2 Shares 149 Views

Vaio အမှတ်တံဆိပ်က Windows 10 စနစ်သုံး Vaio Phone Biz စမတ်ဖုန်း ကို ထုတ်လုပ်

Feb 06, 2016
2 149

တစ်ချိန်တစ်ခါကတော့ Sony ကုမ္မဏီက ထုတ်လုပ်တဲ့ Vaio အမှတ်တံဆိပ် လက်ပ်တော့ပ် တွေဟာ ကမ္ဘာမှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့ဖူးပေမယ့်လည်း ဂျပန်နိုင်ငံအခြေစိုက် အမှတ်တံဆိပ် Vaio ဟာ တစ်ကမ္ဘာလုံးကို ဖြန့်ချီဖို့ မကြိုးစားခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ Vaio အမှတ်တံဆိပ်ဟာ Sony ကုမ္မဏီလက်အောက်က ရှယ်ယာခွဲထွက်ထားတဲ့ ကိုယ်ပိုင် ကုမ္မဏီ တစ်ခု ဖြစ်လာပြီးတဲ့နောက် သူတို့ရဲ့  Windows 10 စနစ်သုံး စမတ်ဖုန်း ကို ထုတ်လုပ်လိုက်ပါပြီ။ အဲဒီဖုန်းကတော့ Vaio Phone Biz လို့အမည်ရပါတယ်။ ဒါဟာ Vaio အတွက်တော့ ပထမဆုံး စမတ်ဖုန်းထုတ်လုပ်မှု မဟုတ်ခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် မတ်လတုန်းကလည်း Vaio ဟာ Android စနစ်သုံး ဟန်းဆက်တွေကို စီးရီးလိုက် ထုတ်လုပ်ခဲ့ဖူးပါတယ်။

Vaio က ထပ်မံ ထုတ်လုပ်လိုက်တဲ့ ဒီ Windows ဖုန်းဟာ ၅.၅ လက်မ ကျယ်ဝန်းတဲ့ full HD မျက်နှာပြင်ပါဝင်ပြီး Snapdragon 617 processor ကို အသုံးပြုထားပါတယ်။ RAM ကတော့ 3GB ရှိပြီး အတွင်းသိုလှောင် ပမာဏကတော့ 16 GB အထိ ပါဝင်မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီး အသုံးပြုချင်ရင်တော့ microsSD ကတ်ထည့်သွင်းခွင့် ပေးထားတဲ့အတွက် အဆင်ပြေမှာပါ။ ကင်မရာအနေနဲ့ကတော့ 13MP ရှိတဲ့ အနောက်ကင်မရာ နဲ့ 5MP ရှိတဲ့ အရှေ့ကင်မရာ တို့ပါဝင်မှာ ဖြစ်ပါတယ်။

Vaio Phone Biz ရဲ့  ဒီဇိုင်းဟာ Microsoft အတွက်တော့ ခြားနားတဲ့ ရှုထောင့်တစ်ခု ဖြစ်နေမှာပါ။ အလူမီနီယံ ကိုယ်ထည် နဲ့ အကွေးအကောက် ဒီဇိုင်းရှိပြီး ဒီဖုန်းရဲ့  သိသာတဲ့ အားသာချက်ကတော့ ကွန်ပျူတာမလိုပဲ Desktop သုံးစွဲပုံမျိုး ဆောင်ရွက်ပေးမယ့် Microsoft ရဲ့  special adapter က တဆင့် Monitor နဲ့ချိတ်ဆက် အသုံးပြုနိုင်မယ့် Continuum လုပ်ဆောင်ချက်ကို support လုပ်ပေးနိုင်ပါတယ်။

လက်ရှိမှာတော့ Vaio Phone Biz ဆိုတဲ့ Windows ဖုန်းကို ဂျပန်နိုင်ငံမှာပဲ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပြီး အခြားနိုင်ငံတွေမှာတော့ မကြာမီ အချိန်အတွင်း ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Tech Radar

You may be interested

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ
FEATURES
0 shares0 views

စမတ်ဖုန်းများမှာ သုံးထားတဲ့ ဘက်ထရီ အမျိုးအစားများ

Ko Thuya - Jun 25, 2018

ယနေ့လိုအချိန်ကိုရောက်ရှိတဲ့အချိန်မှာတော့မိုဘိုင်းဖုန်းတွေရဲ့ဘက်ထရီဟာအတော်ကြီးကိုသက်တမ်းတာရှည်ခံခဲ့ပါပြီ။အချို့စမတ်ဖုန်းတွေမှာပါတဲ့ဘက်ထရီဆိုရင်အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းပေးနိုင်ပါတယ်။Gionee ,Asus Zenfone တို့ဆိုရင်အခြားဖုန်းတစ်လုံးကိုအားပြန်လည်သွင်း ပေးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ အတူဘက်ထရီသက်တမ်းကလည်းအင်မတန်တာရှည်ခံပါတယ်။ Mobile Handset တစ်လုံးကောင်းမွန်ပြည့်စုံစွာ အလုပ်လုပ်နိုင်ရန်အတွက် Battery သည်မရှိမဖြစ်လိုအပ်သောအရာဖြစ်ပါတယ်။ သို့ရာတွင် Mobile Handset များတွင်အသုံးပြုသော Battery များသည် Handset ၏ Model အလိုက်ကွဲပြားခြားနား…

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi
Xiaomi
546 shares130 views

Redmi 6 Pro ကို တရားဝင် မိတ်ဆက်လိုက်တဲ့ Xiaomi

Tha Ra - Jun 25, 2018

[Zawgyi] Xiaomi အနေနဲ့ Redmi 6 Pro ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Redmi 6 Pro နဲ့အတူ Mi Pad 4 tablet ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။…

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS
ASUS
66 shares13 views

Gaming Laptop တွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်တဲ့ ASUS

Tha Ra - Jun 25, 2018

[Zawgyi] ASUS Myanmar အနေနဲ့ TUF Gaming Laptop, ROG Gaming Laptop တွေကို ပြီးခဲ့တဲ့ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ TUF Series က Entry Level Gaming…

Most from this category