0 Shares 131 Views

အီလက်ထရောနစ် အမှားအယွင်းကြောင့် Nook တက်ဘလက်မျှား ဈေးကွက်မှ ပြန်သိမ်း

Feb 02, 2017
0 131

ပြီးခဲ့တဲ့ ၃ လလောက် က စတင်ပြီး ဖြန့်ချိခဲ့တဲ့ Barnes & Nobles ထုတ် Nook Tablet 7 တွေကို အီလက်ထရောနစ်ပိုင်း ဆိုင်ရာ အမှားအယွင်းတွေကြောင့် ဈေးကွက်ကနေ ပြန်လည် သိမ်းယူခဲ့ရတယ် လို့ သတင်းတွေ က ဆိုပါတယ်။

ဘတ်ဂျက် တက်ဘလက် လို့လည်း လူသိများပြီး ဒေါ်လာ ၅၀ ခန့်၊ မြန်မာငွေ အားဖြင့် ခြောက်သောင်းကျော်ခန့် သာ ပေါက်ဈေးရှိခဲ့တဲ့ Nook Tablet တွေကို နိုဝင်ဘာ ၂၀၁၆ ခုနှစ်က စတင်ပြီး ဖြန့်ချိခဲ့တာ ဖြစ်ပြီး Amazone ရဲ့ Fire  Tablet  ကို ယှဉ်ပြိုင်ဖို့ ဈေးကွက်တင်ခဲ့တာ ဖြစ်ပြီး အားဖြည့် Adpter တွေ ကြောင့် အီလက်ထရောနစ် ပိုင်း ဆိုင်ရာ အရှုပ်အထွေး တေါ ဖြစ်ခဲ့ရပြီး တက်ဘလက် ဟာ ခဏ ခဏ ပါဝါ ပိတ်သွားခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရပြီးတဲ့အချိန်မှာတော့ အခု လို ဈေးကွက်ကနေ ပြန်လည် သိမ်းယူဖို့ ဆုံးဖြတ်လိုက်ရတာပဲ ဖြစ်ပါတယ်။

Nook Tablet တွေ ဟာ ဒီဇိုင်းလှပခြင်း၊ အရည်အသွေးကောင်းခြင်းတွေ နဲ့ အတူတူ ထင်ရှားပြီး ကုမ္ပဏီကလည်း Nook Tablet တွေ ကြောင့် ထင်ရှားလာ ခဲ့ရပေမယ့် ရှောင်လွှဲလို့ မရတဲ့ ကိစ္စရပ်တွေ ဖြစ်ပွားလာမှာစိုးတဲ့အတွက် ပြန်လည် သိမ်းယူခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီအတွက် ကုမ္ပဏီကလည်း တာဝန်ယူတဲ့အနေနဲ့ ပြသနာတစ်စုံတစ်ခု ဖြစ်ပွားပါက ကူညီဖြေရှင်းပေးဖို့ CPSC လို့ ခေါ်တဲ့ Consumer Product Safety Commission တစ်ခု ဖွင့်လှစ်ပေးထားခဲ့ပါတယ်။

Nook Tablet တွေများစွာထဲကနေ အလုံးရေပေါင်း  ၁ သိန်းခွဲ လောက်ကို တရုတ်နို်င်ငံမှာ တည်ဆောက်ခဲတာဖြစ်ပြီး ဘယ်ဈေးကွက်ထဲ က အလုံးတွေကြောင့် အခုလို ပြသနာ ဖြစ်ပွားခဲ့ရသလဲဆိုတာ ကိုတော့ လွယ်လွင့်တကူ မရှာဖွေနိုင်သေးပါဘူး။ ကုမ္ပဏီ ကတော့ Nook တက်ဘလက် သုံးစွဲသူတွေကို ချက်ချင်း ရပ်တန့်လိုက်ဖို့ တိုက်တွန်းထားတယ် လို့ သတင်းရရှိပါတယ်။

Ref : Digital Trends

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Most from this category