0 Shares 657 Views

Viber က အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ နိုင်ငံများအတွက် အခမဲ့ ဖုန်းပြောဆိုခွင့် ပေးမည်

Feb 01, 2017
0 657

Viber က အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ နိုင်ငံများအတွက် အခမဲ့ ဖုန်းပြောဆိုခွင့် ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Viber ရဲ့ မိခင်ကုမ္ပဏီ ဖြစ်တဲ့ Rakuten ရဲ့ စီအီးအို ဖြစ်သူ Hiroshi Mikitani က အမေရိကန်နဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံရတဲ့ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယား၊ အီရန်၊ အီရတ်၊ လစ်ဗျားနဲ့ ယီမင်နိုင်ငံတို့ အကြားမှာ အခမဲ့ ဖုန်းပြောခွင့် ပြုလုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အခမဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အချိန်ကာလ အပိုင်းအခြားကိုတော့ ကုမ္ပဏီက ပြောကြားခြင်း မရှိသေးပါဘူး။ Viber ဟာ ပလက်ဖောင်းများစွာအတွက် စာပို့ခြင်းနဲ့ ဖုန်းပြောခြင်း ၀န်ဆောင်မှုကို ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Viber ကို ၂၀၁၀ ခုနှစ်ကတည်းက တည်ထောင်ထားတာ ဖြစ်ပြီး လက်ရှိမှာ ကမ္ဘာအ၀န်းမှာ အသုံးပြုသူ သန်း ၈၀၀ ရှိနေပါတယ်။ သူ့ရဲ့ Viber Out ၀န်ဆောင်မှုဟာ မိုဘိုင်းဖုန်းများသာမက ကြိုးဖုန်းများကိုပါ အခကြေးငွေဖြင့် ဆက်သွယ်နိုင်ပါတယ်။

ref : digital trends

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category