0 Shares 807 Views

Apple ထုတ်ခဲ့သမျှ Plus model တွေထဲမှာ iPhone 7 Plus က ရေပန်းအစားဆုံးဖြစ်လာ

Feb 01, 2017
0 807

ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် စက်တင်ဘာလအတွင်းက (၄.၇)လက်မ iPhone 7 နဲ့ အတူမိတ်ဆက်ခဲ့တဲ့ (၅.၅)လက်မ iPhone 7 Plus ဟာ Apple ထုတ်လုပ်ဖူးခဲ့မျှ Plus model တွေထဲမှာ လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးဖြစ်တယ်လို့ Apple ရဲ့ CEO ဖြစ်သူ Tim Cook ရဲ့ ပြောကြားချက်အရ သိရပါတယ်။

iPhone 7 Plus ဟာ (၂၀၁၄) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone 6 Plus နဲ့ (၂၀၁၅) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ iPhone 6s Plus တွေထက် ကို လူကြိုက်များရေပန်းစားလျက်ရှိနေတာဖြစ်ပြီး အခုလို လူကြိုက်များရတဲ့ အကြောင်းအရင်းတွေထဲမှာ dual camera ပါဝင်တဲ့အချက်က အဓိက အချက်တစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။

iPhone 7 Plus မှာပါဝင်တဲ့ standard wide-angle lens နဲ့ 56mm telephoto lens တွေက ဓာတ်ပုံတွေရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်စေတာဖြစ်ပါတယ်။ “Portrait” mode ကိုရိုက်ကူးပေးနိုင်တဲ့ 56mm lens က လူကြိုက်များတဲ့ နောက်ခံဝေဝါးစေတဲ့ Bokeh Effect နဲ့ အရည်အသွေးမြင့် DSLR-style ပုံရိပ်တွေကို ဖန်တီးပေးနိုင်ပါတယ်။

စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေများလာတာနဲ့ အမျှ စမတ်ဖုန်းသူစွဲသူအများစုကလည်း ကင်မရာအရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ပိုမိုစိတ်ဝင်စားလာကြလာတာကြတဲ့အတွက် ငွေကြေးတတ်နိုင်တဲ့ စမတ်ဖုန်း အသုံးပြုသူတွေနဲ့ Apple ပရိသတ်တွေကြားမှာ ကင်မရာအရည်အသွေး အထူးကောင်းမွန်တဲ့ iPhone 7 Plus ဟာ အခုကဲ့သို အလွန်ရေပန်းစားလာခြင်းဖြစ်ကြောင်း လေလာသူတွေက သုံးသပ်လျက်ရှိကြပါတယ်။

Ref: Mac Rumours

 

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

Most from this category