Android နှင့် iOS နှစ်မျိုးလုံးအတွက် Power Rangers ဂိမ်း မတ်လတွင်ထွက်ရှိမည်

အခုခေတ် လူငယ်အများစုရဲ့ ငယ်ဘဝတွေကို အတော်အတန်လွှမ်းမိုးခဲ့ဖူးတဲ့ Power Rangers တွေကို mobile game အဖြစ်နဲ့ Android နဲ့ iOS ပေါ်မှာ ပြန်လည်မြင်တွေ့ကာ ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒီ ဂိမ်းရဲ့ နာမည်ကိုတော့ Power Rangers : Legacy Wars လို့ ပေးထားပြီး လာမယ့် (၂၀၁၇) မတ်လအတွင်းမှာ ထွက်ရှိမယ်လို့ တရားဝင်ကြေညာထားပါတယ်။

ဒီဂိမ်းနဲ့ ပတ်သတ်ပြီး teaser video ထွက်ရှိလာတာဖြစ်ပြီး video အရ ရုပ်ထွက်နဲ့ နောက်ခံတီးလုံးတွေဟာ ငယ်စဉ်က ကြည့်ဖူးခဲ့ကြတဲ့ Power Rangers Series တွေကို ပြန်လည် အမှတ်ရစေမှာပါ။

Real-time multiplayer fighting game အမျိုးအစားဖြစ်ပြီး ထပ်မံထွက်ရှိမယ့် Power Rangers movie အသစ်ထဲက characters တွေလည်းပါဝင်မှာဖြစ်ပြီး teaser video က တိုလွန်းတဲ့အတွက် ဂိမ်းနဲ့ ပတ်သတ်တဲ့ အချက်အလက် အသေးစိတ်ကိုတော့ မသိရှိနိုင်သေးပါဘူး။

ပိုမိုတိကျတဲ့ ထွက်ရှိမယ့်နေ့ရက်နဲ့ ဂိမ်းပုံစံအသေးစိတ်ကို ဖော်ပြထားချင်းမရှိပေမယ့် အခမဲ့ ဂိမ်းအဖြစ်ထွက်ရှိလာ နိုင်ချေရှိကြောင်း ခန့်မှန်းမှုတွေရှိနေပြီး playlegacywars.com မှာ pre-registration ပြုလုပ်ထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Teaser Video ကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Ref: FArena

%d bloggers like this: