0 Shares 562 Views

တယ်လီနော 4G ကွန်ရက် ထပ်မံတိုးချဲ့၊ မြန်မာနိုင်ငံရှိ အဓိက မြို့ ၁၇ မြို့တွင် ရရှိ

Jan 30, 2017
0 562

တယ်လီနောမြန်မာလီမိတက် ၏ 4G ကွန်ရက်ကို ယခု သီတင်းပတ် အတွင်းတွင် မြို့ ၂ မြို့သို့ တိုးချဲ့ဖြန့်ကျက်လိုက်ကြောင်းသိရသည်။

တယ်လီနော၏ 4G ၀န်ဆောင်မှုများကို မြို့ကြီး ၁၅ မြို့တွင် ပေးအပ်နေပြီးဖြစ်ပြီး ယင်းမြို့များမှာ ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့၊ပဲခူးမြို့၊ တောင်ငူမြို့၊ တင်္နသာရီတိုင်းဒေသကြီးရှိ မြိတ်မြို့နှင့်ထားဝယ်မြို့၊ မကွေးတိုင်းဒေသကြီးရှိ တောင်တွင်းကြီး မြို့၊ အောင်လံမြို့နှင့် ပခုက္ကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့၊ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့၊ နေပြည်တော်ရှိ ဒက္ခိဏ သီရိမြို့၊ လယ်ဝေးမြို့၊ ဥတ္တရသီရိမြို့၊ ပှုဗ္ဗသီရိမြို့နှင့် ပျဉ်းမနားမြို့တို့ ဖြစ်ကြပါသည်။

တယ်လီနောသည် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် မော်လမြိုင်မြို့၌့ 4G ကွန်ရက် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်း အထိမ်းအမှတ် အ ဖြစ် တယ်လီနော ဝန်ထမ်းများသည် တယ်လီနော၏ဝန်ဆောင်မှုများကို အသုံးပြုသူများနှင့် ဖြန့်ချီရောင်းချသူများ သိရှိစေ ရန် အတွက် မော်လမြိုင်မြို့နေရာ အနှံ့အပြားတွင် လိုက်လံ ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့အပြင် တယ်လီနော မှ ဆမ်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်သူများကိုလည်း 500 MB အခမဲ့ပေးအပ်ခဲ့ပါသည်။

ထို့အတူ တယ်လီနောက နိုင်ငံတစ်ဝှမ်းကျင်းပနေသည့် ဆမ်းကတ် မှတ်ပုံတင်နေ့များကို ပိုမိုထိရောက်စေရန် တယ်လီနော ဝန်ထမ်း များက  မှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းပြခဲ့ပြီး အသုံးပြုသူများ ချက်ခြင်း မှတ်ပုံတင် သွင်းနိုင်ရန် ကူညီပေးခဲ့ကြပါသည်။ တယ်လီနောသည် သုံးစွဲသူများ၎င်းတို့၏ ဆင်းကတ် များကို လွယ်ကူစွာ မှတ်ပုံတင်နိုင် အတွက် အွန်လိုင်းနှင့် ကိုယ်တိုင် မှတ်ပုံတင်နိုင်သော ချန်နယ်များကို မိတ်ဆက်ပေးထားပြီး ဖြစ်ပါသည်။ ထို့အပြင် လိုအပ်သော အထောက်အထားများနှင့် verification ကုတ်နံပါတ် လက်ခံနိုင်သည့် အသုံးပြုဆဲ ဆင်းကတ်တို့ ရှိပါက မိသားစုဝင်များ၊ မိတ်ဆွေများအတွက်ပါ ကိုယ်စား မှတ်ပုံတင်ပေးနိုင်မည် ဖြစ်သည်။

တယ်လီနောသည် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် လည်း ကရင်ပြည်နယ် ဘားအံမြို့တွင် 4G ကွန်ရက် တိုးချဲ့ဖြန့်ကျက်ခြင်း အထိမ်းအမှတ် အစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

“တယ်လီနောအနေနဲ့ ကတိက၀တ်ထားရှိတဲ့အတိုင်း တယ်လီနော သုံးစွဲသူတွေအနေနဲ့ အကောင်းဆုံး အင်တာနက် အသုံးပြုမှု အတွေ့အကြုံတွေကို အသေအချာ ရရှိနိုင်စေဖို့ မြို့ကြီးတွေနဲ့မြို့ငယ်တွေမှာပါ ကွန်ရက် အရည်အသွေးပိုမို ကောင်းမွန်အောင်နဲ့  4G ကွန်ရက်တိုးချဲ့မှုတွေကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ လာမယ့် လပိုင်း အတွင်းမှာ နောက်ထပ်မြို့တွေမှာလည်း 4G ကွန်ရက်ကို ဆက်လက် တိုးချဲ့သွားဖို့ ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့အနေနဲ့ ထပ်လောင်းပြောကြားလိုတာကတော့ ပိုမိုမြန်နှုန်းမြင့်တဲ့ စွမ်းဆောင်ရည်ရှိပြီး ‘စစ်မှန်တဲ့ 4G’ ၀န်ဆောင်မှု တွေ ပေးအပ်နိုင်ဖို့ရာ 1800 MHz ကြိမ်နှုန်း ပေးအပ်မှုက အလွန်အရေးပါတယ်ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော် တို့အနေနဲ့ အစိုးရနဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို ဆက်လက်ပြုလုပ်နေပြီး လအနည်းငယ်အတွင်းမှာ ထူးခြားမှုတွေ ရှိလာ မယ်လို့လည်း မျှော်လင့်ထားပါတယ်”ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြော ကြားသည်။

ယနေ့အချိန်အထိ တယ်လီနောသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကျော်ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကာ ကွန်ရက်လွှမ်းခြုံမှု၊ အရည်အသွေး ပိုမိုကောင်းမွန်လာရန်နှင့် 4G ဝန်ဆောင်မှုများပေးအပ်သွားနိုင်ရန်အတွက် ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည် ကြောင်းသိရသည်။

 

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Most from this category