0 Shares 109 Views

Google Home အတွက် Tips & Tricks များ

Jan 29, 2017
0 109

Google Home ဟာ Google Search ပဲပါတဲ့ သာမာန် စပီကာ မဟုတ်ပါဘူး။ သူကနေ သင့်ရဲ့ စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်ခြင်း၊ စမတ်တီဗီမှာ ရုပ်ရှင်ဖွင့်ခြင်း၊ ဒတ်စတော့ စပီကာ အဖြစ် သုံးနိုင်ခြင်း အပြင် များစွာသော အလုပ်များကို လုပ်ပေးနိုင်ပါတယ်။ သူ့မှာ Google Assistant လို့ ခေါ်တဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားပါတယ်။ ဒီလို အစွမ်းထက်တဲ့ ဥာဏ်ရည်မြင့် စပီကာကို အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

Google Assistant ကို ဆင့်ခေါ်ခြင်း

Google Assistant ကို ဆင့်ခေါ်ဖို့ အသံအမိန့် ၂ ခု ရှိပါတယ်။ “ Ok Google “ နဲ့ “ Hey Google “ ဖြစ်ပါတယ်။ Google Home ကို အသုံးပြုချင်တိုင်း အဲဒီ အသံအမိန့် ၂ ခု ထဲမှ ၁ ခုကို သုံးရမှာပါ။

Settings နဲ့ Preference များကို ချိန်ညှိခြင်း

စမတ် စပီကာနဲ့ တွဲဖက် သုံးနိုင်တဲ့ Google Home Mobile App ကို ဖန်တီးပေးထားပါတယ်။ Google Home App ကို ဖွင့်ပြီး ဘယ်ဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပါ။ More Settings ထဲသွားပါ။ အဲဒီမှာ တည်နေရာ ညွှန်ပြမှုများ၊ ရာသီဥတု သတင်းအချက်အလက်များအတွက် သင့်ရဲ့ အိမ်လိပ်စာကို ထည့်နိုင်ပါတယ်။ Personal Info မှာ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်က သင့်ကို မှတ်သားထားမယ့် သင့်ရဲ့ အမည်ကို သတ်မှတ်နိုင်ပါတယ်။ Preferences ထဲမှာ သင့်ရဲ့ စမတ်လေအေးပေးစက်အတွက် သင်လိုချင်တဲ့ အပူချိန်ကို သတ်မှတ်နိုင်ပါတယ်။ News & My Day မှာ သင်နှစ်သက်တဲ့ သတင်းဌာနများကို ထည့်သွင်းနိုင်ပါတယ်။

Third-Party Services များနဲ့ ချိတ်ဆက်ပါ။

Google Home ကို Third-Party Service or Apps များနဲ့ ချိတ်ဆက်ရင် အလုပ်များ ပိုမိုလုပ်နိုင်မှာပါ။ Home App> More Settings>Services ထဲမှာ ချိတ်ဆက်နိုင်တဲ့ Apps များကို တွေ့ရမှာပါ။ နှစ်သက်တဲ့ Apps များကို ရွေးချယ်ပါ။ ပြီးရင်တော့ Pandora, TuneIn, Google Music, Spotify, YouTube, Netflix တို့မှ သီချင်း၊ ဗီဒီယို ၊ ရုပ်ရှင်များကို ကြည့်ဖို့ စပီကာကို အသံအမိန့်နဲ့ ခိုင်းစေနိုင်ပါတယ်။ Uber အငှားယာဉ်ခေါ်ဖို့တောင် သုံးနိုင်ပါတယ်။ Nest, Philips Hue Lights , Smart Things တို့ရဲ့ စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ သူဟာ Cast ကိုတောင် ထောက်ပံ့တဲ့အတွက် Chromecast နဲ့တွဲသုံးရင် တီဗီမှာ သီချင်း၊ ဗီဒီယိုများကို ကြည့်ရှုနားဆင်နိုင်ပါတယ်။

လက်ဖြင့် ထိန်းချုပ်ပါ။

အသံအမိန့်အပြင် သူ့ကို လက်ဖြင့် ထိန်းချုပ်နိုင်ပါတယ်။ စပီကာရဲ့ ထိပ်ကို တစ်ချက်ထိရင် သူ့ကို ပါဝါဖွင့်ပေးခြင်း၊ သီချင်း ဖွင့်ခြင်း၊ သီချင်းရပ်ထားခြင်း စတာတွေ လုပ်နိုင်ပါတယ်။ လက်နဲ့ ပွတ်ဆွဲရင် အသံ အတိုး၊ အကျယ် ချိန်ညှိနိုင်ပါတယ်။

