0 Shares 323 Views

Alcatel က MWC မှာ စမတ်ဖုန်း အသစ် ၅ လုံးကို မိတ်ဆက်မည်

Jan 29, 2017
0 323

ဖေဖော်ဝါရီလမှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) မှာ Alcatel က စမတ်ဖုန်း အသစ် ၅ လုံးကို မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အဆိုပါ စမတ်ဖုန်းများထဲမှ တစ်လုံးဟာ အစိတ်အပိုင်းများကို ဖြုတ်၊ တပ် လဲလှယ်နိုင်တဲ့ Modular စမတ်ဖုန်း ဖြစ်မယ်လို့ သိရပါတယ်။ သူ့ရဲ့ အနောက်ကာဗာကို ဖြုတ်၊ တပ် ၍ အခြား စွမ်းရည်များ ပါတဲ့ အစိတ်အပိုင်းများကို တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Modular Smartphone တစ်လုံးဖြစ်တဲ့ LG G5 ကတော့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

Alcatel ရဲ့ Modular Smartphone မှာ ဘယ်လို စွမ်းရည်များကို ထည့်သွင်း အသုံးပြုနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ စမတ်ဖုန်းရဲ့ အနောက်ကာဗာမှာ LED မီးသီးလေးများ တပ်ဆင်ထားပြီး သီချင်း အပေါ် မူတည်၍ အရောင်များ ပြောင်းလဲပြသပေးပါတယ်။ အဲဒီဖုန်းရဲ့ အနောက်ဘက်မှာ Dual-Tone LED Flash တစ်လုံး တပ်ဆင်ထားတာကို ဓါတ်ပုံမှာ တွေ့ရှိရပါတယ်။ အနောက် ကင်မရာကတော့ 13MP ဖြစ်ပါတယ်။ Octa-Core MediaTek Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းမှာ ယူရို ၃၂၀ ၀န်းကျင် ဖြစ်နိုင်ပါတယ်။ Alcatel ရဲ့ စမတ်ဖုန်း အသစ်များနဲ့ ပတ်သက်ပြီး အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။

ref : gsm arena

You may be interested

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ
FEATURES, Softwares & Application
0 shares0 views

လူသိနည်းတဲ့ Google ရဲ့ အလန်းစား App များ

Ko Thuya - Jun 20, 2018

Google ရဲ့ Gmail, Maps စတဲ့ Apps များကိုတော့ စာဖတ်သူများ သိရှိကြပါတယ်။ ဒါပေမယ့် Google ဟာ Android Apps များစွာကို ဖန်တီးပေးထားပါတယ်။ အဲဒီအထဲကမှ သင် မသိတဲ့ Google ရဲ့ အကောင်းစား Android…

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ
Mobiles & Tablets, NEWS
177 shares35 views

Xiaomi Mi 8 နဲ့ Mi 8 SE အတွက် MIUI 9.5 ROM ရပြီ

Ko Thuya - Jun 20, 2018

Xiaomi က Mi 8 နဲ့ Mi 8 SE တို့ရဲ့ China Stable Version များအတွက် MIUI 9.5 ROM ကို ဖြန့်ချီပေးလိုက်ပါတယ်။ သူတို့ရဲ့ ဗားရှင်းအမည်များကတော့ V9.5.6.0 (OEACNFA) နဲ့…

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds
Uncategorized
98 shares46 views

Steam မှာ $19.99 ထိဈေးလျှော့ပေးလိုက်တဲ့ PlayerUnknown’s Battlegrounds

Nwe Oo - Jun 20, 2018

[Zawgyi] PUBG Corp. ကတော့ စထွက်ကတည်းက ခုချိန်ထိ PlayerUnknown’s Battleground ဂိမ်းကိုဆော့နေတဲ့သူပေါင်း သန်း ၄၀၀ ရှိနေပြီလို့ ဖော်ပြလိုက်ပါပြီ။ တစ်လတစ်လကို Log in ဝင်ဆော့တဲ့သူပေါင်း ၂၂၇သန်းလောက်တောင်ရှိနေပြီး ဒီထက်ပိုများလာဖို့အတွက် အခုဆို Steam မှာ $29.99…

Most from this category