0 Shares 5082 Views

ံhologram က touch screen တွေရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ်ရှိနေ

Jan 31, 2017
0 5082

ပြင်သစ်ဒီဇိုင်းနာ Jamie Olivet ဟာ Touch Screen စမတ်ဖုန်းတွေ ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ် ရှိနေတဲ့ Hologram စမတ်ဖုန်း ဒီဇိုင်း တစ်ခု ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Alo Phone လို့ အမည်ပေးထားတဲ့ အဲဒီ ဖုန်း ဟာ Layer တွေကို ပေါင်းစပ်ထားပြီး နောက်ကွယ်ကနေ AI နည်းပညာ နဲ့ အလုပ်လုပ်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

မိုဘိုင်းဖုန်းတွေ စတင်ပေါ်ပေါက်လာစက အုတ်နီခဲတစ်လုံးလောက် အရွယ်ရှိခဲ့ပြီး ခလုတ်တစ်ခု ချင်း ကို တစ်ချက်ချင်း စီ နှိပ်ပြီး အသုံးပြုခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ခလုတ်တွေဟာ သေးငယ်ပြီး မျက်နှာပြင် အသေးတစ်ခု နဲ့ အတူတူ ပေါင်းစပ်သုံးစွဲရတဲ့ ကီးဘုတ်ခလုပ်ဖုန်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ပေါ်လာခဲ့တဲ့ ဖုန်းအမျိုးအစားကတော့ ကီးပတ်အမျိုးအစား ပါ။ နောက်ဆုံးပေါ်လာတဲ့ Type အရ စမတ်ဖုန်းတွေ ရဲ့ Touch Screen တွေ ဟာ Keypad တွေကို အလွယ်တကူ မှေးမှိန်သွားစေသွားခဲ့ပါတယ်။ အခုလက်ရှိမှာ ပန်းပန်နေဆဲ တို့ထိမျက်နှာပြင် စမတ်ဖုန်းတွေကိုတော့ Hologram ဖုန်းတွေ က အလွယ်တကူ ကျော်ဖြတ်သွားနိုင်ဖွယ်ရာ မရှိပေမယ့် Jamie Olivet နဲ့ အဖွဲ့ကတော့ လက်မလျှော့ခဲ့ဘဲ Hologram ဖုန်း အမျိုးအစား ဖြစ်တဲ့ Alo Phone ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ အနာဂတ် မိုဘိုင်းဖုန်း မျိုးဆက်ဖြစ်တဲ့ Alo ဖုန်း ဟာ Typical Smartphone Display အမျိုးအစား ဖြစ်ပြီး အရာရာကို Voice မက်ဆေ့ခ်ျ နဲ့ ထိန်းချုပ် ကိုင်တွယ်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ အသံပိုင်း ကို ရင့်ကျက်နားလည်သွားစေဖို့ အတွက်တော့ အချိန်နည်းနည်း ယူ လေ့ကျင့်ရမှာ ဖြစ်ပေမယ့် မခန့်မှန်းနိုင်လောက်အောင် မှော်ဆန်ပြီး လှပလွန်းတဲ့ Alo အတွက်တော့ လုံခြုံရေး အပိုင်း ဟာ စိတ်အချရဆုံး အရိုးရှင်းဆုံး နည်းလမ်း ဖြစ်တယ် လို့ တီထွင်သူ က ဆိုပါတယ်။

Olivet က ထပ်ပြီးတော့ ကတိပေးထားခဲ့တဲ့ အချက်တစ်ခု ဟာ Alo မိုဘိုင်းဖုန်းတွေ ဟာ သုံးစွဲသူ ရဲ့ လက်ထဲမှာ စမတ်အကျဆုံး နဲ့ ပြီးပြည့်စုံမှု အရှိဆုံး ဖြစ်လာစေမယ့် အိပ်မက်တစ်ခု ပါပဲ လို့ ဆိုခဲံပါတယ်။ လက်ရှိမှာ Google ရဲ့ AI လက်ထောက် ကို ပေါင်းစပ်သုံးစွဲထားပြီး Google စာတိုပို့ ပရိုဂရမ် တစ်ခု ဖြစ်တဲ့ Allo App နဲ့ ရောထွေးပြီး အမှတ်မမှားစေချင်ဘူး လို့လည်း ဆိုပါတယ်။ ဒါဟာ အနာဂတ် အတွက် စိတ်ကူးယဉ်မှု တစ်ခု ပဲ လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် Hologram နည်းပညာကို ပေါင်းစပ်သုံးစွဲမယ့် မိုဘိုင်းဖုန်းအတွက်တော့ အားလုံးက စိတ်ဝင်စား စောင့်ကြည့်လျက်ရှိတယ် လို့ ဆိုပါတယ်။

 

Ref : Mashable

You may be interested

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
0 shares0 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
102 shares15 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်
NEWS, Tech Update
75 shares7 views

ဖုန်းကို အားသွင်းပေးမယ့် ဂျက်ကတ်

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ တိုတောင်းတဲ့အတွက် နေ့စဉ် ဖုန်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုများ ရှိနေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို နေရာမရွေး အားသွင်းပေးနိုင်တဲ့ Power Bank များကို ထုတ်လုပ်ပေးထားသလို ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို တိုးမြှင့်ပေးတဲ့ Battery Case…

Most from this category