရင် များစွာ အားနည်းနေတဲ့ အတွက် အင်တာနက်လိုင်း နှေးကွေးမှု ပြဿနာများ ရှိနေတယ်လို့ သိရပါတယ်။ အနာဂတ်မှာတော့ CyPhy ရဲ့ Drone များကို အသုံးပြု၍ အားကစားပြိုင်ပွဲကြီးများမှာ အင်တာနက် ထုတ်လွှင့်ပေးကောင်း ပေးလာနိုင်ပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေး တာဝါတိုင်များ ပျက်ဆီးသွားတဲ့ နေရာဒေသများမှာလည်း ဒီ Drone များဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်တဲ့ အားသာချက် ရှိနေပါတယ်။ ဒီနည်းပညာဟာ သမားရိုးကျ အင်တာနက် ထုတ်လွှင့်ပေးတဲ့ နည်းပညာများထက် စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းအပိုင်းမှာလည်း အားသာချက်ရှိတယ်လို့ သိရပါတယ်။
ref : digital trends
You may be interested

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Ko Thuya - Feb 22, 2019Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…