0 Shares 77 Views

Virtual Reality နည်းပညာဖြင့် လေ့ကျင့်ပေးနေတဲ့ ဘေ့စ်ဘောကစားသမားများ

Jan 29, 2017
0 77

ဘေ့စ်ဘော အားကစားနည်းမှာ ဘောလုံးကို တုတ်ဖြင့် ရိုက်ရတဲ့ အားကစားသမားများဟာ အဓိကကျပါတယ်။ အဲဒီ ကစားသမားများကို အကောင်းဆုံး လေ့ကျင့်ပေးဖို့ Virtual Reality နည်းပညာကို အသုံးပြုလာကြပါပြီ။ TrinityVR က DiamondFX ပလက်ဖောင်းကို ဖန်တီးပေးလိုက်ပြီး ဘေ့စ်ဘော ကစားသမားများက ဘောလုံးရိုက် လေ့ကျင့်နိုင်ကြမှာဖြစ်ပါတယ်။

လေ့ကျင့်မယ့် ကစားသမားများဟာ HTC Vive VR Headset ကို ၀တ်ဆင်ထားရမှာ ဖြစ်ပြီး Sportvision ရဲ့ PITCHf/x Data များကို အသုံးပြုထားကြပါတယ်။ PITCHf/x စနစ်က ဘောလုံးရဲ့ အမြန်နှုန်း၊ လမ်းကြောင်း၊ ပစ်လွှတ်တဲ့ နေရာ၊ ကွေ့ကောက်တဲ့ လမ်းကြောင်းများကို တိုင်းတာတွက်ချက်ထားတာ ဖြစ်ပါတယ်။ အဲဒီဒေတာများကို အသုံးပြု၍ DiamondFX က ကစားသမားများအား ဂိမ်းကစားသလို သင်ကြားပေးမှာ ဖြစ်ပါတယ်။

Vive Headset မပေါ်ခင်တုန်းကတော့ ဘေ့စ်ဘော ကစားသမားများဟာ Controller များကို အသုံးပြု၍ လေ့ကျင့်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် Virtual Reality နည်းပညာဟာ အဲဒီ နည်းလမ်းများထက် များစွာ အစွမ်းထက်ပါတယ်။

Virtual Reality နည်းပညာဖြင့် လေ့ကျင့်တဲ့အခါမှာ ဘောလုံးကို ရိုက်မိတဲ့ ဒေတာများကို အချိန်နဲ့တစ်ပြေးညီ ပြသပေးပါတယ်။ အဲဒီဒေတာများထဲမှာ ရိုက်တံရဲ့ အမြန်နှုန်း၊ လွှဲရိုက်တဲ့ ထောင့်၊ လွှဲရိုက်တဲ့ အရှိန်များ ပါဝင်ပါတယ်။ လက်ရှိမှာ TrinityVR က Major League Baseball ပြိုင်ပွဲများမှာ သူတို့ရဲ့ နည်းပညာကို အသုံးပြုဖို့ ကြိုးစားနေပါတယ်။

ref : digital trends

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
434 shares74 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category