0 Shares 704 Views

Samsung က MWC မှာ Galaxy S8 ရဲ့ တစ်မိနစ်စာ ဗီဒီယို ကို မိတ်ဆက်ပြသမည်

Feb 02, 2017
0 704

Samsung အနေနဲ့ MWC 2017 မှာ ကျင်းပပြုလုပ်မယ့် ၄င်းရဲ့ ကိုယ်ပိုင် press conference ကို ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ မနေ့က တရားဝင်ကြေညာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ Galaxy S8 နဲ့ ပတ်သတ်တဲ့ တစ်မိနစ်စာ ဗီဒီယိုလေးကိုပါ မိတ်ဆက်ပြသဖို့ မျှော်လင့်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

မနေ့က ကြေညာချက်မှာတော့ Samsung ဟာ Galaxy Tab S3 ကို အဓိကထားမိတ်ဆက်ပြသ သွားမှာဖြစ်တယ်လို့ တရားဝင်ပြောကြားထားပြီး ဒီကနေ့မှာတော့ Galaxy S8 နဲ့ S8 Plus ရဲ့ dimension အချက်အလက်တွေနဲ့ အခုလို တစ်မိနစ်စာ ဗီဒီယို မိတ်ဆက်မယ့် သတင်းတွေပါ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Samsung အနေနဲ့ Galaxy S8 ကို ဖေဖော်ဝါရီလ အတွင်းမှာ မိတ်ဆက်မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားထားတဲ့အတွက် MWC မှာ ပြသမယ်ဆိုတဲ့ တစ်မိနစ်စာ ဗီဒီယို ဆိုတာကလည်း Galaxy S8 နဲ့ ပတ်သတ်တဲ့ အချက်အလက်ပြည့်ပြည့်စုံစုံကို မိတ်ဆက်မှာမဟုတ်ဘဲ ထူးခြားချက် အနည်းငယ်လောက်ကိုသာ မိတ်ဆက်မှာဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ Galaxy S8 ကို မတ်လ (၂၉) ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားပြီး ဧပြီလ (၂၁)ရက်နေ့ မတိုင်ခင်အထိ ဈေးကွက်ထဲကို ဖြန့်ချိမှာ မဟုတ်ဘူးလို့လည်းသိရပါတယ်။

Ref: FArena

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Most from this category