0 Shares 28 Views

ကိုယ် Facebook မှာ တင်သမျှအရာတွေကို မမြင်စေချင်တဲ့သူတွေ မမြင်အောင် ဘယ်လိုလုပ်မလဲ

Feb 05, 2016
0 28

Facebook ဟာ သတင်းအချက်အလက်၊ဗဟုသုတတွေကို ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မျှဝေတာ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့အတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်၊ ကိုယ် တင်သမျှဓာတ်ပုံ၊ ကိုယ်ရေးသမျှ စာတွေကို မမြင်စေချင်တဲ့လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ရည်းစားဟောင်းပဲဖြစ်ဖြစ်၊ ကိုယ်နဲ့မျက်နှာကြောမတည့်သူပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ်၊ ကိုယ် Facebook မှာ တင်သမျှ၊ လုပ်သမျှ တွေကို သူတို့မမြင်စေချင်ဘူးဆိုရင်၊ သင့်ရဲ့ status update တွေကို သူတို့မမြင်ရအောင်လုပ်နည်းရှိပါတယ်။ နိုး – Unfriend လုပ်စရာမလိုပါဘူး။ ဒါဆို သူတို့သိသွားမှာပေါ့။

၁။ ဒီနည်းလမ်းကတော့ ပထမဆုံး၊ သင့် status တွေကို မမြင်ရအောင်လုပ်ချင်တဲ့ လူတစ်ယောက်ယောက်ရဲ့ ပရိုဖိုင်ကိုသွားပါ။

၂။ ထို့နောက်၊ ကာဗာဖိုတိုအောက်နားက ‘Friends’ ဆိုတဲ့နေရာကို ထောက်လိုက်ရင်၊ စာရင်း list box တစ်ခုကျလာပါမယ်။ ‘Add to another list’ ဆိုတာ ရွေးလိုက်ရင် နောက်ထပ်စာရင်းတစ်ခုကျလာပါမယ်။

 

Screen-Shot-2016-02-03-at-22

 

၃။ အောက်နားက ‘Restricted’ ဆိုတဲ့နေရာကို အမှန်ခြစ်ပေးလိုက်ရင်၊ သူဟာ သင်တင်သမျှ ပို့စ်တွေ၊ စတေတပ်တွေကို မြင်ရမှာမဟုတ်တော့ပါဘူး။

  • သတိပြုရာမှာက၊ သင်ဟာ Privacy ကို ‘Public’ လုပ်ပြီး အကုန်မြင်ရအောင်တင်မယ်ဆိုရင်တော့၊ သူကော၊ သင့်သူငယ်ချင်းမဟုတ်သူတွေပါ မြင်ရပါလိမ့်မယ်။ ‘Friend’ လို့ပဲ ရွေးထားရင်တော့ သူက ကိုယ့် Friend ဖြစ်နေရဲ့သားနဲ့၊ ‘Restricted’ ကန့်သတ်စာရင်းထဲပါသွားတာကြောင့် သင်တင် တာတွေကို မြင်ရမှာမဟုတ်ပါဘူး။

ဒါဟာ ကွန်ပြူတာဘရောက်ဇာကနေလုပ်နည်းဖြစ်ပြီး၊ စမတ်ဖုန်းတွေမှာဆိုရင်တော့၊

၁။ကိုယ် Restrict လုပ်ချင်သူရဲ့ ပရိုဖိုင်ကို ၀င်ပါ။

၂။အမှန်ခြစ်ပြထားတဲ့ Friends ဆိုတဲ့နေရာကို နှိပ်လိုက်ပြီး Edit Friend List ဆိုတာကို ထပ်နှိပ်ပါ။

၃။ဒီအခါ List တစ်ခုပေါ်လာမှာ ဖြစ်ပြီး အောက်ဆုံးက Restricted ဆိုတာကို ရွေးပေးလိုက်ရင် အမှန်ခြစ်ပေါ်လာပါလိမ့်မယ်။

အထက်ဖော်ပြပါနည်းနဲ့၊ သင်တင်သမျှတွေကို မမြင်စေချင်တဲ့လူတွေကို မမြင်ရအောင် ‘Restricted’ လုပ်ပြီး တားဆီးနိုင်ပါတယ်။

Ref: Mirror

 

 

You may be interested

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
0 shares0 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။
FEATURES, Pc & Laptops, Softwares & Application
119 shares30 views

Computer အသစ်မှာ Programs တွေအမြန်ဆုံး Install လုပ်ပြီးအသုံးပြုနိုင်မယ့်နည်းများ။

Ko Thuya - Feb 19, 2018

Smartphones,Tablets,Macs,Linux မှာ Programs တွေကိုလျှင်လျှင်မြန်မြန် အင်စတောလုပ်နိုင်ပေမယ့် Windows မှာ Programs တွေကို အင်စတောလုပ်ရတာ အနည်းငယ်အလုပ်ရှုပ် ပါတယ်။ Windows မှာ Programs တွေကို အင်စတောလုပ်ရင် Wizard တွေကိုတွေ့ မြင်ရမှာဖြစ်ပြီးတစ်ဆင့်ချင်းလုပ်ဆောင်ရတာဖြစ်ပါတယ်။ကွန်ပြူတာအသစ်ဝယ်လို့ ပဲဖြစ်ဖြစ် ၊၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်…

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ
Mobiles & Tablets, NEWS, Nokia
283 shares329 views

Nokia 10 နဲ့ပတ်သတ်တဲ့ specification များ

Ko Thuya - Feb 19, 2018

[Zawgyi] လာမယ့် MWC 2018 ပွဲအတွက် HMD က အားလုံးအံ့အားသင့်သွားစေမယ့်အရာတစ်ခု မိတ်ဆက်မယ်လို့ ကြေညာခဲ့ပြီးသားပါ။ ဒီပွဲမှာ ဖုန်းပေါင်းများစွာပြသမှာဖြစ်ပြီး Nokia 4, Nokia 5 2018, Nokia 7 Plus နဲ့ Nokia 6…

Most from this category