0 Shares 63 Views

Paperless Job Fair တွင် အလုပ်အကိုင်နေရာပေါင်း ၅၀၀ ကျော်အတွက် လျှောက်ထားသူ ၄၀၀၀ ကျော်ရှိခဲ့

Feb 02, 2017
0 63

ဒစ်ဂျစ်တယ်စနစ်သုံးအလုပ်အကိုင်ပြပွဲ(Paperless Job Fair)တွင် အလုပ်အကိုင်နေရာပေါင်း (၅၀၀)ကျော်ကို ခေါ်ယူခဲ့ပြီး လျှောက်ထားသူစုစုပေါင်း ၄၀၀၀ ကျော်ရှိခဲ့ကြောင်း အလုပ်အကိုင်ပြပွဲအပြီး ရရှိသည့်အချက်အလက်များအရ သိရသည်။

work.com.mmမှ စီစဉ်ကျင်းပသည့် မြန်မာ့ပထမဆုံး ဒစ်ဂျစ်တယ်စနစ်သုံးအလုပ်အကိုင်ပြပွဲ Paperless Job Fair တွင် အလုပ်လျှောက်ထားသူ ၄၀၀၀ ကျော်ရှိသည့်အနက် အများစုမှာ အူရီဒူး(မြန်မာ)၊ မက်စ်(မြန်မာ)၊ကိုကာကိုလာ၊Capital Diamond Star Group နှင့် RMA ကုမ္ပဏီများ၏ လစ်လပ်နေရာများကို အများဆုံး လျှောက်ထားကြခြင်းဖြစ်ကြောင်း work.com.mm ၏ အချက်အလက်များအရတွေ့ရသည်။

အလုပ်လျှောက်ထားသူအများစုမှာ ပျမ်းမျှအနေနှင့် အသက်(၂၅)နှစ်မှ(၂၇)နှစ်ကြား လူလတ်ပိုင်းအရွယ်များဖြစ်ကြောင်း အချက်အလက်များအရ သိရှိရသည်။

လျှောက်ထားသူအများစုမှာ လုပ်ငန်းလုပ်ကိုင်သည့်အတွေ့အကြုံမရှိသေးသူ (Fresher)များမှ လုပ်သက်(၁၀)နှစ်အထိ အတွေ့အကြုံရှိသူများပါဝင်ခဲ့ကြသည်။

အတွေ့အကြုံရှိသူအများစုမှာ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူ၊ သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်သူ၊ အိုင်တီနှင့်နည်းပညာကျွမ်းကျင်သူ၊အင်ဂျင်နီယာနှင့်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ဆိုင်ရာကျွမ်းကျင်သူများနှင့် ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍတွင်အတွေ့အကြုံရှိသူများအပါအဝင် ဈေးကွက်နှင့်အရောင်းမြှင့်တင်ရေးကဏ္ဍအပိုင်း ကျွမ်းကျင်သူအများစု ပါဝင်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ထို့အပြင် work.com.mm ၏ အထူးပြုရှာဖွေထားသည့် အချက်အလက်များအရ ဒစ်ဂျစ်တယ်စနစ်သုံးအလုပ်အကိုင်ပြပွဲ တွင် အွန်လိုင်းမှအလုပ်လျှောက်လွှာများကို လက်ခံနိုင်ခဲ့ခြင်းအားဖြင့် စာရွက်ပေါင်း ၁၁၀၀၀ ကျော်ကို ချွေတာနိုင်ခဲ့ပြီး ၄င်း စာရွက်ပေါင်းမှာ အရွယ်ရောက်ပြီး သက်တမ်းရင့် သစ်တစ်ပင်နှင့်ညီမျှနေခြင်းလည်းဖြစ်သည်။

“paperless ရဲ့အဓိကရည်ရွယ်ချက်က အလုပ်လာလျှောက်သူတွေ၊ ကုမ္ပဏီတွေအတွက် အချိန်ကုန်၊အလုပ်ရှုပ် သက်သာစေဖို့ပါ။ အဲ့ဒါအပြင် ကျွန်တော်တို့ work.com.mm အနေနဲ့ ပြပွဲမှာ စက္ကူစာရွက်ပေါင်း ၁၁၀၀၀ ကျော်ကို ချွေတာနိုင်ခဲ့ခြင်းက သဘာဝပတ်ဝန်းကျင်အတွက် သစ်ပင်ကြီးတစ်ပင်ကို ထိန်းသိမ်းနိုင်ခဲ့တာမို့ ကျွန်တော်တို့အနေနဲ့ အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု work.com.mm ၏ ပြည်သူ့ဆက်ဆံရေးမန်နေဂျာ သုတလင်းက အလုပ်အကိုင်ပြပွဲ နှင့်ပတ်သတ်၍ ပြောကြားသည်။

အလုပ်အကိုင်ပြပွဲတွင် တိုက်ရိုက်အင်တာဗျူးခေါ်ယူခဲ့ကြသည့် ကုမ္ပဏီကြီးများလည်းရှိပြီး ကျန်ရှိနေသေးသည့် အလုပ်အကိုင်လျှောက်လွှာများကိုမူ သက်ဆိုင်ရာကုမ္ပဏီများ၏ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေးမန်နေဂျာများက အသေးစိတ်ဆက်လက်ကြည့်ရှုကာ အလုပ်အကိုင်ခေါ်ယူမှုများပြုလုပ်သွားကြမည်ဖြစ်သည်။

စာရွက်စာတမ်းများဖြင့်အလုပ်လျှောက်ထားရန်မလိုအပ်တော့ဘဲ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ အွန်လိုင်းမှအလုပ် လျှောက်ထားနိုင်မည့် မြန်မာ့ပထမဆုံး Paperless Job Fair ကို ရန်ကုန်မြို့ IBC ခန်းမတွင် ယခုလ ဇန်နဝါရီ (၂၂)ရက်နေ့က ကျင်းပခဲ့ပြီး အလုပ်အသမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ အလုပ်အကိုင်ပြပွဲသို့ လာရောက်သူဦးရေမှာ ၈၀၀၀ ကျော်ခန့်ရှိခဲ့သည်။

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category