0 Shares 470 Views

တယ်လီနောက ရက် (၉၀) အထိ ပါဆယ် ယူသွားနိုင်မည့် “ပါဆယ်” အင်တာနက် package များကို မိတ်ဆက်

Feb 01, 2017
0 470

တယ်လီနောမြန်မာလီမိတက်သည် သုံးစွဲသူများ၏ သက်တမ်းကုန်ဆုံးသွားချိန်အထိ အသုံးပြုရန် ကျန်ရှိနေသာ အင်တာနက်သုံးဒေတာနှင့် အခြား အကျိုးခံစားခွင့်များကို ရက် (၉၀) အထိ ယူဆောင်အသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ‘ပါဆယ်’ အင်တာနက်သုံး ဒေတာ package များကို မိတ်ဆက် လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ (၂) ရက်နေ့မှ စတင် ရရှိနိုင်မည့် ၃၀-ရက် သက်တမ်းရှိ‘ပါဆယ်’  အစီအစဉ်များကို ၃၀၀MB အတွက် ၉၉၉ ကျပ်မှစ၍ ၁၂၀GB အတွက် ၉၉,၉၉၉ ကျပ်အထိ ၀ယ်ယူရရှိနိုင်ပြီး Facebook၊ Viber နှင့် BeeTalk ကဲ့သို့ လူမှုကွန်ရက်များအသုံးပြုရန် အခမဲ့ ဒေတာ၊ တယ်လီနော Capture တွင် ဓါတ်ပုံနှင့် ဗီဒီယိုများ သိမ်းဆည်း ခွင့်နှင့် တယ်လီနောနံပါတ်အချင်းချင်းသို့ အခမဲ့ စာတိုပို့ခွင့် စသည့် အကျိုးခံစားခွင့်များ ပါရှိသည်။

“ဒီအစီအစဉ်ရဲ့ ထူးခြားမှုတစ်ခုကတော့ အသုံးပြုသူတွေအနေနဲ့ ပါဆယ်’ ယူဆောင်သွားဖို့ အခွင့်အလမ်းရှိနေမှု ဖြစ်ပါ တယ်။ သူ့ရဲ့ သက်တမ်းက ရက်ပေါင်း ၃၀ သာဖြစ်ပေမယ့် သုံးဖို့ကျန်နေတဲ့ အကျိုးခံစားခွင့်တွေကိုတော့ ရက် ၉၀ အထိ ပါဆယ်ယူဆောင်သွားနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နောက်တစ်ကြိမ် စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ ကျန်နေတဲ့ အကျိုး ခံစားခွင့်တွေကို ဆက်လက်အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ သုံးစွဲသူတွေအတွက် ဈေးနှုန်းချိုသာပြီး ထူးခြားဆန်းသစ်တဲ့ အသံနဲ့ အင်တာနက် ၀န်ဆောင်မှုတွေကို စဉ်ဆက်မပြတ်ပေးအပ်နေဖို့ ကြိုးပမ်းအားထုတ်မှုရဲ့ တစ်စိတ်တစ်ဒေသအဖြစ် အခုလို မြန်မာ့တယ်လီကွန်းလောကရဲ့ ပထမဆုံး ‘ပါဆယ်’ အစီအစဉ်ကို မိတ်ဆက် လိုက်နိုင် တဲ့အတွက် ၀မ်းမြောက်မိပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့သည်။

ယခု ‘ပါဆယ်’ အစီအစဉ်ကို ရယူထားခြင်းဖြင့် သုံးရန်ကျန်နေသေးသည့် ဒေတာနှင့် အခြားအကျိုးခံစားခွင့်များကို  ပါဆယ် ယူဆောင်သွားနိုင်မည်ဖြစ်ပြီး ထပ်မံစာရင်းသွင်းလိုက်သည့် အခါတိုင်း ယင်း အကျိုးခံစားခွင့်များကို ဆက်လက် အသုံးပြု သွားနိုင်မည် ဖြစ်ပါသည်။ အစီအစဉ်၏ သက်တမ်းမှာ ရက် ၃၀ သာရှိသည်ဖြစ်ပြီး သက်တမ်းကုန်ပြီး ရက် ၃၀ အတွင်း ထပ်မံ စာရင်းသွင်းမှသာ ကျန်ရှိ အကျိုး ကျေးဇူးများ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ Facebook၊ Viberနှင့် BeeTalk လူမှု ကွန်ရက်များအတွက် အခမဲ့ ပေး ထားသည့် ဒေတာများ ကျန်ရှိနေပါက ယင်းဒေတာများကို လူမှုကွန်ရက်များမှတစ်ဆင့် ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများအတွက် အသုံးပြု ခွင့်ရှိမည် မဟုတ်ကြောင်းသိရသည်။

