0 Shares 204 Views

တိုကျိုအိုလံပစ်မှာ မိုဘိုင်းဖုန်းတွေကို ဆုတံဆိပ်အဖြစ် ချီးမြင့်မည်

Feb 02, 2017
0 204

၂၀၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ တိုကျိုအိုလံပစ်မှာ မိုဘိုင်းဖုန်းတွေ ကို ဆုတံဆိပ်အဖြစ် ချီးမြင့်ပေးသွားမယ့် သတင်းတွေ က အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်း အသစ်တွေတော့ မဟုတ်သလို မိုဘိုင်းဖုန်းကုမ္ပဏီတွေကလည်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ရေကူး၊ ပြေးခုန်ပစ်စတဲ့ အားကစားနည်းတွေ အပါအ၀င် အားကစားနည်းပေါင်း ၃၃ မျိုး ပါဝင်မှာ ဖြစ်တဲ့ Tokyo Olympic မှာ ချီးမြင့်မယ့် ဆုတံဆိပ်တွေ ဟာ ယခင် အားကစားပွဲတွေ နဲ့ ကာယ၊ဥာဏ ပြိုင်ပွဲတွေမှာ ချီးမြင့်ခဲ့သလို သမားရိုးကျ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေ မဟုတ်တော့ဘဲ စွန့်ပစ် မိုဘိုင်းဖုန်းတွေ က ပြန်လည် စစ်ထုတ်ယူမယ့် သတ္တုတွေနဲ့ ရောစပ်ထားတဲ့ ဆုတံဆိပ်တွေဖြစ်မယ် ဆိုတာကို ဂျပန်အားကစားဝန်ကြီးဌာန က အတည်ပြုပြောကြားခဲ့ပါတယ်။

အိုလံပစ်ပွဲပေါင်း ၃ ကြိမ်တိတိ လက်ခံကျင်းပနိုင်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ နည်းပညာ ကို အထူးစိတ်ဝင်စား ပြီး နည်းပညာ နဲ့ ပတ်သက်သမျှ တီထွင်မှုတော်တော်များများ မှာ ဦးဆောင်လမ်းပြဖြစ်တဲ့ နိုင်ငံ ၁ နိုင်ငံလည်း ဖြစ်ပါတယ်။ အခုလို စွန့်ပစ်ပစ္စည်းတွေပေါ်ကနေ Metal ကို ပြန်လည် ထုတ်ယူပေးမယ့် E-Waste လုပ်ငန်းစဉ် အပေါ် ဂျပန်နိုင်ငံ ရဲ့ အားကစား မောင်မယ်များစွာ ထောက်ခံခဲ့ကြပြီး ဒါဟာ အနာဂတ်မျီုးဆက်အတွက် အရေးကြီးတဲ့ မက်ဆေ့ခ်ျ( သတိပေးမှု) တစ်ခု အအနေနဲ့ လှုပ်ရှားသွားမယ် လို့ ဆိုပါတယ်။ Recycled Mobile Phones တွေ ကို အခုချိန်ကတည်း က ရသေလာက် စုဆောင်းနေကြပြီ ဖြစ်တယ် လို့ သတင်းတွေ က ဆိုပါတယ်။

မိုဘိုင်း နဲ့ တက်ဘလက် လိုမျီုး နည်းပညာဆိုင်ရာ Gadgets တွေမှာ ရွှေ၊ ငွေ ၊ ပလက်တီနမ်၊ နီကယ်ဒြပ်စင်တို့ လို Metal တွေ အပြင် ကမ္ဘာပေါ်မှာ ရှားပါးလွန်းပြီး ပြန်ပြီး မရနိုင်တော့ သတ္တုတွေ အများအပြား ပါဝင် ဖွဲ့စည်းထားတဲ့အတွက် ပြန်လည် စစ်ထုတ်ပြီး ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် စသဖြင့် အမျိုးမျိုးခွဲခြားပြီး ဆုချီးမြင့်သွားဖို့ ဂျပန်အားကစား ၀န်ကြီးဌာန က ပြီးခဲ့တဲ့ နွေရာသီအားကစားပြိုင်ပွဲတွေကတည်း က စိတ်ကူးစတင် ရရှိခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

Ref : Digital Trends, CNN

You may be interested

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1072 shares121 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

Most from this category