0 Shares 201 Views

Seagate က 16TB Hard Drive ကို လာမယ့် နှစ်မှာ ရောင်းချမည်

Jan 29, 2017
0 201

ယခင်နှစ်မှာ Seagate က 10TG Hard Drive ကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ Seagate က လာမယ့် နှစ်မှာ 16TB Hard Drive ကို မိတ်ဆက်မယ်လို့ Geek.com က ရေးသားထားပါတယ်။ Seagate က 60TB Solid State Drive ကို ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ့် 16TB Hard Drive ဟာ ထွက်ရှိဖူးသမျှ Magnetic Disk Drive ထဲမှာ ပမာဏ အများဆုံး ဖြစ်ပါတယ်။

Seagate ရဲ့ 16TB Hard Drive ဟာ ၃.၅ လက်မ အရွယ်ဖြစ်တဲ့အတွက် ဒတ်စတော့ ကွန်ပြူတာများမှာသာ တပ်ဆင် အသုံးပြုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်မှာ Seagate က ထုတ်လုပ်ရောင်းချခဲ့တဲ့ 10TB Hard Drive ရဲ့ ဈေးနှုန်းဟာ ၅၃၄.၉၉ ဒေါ်လာ ဖြစ်တဲ့အတွက် လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် 16TB Hard Drive ရဲ့ ဈေးနှုန်းဟာလည်း အဲဒီဈေးနှုန်းထက် ကြီးမားမှာ ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချမယ့် 16TB Hard Drive ကို မစောင့်နိုင်ရင် နေအိမ်သုံး ကွန်ပြူတာများမှာ တပ်ဆင်နိုင်တဲ့ ဒေါ်လာ ၁၀၀၀၀ တန် Samsung ရဲ့ 15.36TB SSD ကို ရွေးချယ်နိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

ref : the verge

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Most from this category