0 Shares 180 Views

Smart Com co.,ltd ရဲ့ IT Department မှ ကိုကျော်မျိုးအောင်နှင့် တွေ့ဆုံခြင်း

Smartphone လောကမှာ နေရာတစ်နေရာ ရနေတဲ့ ဖုန်းဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဆိုင်လေးကတော့ Smart Com ဖုန်းဆိုင်ပဲဖြစ်ပါတယ်။ Smart Com ဖုန်းဆိုင်ရဲ့ IT Department က ကိုကျော်မိုးအောင်နဲ့ Smartphone လောကအကြောင်းကို အခုလိုမေးမြန်းခဲ့ပါတယ်။

Q. Smart Com ဖုန်းဆိုင်ကို ဘယ်အချိန်ကစဖွင့်တာလဲ။ ဆိုင်ခွဲဘယ်နှဆိုင်ဖွင့်ပြီးပြီလဲ။
ကျွန်တော်တို့ Smart Com ဖုန်းဆိုင်ကို ၂၀၁၃ ခုနှစ်ကစဖွင့်တာပါ။ ဆိုင်ခွဲတွေက ရန်ကုန်မှာ(၄)ဆိုင်ရှိတယ်။ ကျွန်တော်တို့က Smart Com ဆိုင်အပြင် Huawei Showroom ဆိုင်တွေကိုလည်း တွဲဖွင့်ထားပါတယ်။ Huawei Showroom ကစုစုပေါင်း ၈ဆိုင်ရှိတယ်။

Q. Smart Com ဖုန်းဆိုင်မှာ ဘယ်ဖုန်းအမျိုးအစားတွေ ရှိပါသလဲ။
Oppo, ViVo, Huawei, Samsung, Xiaomi အပြင်တစ်ခြား Brand တွေလည်း ဝယ်ယူလို့ ရပါတယ်။

Q. ဖုန်းတစ်လုံးမှာ ဈေးနှုန်းကလည်း သိပ်မကွာဘူး၊ ဖုန်းမှာပါတဲ့ Function တွေကလည်း သိပ်မကွာဘူးဆိုရင် ဘယ် Brand ကိုအရွေးများလဲ။
အခုနောက်ပိုင်းကဖုန်းနဲ့ ပတ်သက်ပြီး Online ပေါ်မှာလည်း အလွယ်တကူလေ့လာလို့ ရနေတော့ User တွေအနေနဲ့ ဘယ်ဖုန်းကောင်းလည်းလိုမေးတာထက် By name နဲ့ လာဝယ်တာများတယ်။ သူက Xiaomi ကို By name နဲ့လာတယ်ဆိုရင် ကျွန်တော်တို့က Huawei ကို ထိုးရောင်းလို့ မရဘူး။ အဲဒီိတော့ Xiaomi ကိုသေချာရှင်း ပြပေးရတယ်။

Q. User တွေအနေနဲ့ ဖုန်းဝယ်မယ်ဆိုရင် ဘယ်လိုများရွေးချယ်ဝယ်သင့်ပါလဲ။
User မှာက ယောက်င်္ကျားလေးရှိတယ်။ မိန်းကလေးရှိတယ်။ ယောက်င်္ကျားလေးမှာမှ (၂)မျိုး ရှိတယ်။ တစ်ချို့ကဂိမ်းကို တော်တော်ဝါသနာပါတယ်။ တချို့က အင်တာနက်လောက်ပဲ သုံးတယ်။ ယောက်င်္ကျားလေး တွေအတွက်ကျတော့ RAM နဲ့ CPU ကိုကြည့်သင့်တယ်။ အခုနောက်ပိုင်းက ဓာတ်ပုံရိုက်တာ ကို ပိုပြီး အားသာလာကျတော့ ကင်မရာကို ဦးစားပေးပြီး ဝယ်ကြတဲ့သူတွေလည်းများလာကြတယ်။

Q. မောင်လေးက Smart Com မှာဘယ်အပိုင်းကို တာဝန်ယူထားလဲ။
ကျွန်တော်က IT Department ကပါ Software Service ၊ Customer Service နဲ့ Website ပိုင်းတွေကိုတာဝန်ယူထားပါ တယ်။

