0 Shares 16 Views

မျက်နှာမှတ်သားတဲ့ နည်းပညာပါတဲ့ ကင်မရာများကို New York City ရှိ တံတားနဲ့ လှိုဏ်ခေါင်းများမှာ တပ်ဆင်မည်

Jan 29, 2017
0 16

နယူးယောက် မြို့တော်ဝန်က ယခင်နှစ်မှာ New York City ရှိ တံတားများနဲ့ လှိုဏ်ခေါင်းများမှာ မျက်နှာမှတ်သားတဲ့ နည်းပညာပါတဲ့ ကင်မရာများကို တပ်ဆင်မယ်လို့ ကြေညာခဲ့ပါတယ်။ အခုလို အသွင်ကူးပြောင်းခြင်းဟာ ပြည်နယ်ရဲ့ ဒေါ်လာ ၁၀၀ ဘီလီယမ်တန် အခြေခံ အဆောက်အဦး တည်ဆောက်ရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ယခုလို ကင်မရာများ တပ်ဆင်ခြင်းဖြင့် မြို့ကို ၀င်ထွက်သွားလာသူ အားလုံးကို မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ဖြစ်ပေမယ့် ပြည်သူပြည်သားများရဲ့ Privacy ကို ထိခိုက်တယ်လို့ ထောက်ပြမှုများလည်း ရှိနေပါတယ်။ ကင်မရာများက အကြမ်းဖက်သမားများကို စစ်ဆေးပေးနိုင်ပြီး တွေ့ရှိပါက အာဏာပိုင်များအား အသိပေးမှာ ဖြစ်ပါတယ်။

လုံခြုံရေး ကင်မရာများက ကားနံပါတ်များကိုလည်း မှတ်သားထားနိုင်ပါတယ်။ New York City မှာ နေ့တိုင်း ကားပေါင်း ၈၀၀ ၀၀၀ လောက် သွားလာနေကြတယ်လို့ သိရပါတယ်။ ကင်မရာများက ကားပေါ်မှာ ပါလာတဲ့ လူများရဲ့ မျက်နှာများကိုတောင် ခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ သိရပါတယ်။

ref : mashable

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category