0 Shares 31 Views

Android ဗားရှင်း Apple Music Apps ရဲ့  update အသစ်မှာ သီချင်းတွေကို ဒေါင်းလုဒ် ပြုလုပ်ခွင့်ပေးထား

Feb 06, 2016
0 31

နည်းပညာ ထိပ်တန်း ကုမ္မဏီ Apple ဟာ Android စနစ်သုံး Apps တွေထုတ်လုပ်လေ့ မရှိပါဘူး။ ဒါပေမယ့် ထုတ်လုပ်လိုက်တဲ့အခါမှာတော့ ပိုမိုများပြားတဲ့ iPhone အသုံးပြုသူတွေကို လုံခြုံခွင့်ပေးနိုင်စေမယ့် Android အသုံးပြုသူတွေကို Apple Music သုံးစွဲခွင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Android ဗားရှင်း Apple Music အက်ပလီကေးရှင်းဟာ ဒေါင်းလုဒ်ဆွဲ အသုံးပြုသူ တစ်သန်းခန့် ရှိခဲ့ပြီဖြစ်ပါတယ်။

Apple ဟာ အဲဒီ အက်ပလီကေးရှင်းကို Google ရဲ့  မိုဘိုင်းလ် စနစ် နဲ့ ပိုမို အဆင်ပြေစေမယ့် လုပ်ဆောင်ချက်တွေကို စတင်ထည့်သွင်းပေးလိုက်ပြန်ပါပြီ။အခုထွက်ပေါ်လာတဲ့ update ဗားရှင်းမှာတော့ Apple Music ဟာ Streaming တင်မကပဲ သီချင်းတွေကို ဒေါင်းလုဒ်ပြုလုပ်ပြီး SD ကတ်ထဲမှာ သိုလှောင်ထားနိုင်ခွင့်ပါပေးထားပါတယ်။ အသုံးပြုသူတွေဟာ offline အခြေအနေမှာပဲ သံစဉ်တွေပိုမိုသိုလှောင်ထားနိုင်သွားမှာ ဖြစ်ပါတယ်။

ဒီဗားရှင်းဟာ သတ်မှတ် သိုလှောက်ပမာဏ နဲ့ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်း (သို့) တတ်ဘလတ် တစ်ခုခုကို ပိုင်ဆိုင်ထားတဲ့ Apple Music အသုံးပြုသူတွေအတွက်သာ မကပဲ နောက်ဆုံးပေါ် ကိရိယာကို ပိုင်ဆိုင်ထားပြီး 128GB အထိ ပမာဏ ရှိမယ့် ဂီတသံစဉ်တွေကိုပါ သယ်ဆောင်သွားချင်တဲ့ Apple Music အသုံးပြုသူတွေအတွက်ပါ ပိုမိုအဆင်ပြေ သွားစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီ အက်ပလီကေးရှင်းဟာ Beats 1 Shows ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းထားတာကြောင့် လစဉ်ကြေးပေးသွင်းအသုံးပြုသူ Subscribers တွေကို တေးရေးဆရာနဲ့ ဖြစ်စေ ၊ ဆက်စပ်အကြောင်းအရာများနဲ့ဖြစ်စေ ကိုယ်လိုချင်တဲ့ သီချင်းတွေကို အလွယ်တကူရှာဖွေနိုင်ပြီး နားဆင်နိုင်အောင် ခွင့်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

Ref: engadgets

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category