1 Shares 600 Views

Apple iCar ရဲ့ ဒီဇိုင်းအလန်းစား များ

Jan 31, 2017
1 600

နည်းပညာထုတ်ကုန် ပစ္စည်းတစ်ခု ထွက်လာတော့မယ် ဆိုရင် အရင်ဆုံးမှာ Concept Art ဆိုပြီး ပုံကြမ်း စဉ်းစားပါတယ်။ အဲဒီနောက်မှာ Developer View,Beta, Rumors စသဖြင့် နည်းပညာထုတ်ကုန် ရဲ့ အကြောင်း ကို အကြမ်းဖျင်းပုံစံတွေရော၊ ခန့်မှန်းခြေသတင်းတွေရော မျိုးစုံသတင်းထွက်လာပါတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး နဲ့ အလွဲဆုံးကတော့ Concept Art တွေပါပဲ။ Concept တွေဟာ နည်းပညာရှုထောင့်က ကြည့်တာမဟုတ်ဘဲ ဒီဇိုင်းအမြင်ကိုသာ ဇောင်းပေးပြီး ကြည့်လေ့ရှိတဲ့အတွက် များသောအားဖြင့်တော့ လွဲနေတတ်တာများပါတယ်။ ဥပမာအားဖြင့် မှန်သားပြင်လို တိုးလျှိုပေါက် ထွင်းဖောက်မြင်နိုင်တဲ့ ခရစ်စတယ်မျက်နှာပြင် နဲ့ စမတ်ဖုန်းတွေ ဆိုရင် ၂၀၀၇ ခုနှစ်လောက်ကတည်းက Concept ထွက်ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ လိုက်လံ ပြုလုပ်ဖို့ ခဲယဉ်းမှုတွေ အများကြီး ရှိနေပါသေးတယ်။

အခုလည်း Apple iCar ကို Apple က စတင်ပြီး Develop ဖြစ်အောင် ကြိုးစားနေပြီဆိုတာ နဲ့ Concept Art တွေ နဲ့ ဒီဇိုင်းမျိုးစုံ အမြင်မျိုးစုံထွက်ရှိလာပါတယ်။ အဲဒီ ဒီဇိုင်းအမြင်တွေဟာ များသောအားဖြင့် Apple ထုန်ကုန်တွေကို အခြေခံထားတဲ့ ခန့်မှန်းခြေ Apple Car ဒီဇိုင်းတွေ ဖြစ်ပြီး Apple Fans တွေ နဲ့ အွန်လိုင်းပေါ်က နည်းပညာစိတ်ဝင်စားသူတွေ ရဲ့ လက်ရာတွေ ဖြစ်ပါတယ်။ လက်ရာရှင် တချို့ကတော့ Apple မှာ အလုပ်လုပ်ဖူးခဲ့တဲ့ Ex-Worker တွေနဲ့ Apple မှာ တာဝန်ထမ်းဆောင်နေဆဲ ၀န်ထမ်းတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု ဖြစ်ပျက်ခဲ့တာ က အရင် Google Car ထုတ်ခါနီးတုန်းကလည်း အဲဒီလိုမျီုး ခန့်မှန်းခြေမျိုးစုံ နဲ့ Rumor News , Concept Art တွေ ထွက်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ အများပြည်သူရှေ့မှာ ချပြခဲ့တဲ့ Google Car ဒီဇိုင်းကတော့ ရိုးရှင်း ပြီး Honda Fit လိုလို သမားရိုးကျ ကားပုံစံ သာ ဖြစ်ခဲ့တာ ကို အမှတ်ရစေလိုပါတယ်။ ဒါကြောင့် Just to Know မျှသာ ဖြစ်တယ်လို့လည်း ပြောခဲ့ချင်ပါတယ်။

(၁) iCar 7

ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ iCar ဒီဇိုင်းဟာ iPhone 7 ကို အခြေခံပြီး ဆွဲထားတာ ဖြစ်ပါတယ်။ ရှပ်ပြေးယာဉ်ပျံ ပုံစံ၊ Glossy Jet Black ဖြစ်ပါတယ်။ အိုင်ဖုန်း ၇ မှာ ထုတ်ဖော်ပြသခဲ့တဲ့ ဒီ ကားဒီဇိုင်းဟာ ဖြစ်နိုင်ခြေရှိတဲ့ မဖြစ်နိုင်ခြင်း လို့ပဲ ဆိုရပါမယ်။ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာ က ဒီလို ကား ဒီဇိုင်းမျိုးတွေကို သိပ္ပံဆန်းကြယ် စိတ်ကူးယဉ် ဇာတ်ကားတွေ မှာ မြင်တွေ့ရလေ့ရှိတဲ့ ဒီဇိုင်းပါ။ သိပ္ပံဆန်းကြယ် စိတ်ကူးယဉ်ဇာတ်ကားတွေကို လွန်ခဲ့တဲ့ နှစ် ၅၀ ၀န်းကျင်အထက် က စတင် ကြည့်ရှုခဲ့ရပါတယ်။ အဲဒီ ဇာတ်ကားတွေဟာ စိတ်ကူးယဉ် ဆိုတဲ့ အတိုင်း ဆန်းကြယ်တာတွေ၊ အံ့သြဖို့ကောင်းတာတွေ ၊ စဉ်းစားလို့ မဖြစ်နိုင်တာတွေ ပါ ပါဝင်ပါတယ်။ ဒါပေမယ့် အခု အချိန်မှာ လက်တွေ့ကို တွက်ချက်ကြည့်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင် က မိုးပေါ်က တစ်ယောက်စီးယာဉ်ပျံ နဲ့ ပျံသန်းခဲ့တဲ့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကား ကို သက်သေပြရမယ် လို့ ထင်ပါတယ်။ ဂျိမ်းစ်ဘွန်း ဇာတ်ကားတစ်ခု ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား ဂျိမ်းစ်ဘွန်း ကိုယ်တိုင် စီးနင်း ပျံသန်းပြခဲ့တဲ့ တစ်ယောက်စီး မိုးပျံဂျက် ကလေး ကို ဒီကနေ့ မှာ စတင် တီထွင်နိုင်ခဲ့ပါပြီ။ သိတ်မကြာခင်မှာပဲ အောင်မြင်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒီ ကားဒီဇိုင်း ဟာ ဖြစ်နိုင်တယ် လို့ ဆိုပေမယ့် အခု အချိန်မှာတော့ မဖြစ်နိုင်ဘူး လို့ပဲ ပြောရဦးမှာ ဖြစ်ပါတယ်။

==========================================

(၂) iCar G3
အပေါ် မှာ ပြသထားတဲ့ ကားဒီဇိုင်း ကတော့ အဖြစ်နိုင်ဆုံး ကားဒီဇိုင်းပါပဲ။ ဒါပေမယ့် အံ့သြဖို့ကောင်းတာ Apple Fans တွေ မလိုချင်ဆုံး ဒီဇိုင်းလည်း ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ iMac G3 ကို အခြေခံထားပြီး ထုတ်ဖော်ပြသထားတာ ဖြစ်ပါတယ်။ ကားဒီဇိုင်း ထောင့်ချိုးလေးတွေကို အကွေး ပုံစံ လေး လုပ်ထားပါတယ်။ ကောလဟလ ထွက်ခဲ့တာကတော့ ဒီကားဒီဇိုင်း ဟာ အရောင်ငါးမျိုး နဲ့ လာမယ် လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။  Blueberry , Lime , Tangerine, strawberry, Gape စတဲ့ အရောင်တွေ လာမယ် လို့ ပြောထားပေမယ့် Apple က ပထမဆုံး ထွက်ရှိလာမယ့် ကားဒီဇိုင်း ဟာ အဲဒီလို အရောင်တွေ နဲ့ လာရှိမယ် ဆိုတာကတော့ Apple က ထွက်ရှိခဲ့တဲ့ ပုံသဏ္ဍာန်တွေ နဲ့ လုံးလုံးလျားလျား ကွဲပြားပါတယ်။ Fans တွေကိုယ်တိုင် မှန်းဆလို့ ရတဲ့ အရောင် က တော့ ” အနက်ရောင် ” ပါပဲ။ အနက် နဲ့ အဖြူ မပါရင် Apple ထုတ် မဟုတ်ဘူး လို့ ပြောလို့ရအောင်ပဲ အဖြူ၊ ၊ အမည်း အရောင် တွေ ဟာ Apple ကုမ္ပဏီ နဲ့ ကွယ်လွန်သူ စတိဗ်ဂျော့ဘ် အပေါ်ကို သြဇာကြီးခဲ့ပါတယ်။

==========================================

(၃) iCar Power

iCar Power ကတော့ ဖြစ်နိုင်ခြေ မရှိဆုံး ဖြစ်ပါတယ်။ စိတ်ကူးယဉ် အတော့်ကို ဆန်တဲ့ အခု ကားပုံစံ ဟာ ကားလမ်းမ ပေါ်မှာ မဟုတ်ပဲ ရေပေါ် နဲ့ ဝေဟင် ထဲမှာ ဖြတ်သန်းဖို့အတွက် တည်ဆောက်ခဲ့တဲ့ ကိုယ်ထည် ပုံပန်းလိုမျိုး ဖြစ်နေပါတယ်။ ခုနှစ် ၂၀၀၀ တနုးက ထုတ်လုပ်ခဲ့တဲ့ Apple Power Book G4 ကို အခြေခံထားပြီး တီထွင်ထားတဲ့ ဒီဇိုင် ဖြစ်ပါတယ်။ စွမ်းရည်မြင့် Hybrid ကားပုံစံ ချိုး ထားပြီး ကိုယ်ထည် ကို အလူနီယမ် အလွိုင်းတွေ နဲ့ တည်ဆောက်ပြထားပါတယ်။ မော်တော်ကား ဆိုတာထက် လက်တော့ပ် တစ်ခု နဲ့ ပိုပြီး တူနေပါသေးတယ်။ ၂၀၁၅ ခုနှစ် မှာ ပြုလုပ်ခဲ့တဲ့ Apple ဘုတ်အဖွဲ့ဝင် တစ်ဥိး နဲ့ အင်တာဗျူးးထဲမှာတော့ Apple ဦးသျှောင် စတိဗ်ဂျော့ဘ် ဟာ iCar အတွက် စီမံကိန်း ရေးဆွဲထားခဲ့ပြီး နောက်တဆင့် စီမံကိန်း ကတော့ Apple အပျော်စီးမော်တော် ဖြစ်ပါသတဲ့။ ဒါပေမယ့် အဲဒီ အင်တာဗျူးး ထဲမှာ ဖြေကြားခဲ့တဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ကတော့ iCar ဟာ ဒီဇိုင်းဆန်းဆန်း နဲ့ ထုတ်လုပ်မယ် လို့ ပြောခဲ့ပါတယ်။

==========================================

(၄) iCar Maciontosh

ဒီကားဒီဇိုင်း ကိုတော့ Macintonsh 128K ကို အခြေခံထားပါတယ်။ iCar Macintosh လို့ အမည်ပေးထားပါတယ်။ ကားပြိုင်ပွဲဝင်လေ့ရှိတဲ့ Racing Car တွေ ရဲ့ ဒီဇိုင်းကို နမူနာ ယူခဲ့ပြီး Race Car ပရိုဂရမ်တွေကိုပါ ထည့်သွင်းရေးဆွဲထားပါတယ်။ Apple ရဲ့ ဒီဇိုင်း အဖွဲ့ က ခန့်မှန်း ရေးဆွဲခဲ့တဲ့အထဲမှာ ဖြစ်နိုင်မှု ကတော့ Electric Car ပုံစံ လာမယ် လို့ ခန့်မှန်းရပါတယ်။ ဘက်ထရီ ကတော့ မိုင်ပေါင်းများစွာကို သွားရောက်နိုင်စေဖို့ အထူး ဂရုပြုထားပါတယ်။ အထူးသဖြင့် ပုံမှန် မော်တော်ကားတွေ လိုမျိုး ပဲ မိုင်ပေါင်းများစွာ အခက်အခဲမရှိစေဘဲ သွားစေနိုင်ဖို့ စီစဉ်ထားပါတယ်။ လေးထောင့်စပ်စပ်၊ ထောင့်မှန်စတုဂံ ပုံစံ အချိုး မျိုး မော်တော်ကား ကို ဒီဇိုင်းထွင်ထားပါတယ်။

==========================================

(၅) iCar Air
၂၀၀၈ ခုနှစ်က ထွက်ခဲ့တဲ့ မူလ MacBook Air ရဲ့ ဒီဇိုင်း ပုံစံအတိုင်း တည်ဆောက်ထားပြီး iCar Air လို့ ခေါ်ပါတယ်။ လက်တော့ပ် နဲ့ ဆင်တူနေပြီး Concept Car တွေ နဲ့ မတူညီစေဘဲ အပြင် လောက မှာ အမှန်တကယ် ဖြစ်တည်လာတော့မယ့် ကား ပုံစံကလေး ရှိပါတယ်။ စက္ကန့်အနည်းငယ်အတွင်း မှာ ပဲ အရှိန်အဟုန် ပြင်း ပြင်း နဲ့ မြန်မြန် ရောက်ရှိစေဖို့ ဖန်တီးထားမယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေ ရဲ့ အဆိုအရ တော့ အရမ်းကို လှပပြီး အနုပညာ ဆန်လွန်းတဲ့ ဒီ ဒီဇိုင်း ကို ကုမ္ပဏီ တွေက တစ်ခါတည်း နဲ့ တိုက်ရိုက်ထုတ်ဖော်ပြသ ပြီး ပရိသတ်တွေကို ပေးအပ်ပါ့မလား ဆိုတာ ကို သံသယ ဖြစ်စရာ ပဲ ဆိုပြီး ဝေဖန်လျက်ရှိပါတယ်။ ဒါဆိုရင် အနာဂတ် iCar များ ဖြစ်လာနိုင်မလား လို့ တော့ တွေးတောစရာပဲ။
==========================================

Ref : DM, Wiki

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
314 shares101 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category