0 Shares 97 Views

ဖုန်းနဲ့ရိုက်လိုက်တဲ့ပုံကို ဓာတ်ပုံချက်ချင်းထုတ်ပေးနိုင်တဲ့ ဖုန်းကာဗာ

Feb 06, 2016
0 97

ရိုက်ကူးလိုက်တဲ့ပုံကို ချက်ချင်းဓာတ်ပုံအဖြစ်ထုတ်ပေးနိုင်တာကြောင့် တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ပိုလာရွိုက်ကင်မရာတွေကို မှတ်မိနေသေးတယ်ဆိုရင်တော့ သင့်အသက်က မငယ်တော့ပါဘူး။

အခုအခါမှာတော့ အဆိုပါပိုလာရွိုက်ကင်မရာတွေတိုင်း၊ ဖုန်းနဲ့ ရိုက်ကူးလိုက်တဲ့ပုံတွေကို ချက်ချင်း ဓာတ်ပုံအဖြစ်ထုတ်ပေးနိုင်မယ့် ဖုန်းကေ့စ်ကာဗာပေါ်ထွက်လာပါပြီ။

Prynt လို့အမည်ရတဲ့ ဖုန်းကေ့စ်ဟာ သင့်ဖုန်းကို ခေတ်ဟောင်းကင်မရာတစ်လုံးပုံစံအသွင်ပြောင်းပေးပြီး၊ ကေစ့်ထဲမှာပါဝင်တဲ့ ပရင်တာကနေ  Zink ဓာတ်ပုံစက္ကူတွေကိုအသုံးပြုကာ ရိုက်လိုက်တဲ့ပုံကို ချက်ချင်းထုတ်ပေးနိုင်ပါတယ်။

ဓာတ်ပုံထုတ်ဖို့အတွက် မှင်လည်းမလိုဘဲ၊ သင့် iPhone ဖုန်းကို ကေ့စ်ထဲထည့်လိုက်တာနဲ့ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံမထုတ်ခင်မှာ ကိုယ်ရိုက်ထားတဲ့ပုံကို စတစ်ကာထည့်တာ effect ထည့်တာ စသဖြင့် စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။

နောက်ထပ် စိတ်ဝင်စားစရာကောင်းပြီး၊ပျော်ဖို့ကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုကတော့ ဟယ်ရီပေါ်တာ ဇာတ်ကားတွေမှာ ကျွန်တော်တို့မြင်ခဲ့ရတဲ့ သက်ဝင်ဓာတ်ပုံတွေလိုမျိုး ဓာတ်ပုံတွေကို Prynt ဖုန်းကေ့စ်နဲ့ ရိုက်ကူးနိုင်တာဖြစ်ပါတယ်။ သက်ဝင်ဓာတ်ပုံရိုက်ကူးဖို့အတွက် ပထမဦးဆုံး Prynt ကင်မရာ app ကနေတဆင့် ပုံရိုက်ကူးကာ၊ ဖုန်းကာဗာကနေ ဓာတ်ပုံထုတ်လိုက်ပါ။ ထို့နောက် အဆိုပါဓာတ်ပုံကို ဖုန်း app ထဲက Prynt scanner နဲ့ ပြန်ဖတ်လိုက်ရင် ဓာတ်ပုံက ငါးစက္ကန့်စာသက်ဝင်လှုပ်ရှားနေတာကို ဖုန်းပေါ်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Prynt ဖုန်းကေ့စ်ကို ၁၄၉ ဒေါ်လာနဲ့ ၀ယ်ယူရရှိနိုင်ပြီး၊ ယခုလောလောဆည်မှာတော့ iPhone 5 ၊ 5c ၊ 5s ၊ 6 ၊ 6s ၊ Galaxy S4 ၊ Galaxy S5 တို့မှာပဲ တပ်ဆင်အသုံးပြုနိုင်ပါသေးတယ်။ Prynt ကေ့စ်ဝယ်တဲ့အခါ Zink ဓာတ်ပုံစက္ကူ  ၁၀ ရက်အခမဲ့ရရှိမှာလည်းဖြစ်ပါတယ်။

Ref: Metro, TechCrunch

 

 

 

 

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
0 shares0 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
80 shares20 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
96 shares27 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category