0 Shares 106 Views

တက်ဘလက်များအတွက် Bluetooth Keyboard

Jan 29, 2017
0 106

တက်ဘလက်ကွန်ပြူတာများဟာ ကျစ်လစ်ပြီး ပေါ့ပါးပါတယ်။ သီချင်း နားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ခြင်းများ အတွက် နေရာမရွေး ယူဆောင် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကီးဘုတ်မပါတဲ့အတွက် အလုပ်ကိစ္စများအတွက်တော့ တက်ဘလက်များဟာ လက်တော့များ၊ ဒတ်စတော့များလောက် အသုံး မ၀င်ပါဘူး။ တက်ဘလက်များကို လက်တော့လို အသုံးပြုနိုင်ဖို့အတွက် Anker Bluetooth Ultra-Slim Keyboard ကို မိတ်ဆက်လိုက်ပါတယ်။

Amazon မှာ ၁၄ ဒေါ်လာဖြင့် ရောင်းချပေးနေပြီး Bluetooth ဆက်သွယ်မှုဖြင့် တက်ဘလက်နဲ့ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။ Apple , Windows, Android Tablet အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ကီးဘုတ်ရဲ့ အရှည်မှာ ၁၁ လက်မ ဖြစ်ပြီး အထူမှာ ၀.၇ လက်မ ဖြစ်ပါတယ်။ ၆.၇ အောင်စ အလေးချိန်ရှိပါတယ်။ ကီးဘုတ်ကို နေရာမရွေး ယူဆောင် အသုံးပြုနိုင်ပါတယ်။

ကီးဘုတ်မှာ iOS , Android , Windows Mobile Operating System များအတွက် Shortcut Keys များကို ထောက်ပံ့ပါတယ်။ Media Player များကို ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ထိန်းချုပ်နိုင်ပါတယ်။ AAA Battery ၂ လုံးကို ကီးဘုတ်မှာ ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

ကီးဘုတ်ကို Apple iPads , Samsung Galaxy Tabs, Android Devices , Windows Tablets များနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Amazon Kindle Fire Tablets များနဲ့လည်း တွဲဖက် အသုံးပြုနိုင်တယ်လို့ သုံးစွဲသူများက ပြောကြပါတယ်။ ဒါပေမယ့် OS X EI Capitan နဲ့တော့ တွဲဖက် သုံးလို့ မရပါဘူး။

ref : digital trends

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Most from this category