နေရောင်ခြည်စွမ်းအင်သုံးပြီး အလိုအလျောက်အားပြန်သွင်းနိုင်တဲ့ အက်ရှင်ကင်မရာ

Feb 05, 2016
0 6

အက်ရှင်ကင်မရာတွေဟာ တော်တော်အသုံးဝင်တဲ့ကင်မရာတွေဖြစ်ပေမယ့်၊ အဓိကပြဿနာတစ်ခုကတော့ ဘက်ထရီသက်တမ်းအကန့်အသတ်ရှိခြင်းဖြစ်ပါတယ်။ အကောင်းဆုံးဆိုတဲ့အက်ရှင်ကင်မရာတွေတောင် ဆက်တိုက်ရိုက်ကူးမယ်ဆိုရင် နာရီအနည်းငယ်သာရိုက်ကူးနိုင်ပြီး နောက်ထပ်ရိုက်ကူးချင်တယ်ဆိုရင် ဘက်ထရီအသစ်လဲပေးဖို့လိုပါလိမ့်မယ်။

ဒီပြဿနာကိုဖြေရှင်းပေးဖို့အတွက် နေရောင်ခြည်စွမ်းအင်သုံးအက်ရှင်ကင်မရာ Activeon Solar X အက်ရှင် ကင်မရာပေါ်ထွက်လာပါပြီ။

Activeon Solar X ဟာ 4K resolution ရှိတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ အက်ရှင်ကင်မရာဖြစ်ပြီး ၂ လက်မအရွယ်ရှိတဲ့ touchscreen မျက်နှာပြင်ပါရှိပါတယ်။ ဓာတ်ပုံ၊ဗီဒီယိုတွေ ကူးပြောင်းဖို့အတွက် Wi-Fi ချိတ်ဆက်နိုင်မှုပါဝင်ပြီး၊ အတွင်းပိုင်းဘက်ထရီသက်တမ်းက နှစ်နာရီခံပါတယ်။

ဒါပေမယ့် Activeon Solar X ကင်မရာဟာ အပြင်ဘက်ထရီကေ့စ်အပေါ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားနှစ်ခုက ရရှိတဲ့ နေရောင်ခြည်စွမ်းအင်ကို အပြင်ဘက်ထရီကေ့စ်မှာ သိုလှောင်ကာ၊ နောက်ထပ် လေးနာရီစာ ထပ်မံရိုက်ကူးနိုင်ပါတယ်။ ဒီ့အပြင် အဆိုပါဘက်ထရီကေ့စ်ဟာ ဖြုတ်တပ်နိုင်တာကြောင့်၊ အသုံးမလိုတဲ့အခါ၊ ဖြုတ်ထားနိုင်ပြီး၊ ဘက်ထရီအားလိုမှ တပ်ဆင်အသုံးပြုနိုင်ပါတယ်။

Solar X ကင်မရာရဲ့ နောက်ထပ်ထူးခြားတဲ့စွမ်းဆောင်ရည်ကတော့ အပြင်ဘက်ထရီကေ့စ် အားကုန်သွားတဲ့အခါမှာ၊ နေရောင်ခြည်ရတဲ့နေရာမှာ ပြန်ထားလိုက်ရုံနဲ့၊ ဘက်ထရီအား ၈၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်းပြန်သွင်းနိုင်တာဖြစ်ပါတယ်။

ခရီးသွားရင်းရိုက်ကူးနေချိန်မှာလည်းအားပြန်သွင်းနိုင်တဲ့ ဒီအမိုက်စား Solar X ကင်မရာကို မတ်လထဲမှာ ၄၅၀ ဒေါ်လာခန့်နဲ့ ၀ယ်ယူရရှိနိုင်မှာပါ။

Ref: Engadget

 

 

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category