0 Shares 252 Views

Tizen OS နဲ့ ထုတ်လုပ်မယ့် ဆမ်ဆောင်း ရဲ့ တန်ဖိုးနည်း စမတ်ဖုန်း

Jan 30, 2017
0 252

ဆမ်ဆောင်းဟာ အခုလက်ရှိအချိန်မှာ Code Name အနေနဲ့ Pride လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိနေပြီး OS အနေနဲ့ Tizen 3.0 ကို သုံးစွဲသွားမယ် လို့ သိရပါတယ်။

Pride ဖုန်း ကို Version အနေနဲ့ Samsung SM-Z250F လို့လည်း သိထားကြပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်း က ထုတ်လုပ်ခဲ့တဲ့ Samsung Z2 ဖုန်းအမျိုးအစားကို ထပ်ပြီး အဆင့်မြှင့်တင်သွားမှာ ဖြစ်တယ် လို့ အကြမ်းဖျင်းအားဖြင့် သထားကြပါတယ်။

ဆမ်ဆောင်း Z2 ဟာ ပြီးခဲ့တဲ့ သြဂုတ်၊ ၂၀၁၆ ခုနှစ် က ထုတ်လုပ်ခဲ့ပြီး အိန္ဒိယဈေးကွက်အတွက် တန်ဖိုးနည်း စမတ်ဖုန်းတစ်ခု အဖြစ် ဈေးကွက်ဝင်ဖို့ လျာထားခဲ့ပေမယ့် ထင်သလလောက် မဖြစ်ထွန်းခဲ့ဘဲ သူ့နောက်ပိုင်းမှာ လိုက်ပြီး ထုတ်လုပ်တဲ့ J Generations ကသာ ဈေးကွက်ဝေစု အတန်အသင့် ရရှိသွားခဲ့ပါတယ်။ Z2 မှာ 4.0″480×800 pixels, 5MP 720p , 1GB RAM Spreadtrum SC9830 , 1500mAhLi-Ion တို့ပါရှိခဲ့ပြီး Tizen OS 2.4 ကို သုံးစွဲထားခဲ့တာ ဖြစ်ပါတယ်။ အခု တစ်ခေါက်ထပ်ပြီး အဆင့်မြှင့်တင် ထုတ်လုပ်မယ့် Tizen OS 3.0 အတွက်ကိုတော့ တန်ဖိုးနည်းစမတ်ဖုန်း တွေထဲမှာ တော်တော်လေး အဆင့်မြင့်တဲ့ စမတ်ဖုန်းတစ်ခု အဖြစ် ၀င့်ကြွားနိုင်အောင် ကြိုးစားသွားမယ် လို့ ကုမ္ပဏီ က ဆိုထားပါတယ်။

Ref : GekyGadget

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category