Q. အခုလက်ရှိ IT လောကပေါ်မောင်လေးရဲ့ အမြင်ကိုပြောပြပေးပါလား။
၂၀၁၆ ကုန်၂၀၁၇ အစပိုင်းမှာ တော်တော်လေးအားရမှုရှိလာပါတယ်။ အခုလတ်တလောမှာဆိုရင် YBS နဲ့ ပတ်သက်ပြီး APP တွေ အများကြီးထွက်လာတာ တွေ့တယ်။ အရမ်းကိုကြိုးစားလာကြတာကိုလည်း တွေ့ရတယ်။

Q. ၂၀၁၆ မှာ ဘယ်ဖုန်းတွေရောင်းအား ကောင်းခဲ့လဲ။
Xiaomi ကတော့ရောင်းအားကောင်းခဲ့တယ်။ အခု ၂၀၁၇ အစမှာလည်း Xiaomi ကပဲနေရာယူထားပါတယ်။ နယ်ကမှာတာကအစ Xiaomi ပဲမှာတာများတယ်။ Huawei တွေလည်း တော်တော်ရောင်းရပါတယ်။

Q. မောင်လေးတို့ဆိုင်က ဝယ်တဲ့ဖုန်းတွေအတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးပါလဲ။
ကျွန်တော်တို့ဆိုင်ကဝယ်တဲ့ ဖုန်းတွေအတွက် ကုမ္မဏီအာမခံ(၁) နှစ်ပါပါတယ်။ Xiaomi ကကျတော့ Global ကျတော့ (၂)နှစ်အာမခံပါတယ်။ China ကျတော့ (၁)နှစ်အာမခံပါတယ်။ ကုမ္မဏီအာမခံမပါတဲ့ ဖုန်းတွေအတွက် ကျွန်တော်တို့ဆိုင်က Software ရော Hardware ရော ကို ကျွန်တော်တို့ဘက်က တာဝန်ယူပေးထားပါတယ်။

Q. Smartphone လောကရဲ့အခြေအနေကို ပြောပြပေးပါလား။
Smartphone လောကက သိသိသာသာကြီးကို တိုးတက်လာတယ်။ အခုနောက်ပိုင်းမှာ ဖုန်းဆိုင်တွေကလည်း အများကြီးဖြစ်လာတယ်။ ဖုန်း Brand တွေကလည်း အများကြီးထွက်လာတယ်။ User တွေအနေနဲ့လည်း ရွေးချယ်စရာတွေ များလာတယ်။ နောက်ပိုင်းမှာလည်း ဒီထက်တိုးတက်လာဖို့ အခြေအနေ့ပဲရှိတယ်။ IT လောကဖွံဖြိုးနေသမျှကတော့ လူငယ်တွေက နည်းပညာဘက်ကို လိုက်စားလာတဲ့သူများလာတယ်။ အခုနောက်ပိုင်း အင်တာနက်လိုင်းတွေကလည်း အရမ်းကောင်းလာပါတယ်။ အဲဒီအတွက် Smartphone လောကက တိုးတက်လာအုံးမှာပါ။

Q. မောင်လေးတို့ဆိုင်မှာ ဖုန်းအရစ်ကျဝယ်လိုရောရလား။
ဖုန်းအရစ်ကျက AEON နဲ့ဝယ်လိုရသလို၊ AYA Simple Card ၊ Credit Card ၊ CB Credit Card တွေနဲ့လည်း ဝယ်လိုရပါတယ်။ Online Shopping ကနေလည်း ၀ယ်လိုရပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆိုင်မှာ ဖုန်းအဟောင်းပေး၊ အသစ်ယူ ဝန်ဆောင်မှုလည်း ရှိပါတယ်။

You may be interested

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views

WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ

Ko Thuya - May 23, 2018

Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views

တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek

Tha Ra - May 23, 2018

[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ

Ko Thuya - May 23, 2018

Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…

Most from this category