8 Shares 1654 Views

အနုပညာသမားအတွက် ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံးရှိသင့်တယ်လိုပြောတဲ့ ခင်ဝင့်ဝါ

အနုပညာလောကထဲကို Miss တစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေ ရနေတဲ့ အနုပညာရှင်တစ်ယောက်နဲ့ မိတ်ဆက် ပေးချင်ပါတယ်။ သူကတော့သရုပ်ဆောင် ခင်ဝင့်ဝါပဲဖြစ်ပါတယ်။ ခင်ဝင့်ဝါ နဲ့တွေ့ဆုံတုန်း သူမရဲ့ အနုပညာအကြောင်းနဲ့  Smartphone အကြောင်းကို အခုလိုမေးဖြစ်ခဲ့ပါတယ်။

Q. လတ်တလော ညီမလေးရဲ့အနုပညာလှုပ်ရှားမှုကိုပြောပြပေးပါလား။
ဒါရိုက်တာ ဦးကျော်ဇော်လင်း ရဲ့ ခြောက်တစ္ဆေ ဆိုတဲ့ဟာသရုပ်ရှင်ကားလေးရိုက်နေပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ ကိုလူမင်း၊ ကိုမင်းမော်ကွန်း၊ ကိုကျော်ကျော်၊ ကိုညီထွဋ်ခေါင်၊ ကိုရဲလေး၊ မယွန်းရွှေရည် တို့ပါဝင်ပါတယ်။

Q. အခုနောက်ပိုင်း ရုပ်ရှင်ကားတွေပဲအရိုက်များတယ်နော်၊ဗီဒီယိုအနေနဲ့ရော လက်ခံထားတာရှိလား။
ဗီဒီယိုအနေနဲ့ လက်ခံထားတာတွေလည်းရှိပါတယ်။ အရင်လိုအများကြီးတော့ မဟုတ်ဘူး။ တစ်လကို တစ်ကားနှစ်ကားလောက် ပဲရိုက်ဖြစ်ပါတယ်။

Q. ဗီဒီယိုတွေထက် ရုပ်ရှင်ကားကြီးတွေ ပို့ရိုက်နေရမှာပေါ့နော်။
ရုပ်ရှင်တွေတော့ ပိုရိုက်ရပါတယ်။ ညီမက အများကြီးတော့ မရိုက်ဖြစ်ဘူး။ ကိုယ်အတွက်လည်း လုပ်ကွက်ရှိ မယ်၊အဆင်ပြေတယ်ဆိုရင်တော့ လက်ခံ ဖြစ်ပါတယ်။ လာကမ်းလှမ်းပေမယ့် ညီမအတွက်လုပ်ကွက်မရှိရင် မရိုက်ဖြစ်ပါဘူး။

Q. ချစ်သူများနေ့ရောက်တော့မယ် ဆိုတော့ ဘာအစီအစဉ်တွေ ရှိလဲ။
ထွေထွေထူးထူးမရှိပါဘူး။ ချောကလက်တွေ၊ ပန်းစည်းတွေလည်း နှစ်တိုင်းမရဖူးပါဘူး။ အဲဒီတော့ ဒီနှစ်လည်းမမျှော်လင့်ပါဘူး။ ကိုယ်ဘာသာ ကိုယ်ပဲ ဝယ်စား ရမှာပါ။

Q. အခုနောက်ပိုင်းအနုပညာရှင်တွေ အချစ်ရေးကို ပွင့်ပွင့်လင်းလင်းပြောလာကြတယ်။ ညီမလေးရဲ့ လက်ရှိအချစ်ရေးကရော…?
အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ပြောပြလိုရတဲ့အခြေနေရောက်ရင်တော့ ပြောပြမှာပါ။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် ညီမလေးရဲ့အမြင်ကို ပြောပြပေးပါလား။
ပရိတ်သတ်တွေကို Message ပေးတဲ့ မီဒီယာတွေရှိတယ်။ အခုလတ်တလောမှာဖြစ်နေတဲ့ YBS နဲ့ ပတ်သက်ပြီး အခက်ခဲဖြစ်နေတာတွေအတွက် Page တွေရော App တွေရောထွက်လာတယ်။ ပရိတ်သတ် တွေအတွက်ရော ပြည်သူတွေအတွက်ရော အနုပညာရှင်တွေအတွက်ရော အကျိုးရှိမယ့် ဆိုရှယ်မီဒီယာတွေ ရှိလာရင်တော့ အကောင်းဆုံးပေါ့နော်.. အခုဆိုရင်အနုပညာလောကမှာ အခက်ခဲလေးတွေအနည်းငယ် ရှိလာကြတယ်။ ပြီးတော့ တချို့တွေဆိုရင်လည်း မကောင်းရေးတာ တွေရှိတယ်။ အဓိကကတော့ အနုပညာသမား ဆိုတာ ပရိတ်သတ်တွနဲ့ အမြဲတမ်းထိတွေ့နေရတဲ့သူတွေဖြစ်တယ်။ အဲဒီအတွက် မီဒီယာဆိုတာ အနုပညာရှင် တွေနဲ့ ပရိတ်သတ်ကို ပေါင်းကူးပေးမယ့်တံတားလေး ဖြစ်နေရင်တော့ အကောင်းဆုံးပေါ့နော်။

Q. အခုညီမလေးကိုင်ထားတဲ့ ဖုန်းBrand တွေကိုပြောပြပေးပါလား။
ညီမအခု Oppo F1S လေးကိုင်ထားပါတယ်။ ဒီဖုန်းလေးက ကင်မရာ အရမ်းကောင်းတယ်။ ညီမတို့အတွက် ကတော့ ကင်မရာကောင်းတဲ့ ဖုန်းတစ်လုံး ရှိသင့်တယ် လို့ ထင်တယ်။

Q. ဖုန်းကိုတစ်နေ့တာမှာ ဘာအတွက်သုံးဖြစ်လဲ။
ညီမဖုန်းထဲမှာ ဂိမ်းတွေ၊ ဘုရားစာတွေထည့်ထားတယ်။ အားရင် ဘုရားစာရွတ်တယ်။ ပြီးရင် ဂိမ်းဆော့တယ်၊ Facebook သုံးတယ်။ ဒါကညီမ တစ်နေ့တာ သုံးနေကျပေါ့နော်။

Q. ဂိမ်းကဘာဂိမ်းတွေ ဆော့ဖြစ်လဲ။
ညီမက Mini game လေးတွေပဲဆော့တာပါ။ ဂိမ်းဆော့တာ အစွဲတော့မရှိ ဆော့လို့ ကောင်းတဲ့ဂိမ်းဆို ဆော့တယ်။

Q. အင်တာနက်သုံးရတာရော လိုင်းကောင်းလား။
လိုင်းကတော့တစ်ခါတစ်လေ ကောင်းတယ်။ တစ်ခါတစ်တလေလည်း သုံးရတာအဆင်မပြေဘူး။

Q. အင်တာနက်သုံးတဲ့အခါ Package တွေဝယ်သုံးဖြစ်လား။
အဲလိုတော့မသုံးဖြစ်ဘူး။ ပုံမှန်နှုန်းအတိုင်းပဲ သုံးဖြစ်ပါတယ်။

 

 

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
522 shares94 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category