ZTE က စမတ်ဖုန်းအသစ်တစ်ခုကို နမူနာ မိတ်ဆက် (Video)

တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE က အသစ်ထွက်ရှိမယ့် စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ နမူနာ ဗီဒီယို လေးတစ်ခုကို ပရိတ်သတ်တွေဆီချပြလိုက်ပါတယ်။

ZTE India က ၎င်းရဲ့ တရားဝင် Twitter အကောင့်မှာ ဒီ ဗီဒီယိုကို တင်လိုက်တာဖြစ်ပြီး “Hello again, India!” လို့ရေးသားထားတာတွေ့ရပါတယ်။

Video ရဲ့ ကြာမြှင့်ချိန်ဟာ (၁၃) စက္ကန့်သာရှိပြီး ZTE logo, slogan နဲ့ စမတ်ဖုန်းအသစ်ရဲ့ ပုံရိပ် အချို့ကိုသာ ပြသထားတာတွေ့ရပါတယ်။ စမတ်ဖုန်းအသစ်ရဲ့ နာမည်နဲ့ ပတ်သတ်ပြီး ဘာမှ ဖော်ပြထားခြင်းမရှိပေမယ့် ပြသထားတဲ့ ဒီဇိုင်းပုံရိပ်ကို အခြေခံကာ ZTE Blade A610 Plus ဖြစ်နိုင်ကြောင်း ကောက်ချက်ချမှုတွေ ရှိနေပါတယ်။

ZTE အနေနဲ့ လာမယ့် ဖေဖော်ဝါရီ (၃) ရက်နေ့မှာ အိန္ဒိယမှာ product launch event တစ်ခုပြုလုပ်မှာ ဖြစ်ကြောင်း ဖိတ်ကြားမှုတွေပြုလုပ်ထားပြီးဖြစ်တဲ့အတွက် ဒီ ဗီဒီယိုထဲက စမတ်ဖုန်းအသစ်ဟာ ဒီ event ရဲ့ အဓိက အကြောင်းအရာတစ်ခု ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

မိတ်ဆက်ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

Ref: GSMArena

%d bloggers like this: