5 Shares 293 Views

Windows ကို Shut Down ချဖို့ အမြန်ဆုံး နည်းလမ်းများ

Feb 02, 2017
5 293

ဝင်းဒိုး အသုံးပြုသူအများစုက Computer ကို Shut Down ချဖို့ Windows Start Menu ကို သုံးကြပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုမို မြန်ဆန်တဲ့ နည်းလမ်းများလည်း ရှိပါသေးတယ်။ ၀င်းဒိုးကို အမြန်ဆုံး Shut Down ချနိုင်မယ့် နည်းလမ်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Alt+F4

ဒီနည်းလမ်းကိုတော့ ၀င်းဒိုး ဗားရှင်းအားလုံးမှာ သုံးနိုင်ပါတယ်။ Desktop ပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး Alt+F4 ကို နှိပ်ပါ။ Shut Down Windows Prompt ပေါ်လာရင် အိုကေကို နှိပ်ပါ။ Windows+D ကို နှိပ်ပြီး Alt+F4 ကို တန်းနှိပ်လို့လည်း ရပါတယ်။

Windows X Menu

ဒီနည်းလမ်းကိုတော့ Windows 8 နဲ့ သူ့အထက် ဗားရှင်းများမှသာ သုံးနိုင်ပါတယ်။ Windows X ကို နှိပ်ရင် Menu ပေါ်လာမှာပါ။ U ကို နှစ်ခါနှိပ်ပါ။ ပထမတစ်ခါနှိပ်ရင် Shut down or sign out ကို ရွေးပေးမှာပါ။ ဒုတိယတစ်ချက်ကတော့ Shut down ကို နှိပ်တာ ဖြစ်ပါတယ်။

Start Menu

ဒီနည်းကိုတော့ လူအများစု အသုံးပြုလေ့ရှိကြပါတယ်။ မောက်စ်နဲ့ သုံးနိုင်သလို ကီးဘုတ် ကနေလည်း ပြုလုပ်နိုင်ပါတယ်။ Windows Key ကို နှိပ်ပြီး Arrow Key ဖြင့် Shut Down ကို ရွေးပေးပြီး အန်းတား နှိပ်ပါ။

ref : ghacks

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category