0 Shares 392 Views

မြန်မာငွေ ၆ သောင်း တန် ကမ္ဘာ့အသေးငယ်ဆုံး ကင်မရာ ဒရုန်း

Jan 30, 2017
0 392

ကင်မရာတပ်ဆင်ထားတဲ့ ကမ္ဘာ့အသေးငယ်ဆုံး ဒရုန်းတစ်ခု ကို Gadget Store တစ်ခု ကနေ ချပြလိုက်ပြီး ၄၅ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချသွားမယ့် အကြောင်း ပါ တရားဝင်ကြော်ငြာခဲ့ပါတယ်။

အဲဒီ ဒရုန်း ဟာ လူတစ်ယောက် ရဲ့ လက်ဖ၀ါးထဲထည့်ထားမယ် ဆိုပါက ဂတ်စ်မီးခြစ် ရဲ့ ထက်ဝက်အရွယ်လောက်မျှသာ ရှိပြီး ဒရုန်းကို ပေါင်းစပ်ဖွဲ့စည်းဖွဲ့စည်းထားတဲ့ Specs တွေဟာလည်း တော်တော်လေး လန်းတယ် လို့ ပြောလို့ရတဲ့ အနေအထားတစ်ခု ပါ။ ဒရုန်းထဲမှာ 2GB SD card နဲ့အတူတူ ညဖက်ပါ ပျံသန်းနိုင်တဲ့ Night Flying Mode တွေပါ ပါရှိပြီး video တွေကို ဖြစ်ဖြစ် ၊ ဓါတ်ပုံတွေကို ဖြစ်ဖြစ် အကောင်းမွန်ဆုံး Capture လုပ်ပေးနိုင်တဲ့ အရည်အသွေး ရှိပါတယ်။ ညဖက်ပျံသန်းနေချိန်မှာ ရှေ့မြင်ကွင်းအတွက် LED အလင်းရောင် ပါရှိပြီး ရိုက်ယူခဲ့တာတွေကို base ကို ပြန်ပို့တဲ့နေရာမှာလည်း တော်တော်လေး အဆင်ပြေစေတယ် လို့ သိရပါတယ်။

ကနဦး ရောင်းဈေးဟာ ဒေါ်လာ ၅၀ ဖြစ်ပေမယ့် Geeky Store ကနေ အခု ဖေဖော်ဝါရီလအတွင်း ၀ယ်ယူမယ် ဆိုပါက ၂၇ ဒေါ်လာ လောက်သာ ကျသင့်မယ် ဆိုတဲ့အတွက် ကုန်ကျစရိတ် ၊ ပို့ဆောင်ခတွေကို ပိုပိုသာသာလေး ထည့်တွက်မယ် ဆိုရင်တောင်မှာ မြန်မာငွေ ၆၀၀၀၀ နှုန်းလောက် သာ ရှိမယ် လို့ ဆိုပါတယ်။

Ref : GeekyGadgets

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

Most from this category