0 Shares 3685 Views

အင်တာနက်သုံးရတာ တဖြည်းဖြည်း နဲ့ မတန်တော့ဘူး လို့ ပြောတဲ့ ခင်လှိုင်

မကြာခင်မှာ အကယ်ဒမီပေးပွဲကြီး လာတော့မယ်ဆိုတော့ မနှစ်ကအကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရတဲ့ ဟာသ ဝါရင့် သရုပ်ဆောင် ကိုခင်လှိုင်နဲ့တွေ့ဆုံပြီး ဒီနှစ် အကယ်ဒမီ အကြောင်းနဲ့ Smartphone အကြောင်းကို အခုလို မေးမြန်း ဖြစ်ခဲ့ပါတယ်။

Q. လတ်တလော အနုပညာလှုပ်ရှားမှုလေးကို ပြောပြပေးပါလား။
အခုရိုက်နေတဲ့ ဇာတ်ကားက ဒါရိုက်တာ မကြည်ဖြူသျှင် အဲဒီဇာတ်ကားမှာက အဆိုတော်ရူးတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ပွင့်နဲ့ တွဲရမှာပါ။ မင်းသားက အလင်းရောင်၊ မင်းသမီးက စူးရှနိုင် ၊ ကိုဘေ လည်းပါတယ်။ အရွယ်မတူတဲ့ သူငယ်ချင်းသုံးယောက် ပေါင်းဖြစ်ကြတယ်။ ဒီကားက ဟာသဇာတ်လမ်းလေးပါ။

Q. အကယ်ဒမီပွဲလည်းနီးနေပြီးဆိုတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး အစ်ကိုရဲ့ခံစားချက်ကိုပြောပြပေးပါလား။
အကယ်ဒမီကတော့ ဒီနှစ်အားလုံးကိုရစေချင်တယ်။ ကိုယ့်အနေနဲ့ ရစေချင်တာကတော့ မြင့်မြတ်ကို ရစေချင်တယ်။ ဇာတ်ပို့ကို ထွန်းထွန်း ရစေချင်တယ်။ အစ်ကိုအတွက်တော့ လုံးဝကို ရင်မခုန်ဘူး။ အကယ်ဒမီကိုလည်း ခေါင်းထဲမှာ လုံးဝကို မရှိဘူး။စိတ်ထဲ အေးအေးဆေးဆေးပါပဲ။

Q. အကယ်ဒမီစာရင်းထဲမှာ အစ်ကိုကားဘယ်နှစ်ကားလောက်ပါလဲ။
” ခိုး ဆိုး လု နှိုက်” ပါတယ်။ တစ်ခြားကားတွေတော့ မမှတ်မိဘူး။” ခိုး ဆိုး လု နှိုက်” ကတော့ အားလုံးကောင်းတယ် ပြော ပေမယ့် ထွန်းထွန်းက ပိုကောင်းတယ်။ ကိုယ်တွေ ဇာတ်ရုပ်က မိုက်နေတာပဲဆိုတော့ ရနိုင်စရာမရှိဘူး။

Q. ဒီနှစ်မှာလည်း အစ်ကို့ ပရိတ်သတ်က အစ်ကိုအတွက် အကယ်ဒမီ မျှော်လင့်နေတဲ့ အပေါ်ဘာများပြောချင်ပါ သလဲ။
ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ပရိတ်သတ်က ကျွန်တော်ကိုချစ်တော့ ရစေချင်ကြတယ်။ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ အခုအချိန်ထိတော့ သူတို့ မျှော်မှန်းသလို
ဖြစ်မလာသေးဘူး။ တစ်ချိန်တော့ ပြောလို့ မရသေးပါဘူး။ မျှော်လင့်စရာ ကားတွေလည်း အများကြီးရှိပါသေးတယ်။ ကားတိုင်းကို ကျွန်တော် ကြိုးစားထား ပါတယ်။

Q. ဒီနှစ်အကယ်ဒမီပွဲရော တက်ဖြစ်မလား။
တက်ဖြစ်ဖို့က မသေချာသေးပါဘူး။ အရင်တုန်းကလည်း အားမှ တက်ဖြစ်တာများပါတယ်။ မအားရင်လည်း မတက်ဖြစ်ဘူး။ ကျွန်တော့် အလုပ်ပေါ်မူတည်ပါတယ်။