ဖုန်းခေါ်ဆိုမှုများနှင့် စာတိုပေးပို့မှုများအတွက် ပုံမှန်နှုန်းထားများဖြစ်သည့် တစ်မိနစ် ၂၅ ကျပ် နှင့် စာတိုတစ်စောင် ၁၅ ကျပ် အသီးသီး ကောက်ခံသွားမည် ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် *979*2*7# သို့ ဖုန်းခေါ် ဆိုခြင်းဖြင့် ဖြစ်စေ MyTelenor app မှတစ်ဆင့် ဖြစ်စေ၊ စာတိုပို့ခြင်းဖြင့် ဖြစ်စေ ‘ပါဆယ်’ အစီအစဉ်ကို ရယူနိုင်သည်။ စာတိုမှတစ်ဆင့် မိမိ ကြိုက်နှစ်သက်သည့် ‘ပါဆယ်’ အစီအစဉ်ကို ရယူရန် ၅၀၀ သို့ DPXS၊ DPS၊ DPM၊ DPL၊ DPXL၊ DP2XL နှင့် DP3XL တို့ကို ပေးပို့ ရယူနိုင်ပါသည်။ အသုံးပြုနိုင်သည့် ဒေတာလက်ကျန်အခြေအနေကို *124*1# သို့ ဖုန်း ခေါ်ယူ စစ်ဆေးနိုင်ပါသည်။

သုံးစွဲသူများအကြိုက် အဆင်ပြေစွာ ရွေးချယ်နိုင်သည့် အစီအစဉ်များ

သုံးစွဲသူများအနေဖြင့် ‘ပါဆယ်’ အစီအစဉ်အပြင် လက်ရှိ ရှိနေသော ‘စူပါ နှစ်ဆ’ Smart အင်တာနက် လစဉ် အစီအစဉ် များကိုလည်း ကြိုက်နှစ်သက်ရာ ၀ယ်ယူအသုံးပြုနိုင်ပါသည်။ သုံးစွဲသူများ များစွာ နှစ်ချိုက်ကြသော ‘စူပါပွား’ အစီအစဉ် သည်လည်း ဆက်လက်ရရှိနေမည် ဖြစ်ပါသည်။ စူပါပွားဖြင့် တယ်လီနော၏ ပိုမိုကောင်းမွန်သည့် အင်တာနက်သုံး ဒေတာကို ၁ MB အတွက် ၈ ကျပ်နှုန်း၊ တယ်လီနောအချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ် ၁၈ ကျပ်နှုန်းနှင့် အခြား အော်ပရေတာများသို့ ခေါ်ဆိုမှုအတွက် တစ်မိနစ် ၂၅ ကျပ်နှုန်း အသီးသီး ကျသင့်ပါသည်။ တယ်လီနော၏ အခြား အတွက် ၀န်ဆောင်မှုအစီအစဉ်များ (စာတိုပေးပို့ခြင်း၊ နိုင်ငံတကာသို့ ခေါ်ဆိုခြင်း၊ အခြားနိုင်ငံများတွင် အသုံးပြုခြင်း) နှင့် လက်ကျန် ငွေ လွှဲပြောင်းခြင်း၊ ကြိုသုံးအစီအစဉ်၊ MyTune အစီအစဉ် စသည်တို့အတွက် ၀န်ဆောင်ခနှုန်းထားများမှာ ယခင်အတိုင်း ကျသင့်မည် ဖြစ်ပါသည်။ တယ်လီနော၏ Smart အင်တာနက်အစီအစဉ်သည် အခြေခံနှုန်းထား ဖြစ်သော ၁ MB အတွက် ၈ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကျသင့်နေမည် ဖြစ်ပါသည်။

