တယ်လီနောမြန်မာလီမိတက် မှ Easyဘေလ် ပရိုမိုးရှင်းကို ပြန်လည် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်အရ သုံးစွဲသူများသည် ဗုဒ္ဓဟူးနေ့တိုင်း Easy ဘေလ် (E-load Top up) ဖြင့် ၁၀၀၀ ကျပ်နှင့် အထက် ငွေဖြည့်ခြင်းအတွက် ၅၀ ရာခိုင်နူန်းအထိ အပို ဆုကြေး ရရှိမည်ဖြစ်သည်။
အပိုဆုကြေး၏ သက်တမ်းမှာ ငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်ပြီး ငွေဖြည့်ရမည့် ပမာဏမှာ အနည်းဆုံး တစ်ထောင်ကျပ်မှစတင်ပါသည် (သို့သော် ကျပ် ၆၀၀၀ တန်မှော်ငွေဖြည့်ကတ် အကျုံးမဝင်ပါ)။ သုံးစွဲသူများအနေဖြင့် *124*1#သို့ ဖုန်းခေါ်ခြင်းဖြင့် လက်ကျန်တန်ဖိုးကို စစ်ဆေးနိုင်ပါသည်။ ပရိုမိုးရှင်း ကာလ အတွင်း သတ်မှတ်ထားသော ပမာဏအတိုင်း ကြိမ်ဖန်များစွာ ငွေဖြည့်ပါကလည်း အပိုဆုကြေး (Easy Bill Bonus)များကို တစ်စုတစ်ပေါင်းရရှိမည် ဖြစ်ပါသည်။
“Easy ဘေလ်ကို သုံးစွဲခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ ဒီပရိုမိုးရှင်းကို အထူးနှစ်သက်သဘောကြတာ တွေ့ရပါတယ်။ အခုလို ပြန်လည်မိတ်ဆက်လိုက်တဲ့အတွက်လည်း သုံးစွဲသူတွေ ပျှော်ရွှင်ကျေနပ်ကြမယ်ထင်ပါတယ်။ ဒီပရို မိုးရှင်းက တယ်လီနောရဲ့ သုံးစွဲသူတွေအထူးနှစ်သက်ကြတဲ့ ပရိုမိုးရှင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ရှေ့ဆက် ပြီးတော့ လည်း တယ်လီနောက ဈေးနူန်းချိုသာပြီး တီထွင်ဆန်းသစ်မှုရှိတဲ့ ဝန်ဆောင်မှုတွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong ကပြောသည်။
အပိုဆုကြေးကို ပြည်တွင်း တယ်လီနောနံပါတ်သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ်သို့ SMS ပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်ပါသည်။ အခြားသော ဝန်ဆောင်မှုများဖြစ်သည့် pack များဝယ်ယူအသုံးပြုခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်း၊ လက်ကျန်ငွေလွှဲ ပြောင်းခြင်း(balance transfer) နှင့် ကြိုသုံး စသည့် ဝန်ဆောင်မှုများကို အပိုဆုကြေး (Easy bill bonus) ကို အသုံးပြု၍ ဝယ်ယူအသုံးပြုနိုင်မည် မဟုတ်ကြောင်းသိရသည်။
ငွေဖြည့်ရမည့် ပမာဏနှင့် ရရှိမည့် အပိုဆုကြေး
ငွေဖြည့်သည့်ပမာဏ |
အပိုဆုကြေး % |
၁၀၀၀ – ၂၉၉၉ ကျပ် | ငွေဖြည့်သောပမာဏ၏ ၁၀% |
၃၀၀၀ – ၄၉၉၉ ကျပ် | ငွေဖြည့်သောပမာဏ၏ ၂၀% |
၅၀၀၀ – ၉၉၉၉ ကျပ် (မှော်ငွေဖြည့်ကတ် ၆၀၀၀ မပါ) | ငွေဖြည့်သောပမာဏ၏ ၃၀% |
၁၀၀၀၀ နှင့်အထက် ကျပ် | ငွေဖြည့်သောပမာဏ၏ ၅၀% |