Q. အခု လက်ရှိ အစ်ကိုကိုင်နေတဲ့ ဖုန်း Brand လေးကိုပြောပြပေးပါလား။
အရင်တုန်းကတော့ Android တွေသုံးတယ်။ အခုနောက်ပိုင်းတော့ iphone ပဲသုံးဖြစ်တာများတယ်။ iphone က အရမ်းလည်း save ဖြစ်တယ်။ ဖုန်းပျောက်သွားရင်တောင်  သေချာတယ်။ ပြန်ရတယ်။ သူ Security system က အရမ်းမြင့်တော့ ခိုးသွားလည်း သုံးလိုမရဘူး။ ပိုင်ရှင်တစ်ဦးတည်းက လွဲပြီး password မသိရင် ဘာမှလုပ်လို့ မရဘူးဆိုတော့ အဲဒီတစ်ခုတည်းနဲ့တင် သုံးရတာအဆင်ပြေတယ်။ App တွေဆိုရင်လည်း သူက down ရတာဆိုတော့ ပိုက်ဆံကုန်ပေမယ့် သုံးရတာ ကြိုက်တယ်။

Q. အခုနောက်ပိုင်းအင်တာနက်သုံး ရတာရောလိုင်းအခြေအနေ ဘယ်လိုရှိလဲ။
အရင်ကထက်တော့ ကောင်းလာပါတယ်။ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ မမှီသေးဘူး။ ဘာတွေမှာ သိသာလည်းဆိုတော့ Download ဆွဲတဲ့အခါမှာ အရမ်းသိသာတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ဆီမှာက ငွေဖြတ်တာ အရမ်းများတယ်လိုထင်တယ်။ ကုန်ကျစရိတ် အရမ်းများတယ်။ Movie file လေးတစ်ဖိုင်ကို မဒေါင်းဘဲနဲ့ ကြည့်တာတောင် တော်တော်လေးကုန်တယ်။ အင်တာနက်က တဖြည်းဖြည်း နဲ့ သုံးရတာ မတန်ဘူးလို့ မြင်မိတယ်။

Q. နိုင်ငံခြားသွားတဲ့အခါမှာရော အင်တာနက်သုံးဖြစ်လား။ ဒီမှာသုံးရတာနဲ့ဘာတွေကွာခြားလဲ။
ဟိုရောက်လို့ ဖုန်းကတ် ဝယ်ကတည်းက အင်တာနက် Package ဝယ်ပြီးသုံးတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ တစ်ပတ်လောက်နေမယ်ဆို တစ်ပတ်စာ တစ်ခါတည်းဝယ်ပြီး သုံးတယ်။ တော်တော်သုံးရတယ်။ Movie တွေလည်းအများကြီးကြည့်တယ်။ Download တွေလည်းအများကြီးဆွဲတယ်။ လေဆိပ်ထိတောင် သုံး ရတယ်။ ဒီမှာက တစ်ပတ်စာဝယ်ထားပေမယ့် Download လေး တစ်ခုနှစ်ခုလောက်ဆွဲလိုက်တာနဲ့ ၂ရက် ၃ရက်နဲ့ ကုန်သွားတာတွေရှိတယ်။ Package လိုက်ဝယ်တာဖြစ်တဲ့အတွက် အဲဒီလို မဖြစ်သင့်ဘူး။

Q. Social Media တွေခေတ်စားလာတဲ့အပေါ် အစ်ကိုရဲ့အမြင်ကိုပြောပြပေးပါလား။
ကောင်းတာတွေလည်း အများကြီးရှိသလို၊ မကောင်းတာတွေလည်း အများကြီးရှိတယ်။ နိုင်ငံတစ်ကာလို Cyber Law တွေနဲ့ သွားမယ်ဆိုရင်တော့ ကောင်းပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က အသုံးချခံတွေ အများကြီးဖြစ်တယ်။ အထူးသဖြင့် အနုပညာသမားတွေ အရမ်း အသုံးချခံရတယ်။ ဥပမာဆိုကြပါစို့ …ကျွန်တော် တို့ ဇာတ်ကားတစ်ကား ဒီနေ့စဖြန့်တယ် ဖြန့်ဖြန့်ခြင်းမှာပဲ လိုင်းပေါ်တက်သွားတယ်။ အဲဒီအချိန်မှာ မဖြန့်ရသေးတဲ့ မြို့တွေရှိသေးတော့ အဲချိန်မှာကျွန်တော်တို့ကခံရတာပေါ့နော် ဒီကိစ္စတွေကိုလည်း တာဝန်ယူဖြေရှင်းပေးမယ့်သူ မရှိဘူး။ ကျွန်တော်တို့ ဆုံးရှုံးမှုက ဗီဒီယိုတစ်ကားဆို သိန်း(၁၂၀)လောက် ကုန်တဲ့ကားတွေရှိတယ်။ အဲဒီပေါ်မှာ ဘယ်သူမှ တာဝန်မယူဘူး။ တကယ် တကယ်တော့ Website သမားတွေသာ ပိုက်ဆံရသွားကြတာ ကျွန်တော်တို့တွေကဘာမှမရဘူး။ ဒါတွေက ကျွန်တော်တို့တွေရဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်။ ပရိတ်သတ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တန်တယ်။ ကျွန်တော်တို့အတွက်ကတော့ အရမ်းကိုနစ်နာပါတယ်။

 

 

 

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

Most from this category