Google Search ကို သုံးပါ။

Google Home ဟာ အခြေခံအားဖြင့် Google Search ဖြစ်ပါတယ်။ သင်သိချင်တဲ့ အကြောင်းအရာများကို မေးနိုင်ပါတယ်။ သူ့ကို Follow-Up Questions များကိုတောင် မေးနိုင်ပါတယ်။

ရုပ်ရှင်နဲ့ သီချင်းများကို တီဗီမှာ ကြည့်ပါ။

သင့်မှာ Chromecast ရှိရင် Home App ရဲ့ More Settings ထဲသွားပါ။ TVs and Speakers ကို နှိပ်ပါ။ ညာဘက်အောက်ခြေမှ Plus Sign ကို နှိပ်ပါ။ Home App က တူညီတဲ့ ၀ိုင်ဖိုင် ကွန်ရက်ထဲမှ Chromecast တပ်ဆင်ထားတဲ့ တီဗီကို ရှာဖွေမှာပါ။ ချိတ်ဆက်ပြီးရင်တော့ Netflix မှ ရုပ်ရှင်နဲ့ တီဗီရှိုးများ၊ YouTube Videos များကို တီဗီမှာ ကြည့်နိုင်ပါပြီ။

Home App ရဲ့ Settings> More Settings> Videos and Photos မှာ Netflix လို Third-Party Apps များနဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။ ပြီးရင်တော့ “Okay Google, play House of Cars from Netflix on TV” လို့ ပြောလိုက်တာနဲ့ အဲဒီ တီဗီရှိုးကို တီဗီမှာ ပြပေးမှာပါ။

ဒတ်စတော့ စပီကာ အစား သုံးပါ။

Chrome Browser မှ Google Cast ခလုတ်ကို နှိပ်ပြီး Google Home ကို ရွေးပေးလိုက်တာနဲ့ ကွန်ပြူတာမှ အသံများကို စမတ်စပီကာကနေ ဖွင့်ပေးမှာ ဖြစ်ပါတယ်။

သင့်ဖုန်းကို ရှာပါ။

Google Home က သင့်ဖုန်းကိုတောင် ရှာပေးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ စမတ်စပီကာကို IFTTT ၀န်ဆောင်မှုနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဖုန်းပျောက်သွားရင် “ Okay Google, find my phone “ လို့ ပြောလိုက်တာနဲ့ သင့်ဖုန်းတည်နေရာကို သူက ပြောပြမှာပါ။

ref : pocket lint

You may be interested

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ
Apple, HUBS, Mobiles & Tablets
0 shares0 views

Apple က iPhone Crash Bug ကို ပြုပြင်ပေးတဲ့ iOS 11.2.6  ကို ဖြန့်ချီ

Ko Thuya - Feb 20, 2018

  Apple က စာလုံးတစ်လုံးထဲဖြင့် iPhone များကို Crash ဖြစ်စေတဲ့ Bug ကို ပြုပြင်ပေးတဲ့  Update ကို ဖြန့်ချီပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းက အိန္ဒိယ ဘာသာစကား တီလူဂါမှ အက္ခရာတစ်ခုဟာ iPhone System နဲ့…

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ
Google, HUBS, NEWS
0 shares0 views

Google က နှလုံးရောဂါကို ကြိုတင်ခန့်မှန်းဖို့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေ

Ko Thuya - Feb 20, 2018

  နည်းပညာ ဘီလူးကြီး Google က ဥာဏ်ရည်တု နည်းပညာကို ကဏ္ဍပေါင်းစုံမှာ အသုံးချဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီ အသစ်ဖန်တီးထားတနဲ့ AI Program က လူတွေရဲ့ မျက်လုံးမှ အဓိက အကြောင်းအရာများကို ရှာဖွေခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ လူသား …

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+
Android, HUBS, Mobiles & Tablets
181 shares521 views

Geekbench မှာ ရမှတ် စံချိန်တင်သွားတဲ့ Samsung Galaxy S9+

Ko Thuya - Feb 20, 2018

လာမယ့် တနင်္ဂနွေနေ့မှာ ဆမ်ဆောင်းက Galaxy S9 , Galaxy S9+ စမတ်ဖုန်းများကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းအချက်အလက်များဟာလည်း များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Exynos ပါတဲ့ S9 ရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးထားတဲ့ ရလဒ်များဟာ…

Most from this category