‘ပါဆယ်’ အစီအစဉ်မှ ရရှိနိုင်မည့် အကျိုးခံစားခွင့်များ

ရရှိမည့် ပမာဏ ဈေးနှုန်း စာရင်းသွင်းရန် တယ်လီနော အချင်းချင်း စာတို အရေအတွက် Facebook၊ Viberနှင့် BeeTalk တို့အတွက် အခမဲ့ MB
XS (၃၀၀ MB)          ၉၉၉ *979*2*7*1# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DPXS” ကို စာတိုပို့ပါ ၅၀၀ ၅၀၀
S (၁ GB) ၂,၉၉၉ *979*2*7*2# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DPS” ကို စာတိုပို့ပါ ၁၀၀၀ ၁၀၀၀
M (၄ GB) ၉,၉၉၉ *979*2*7*3# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DPM” ကို စာတိုပို့ပါ ၂၀၀၀ ၂၀၀၀
L (၁၀ GB) ၁၉,၉၉၉ *979*2*7*4# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ ကို စာတိုပို့ပါ ၄၀၀၀ ၄၀၀၀
XL (၂၀ GB) ၂၉,၉၉၉ *979*2*7*5# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DPXL” ကို စာတိုပို့ပါ ၅၀၀၀ ၅၀၀၀
2XL (၅၀ GB) ၄၉,၉၉၉ *979*2*7*6# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DP2XL” ကို စာတိုပို့ပါ ၈၀၀၀ ၈၀၀၀
3XL (၁၂၀ GB) ၉၉,၉၉၉ *979*2*7*7# သို့ ဖုန်းခေါ်ပါ (သို့) ၅၀၀ သို့ “DP3XL” ကို စာတိုပို့ပါ ၁၀၀၀၀ ၁၀၀၀၀

You may be interested

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ
FEATURES, gadgets, Smartwatches
0 shares0 views

၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Fitness Tracker များ

Ko Thuya - Dec 12, 2017

Fitness Tracker ခေါ် ကိုယ်လက်လှုပ်ရှားမှုကို တိုင်းတာပေးတဲ့ လက်ပတ်များဟာ သင့်ရဲ့ ကျန်းမာရေးကို စဉ်ဆက်မပြတ် စစ်ဆေးပေးနိုင်ပါတယ်။ သူတို့က သင့်ရဲ့ လမ်းလျှောက်တဲ့ ခြေလှမ်းများ ၊ ပြေးတဲ့ အကွာအဝေး ၊ နှလုံးခုန်နှုန်းများ၊ အိပ်စက်မှု အခြေအနေများကို တိုင်းတာပေးနိုင်ပါတယ်။ ဒီနှစ်ထဲမှာ…

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်
Audio & Video, NEWS, Softwares & Application
62 shares9 views

YouTube မှာ တစ်နှစ်အတွင်း ဒေါ်လာ ၁၁ သန်း ရှာနိုင်တဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်

Ko Thuya - Dec 12, 2017

Forbes က မကြာခင်က ၀င်ငွေ အကောင်းဆုံး YouTubers စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဇွန်လအတွင်းမှာ ဒေါ်လာ ၁၂၇ သန်းကို ရှာဖွေနိုင်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာက တစ်နှစ်အတွင်း…

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ
NEWS, Softwares & Application
73 shares9 views

App Store မှာ ဂိမ်းတွေ app တွေကို pre-order တင်လို့ရနိုင်ပြီ

Nwe Oo - Dec 12, 2017

Apple platform ပေါ်မှာအခြေခံပြီးဖန်တီးထားသမျှ app တွေအကုန်လုံးကို pre-order လက်ခံနိုင်ဖို့ Apple က developer တွေကို ခွင့်ပြုလိုက်ပါပြီ။ MacStories က သိရသလောက်ဆိုရင် ဒီစည်းမျဉ်းက စတင်အကြုံးဝင်နေပြီဖြစ်ပြီး App Store မှာ တစ်ချို့ app တွေဆို…

Most from this category