0 Shares 280 Views

နေအိမ်မှာပင် အမျိုးသား သုတ်ပိုး စစ်ဆေးပေးမယ့် Yo

Jan 29, 2017
0 280

Yo ဆိုတဲ့ ကိရိယာက အမျိုးသားများ မျိုးအောင် မလား၊ မအောင်ဘူးလားဆိုတာကို နေအိမ်မှာပဲ စစ်ဆေးနိုင်မယ့် ကိရိယာ ဖြစ်ပါတယ်။ သူ့မှာပါတဲ့ ကင်မရာကို စမတ်ဖုန်းမှာ တပ်ဆင်လိုက်ရင် အဏုကြည့်မှန်ဘီလူး အဖြစ်ပြောင်းလဲပေးပြီး အမျိုးသား သုတ်ပိုး အရေအတွက်ကို တွက်ချက်နိုင်ပါတယ်။ သုတ်ပိုး များလေလေ ၊ မျိုးအောင်ဖို့ ရာခိုင်နှုန်း ပိုများ လေလေ ဖြစ်ပါတယ်။ မျိုးအောင်မှု အခြေအနေကို သူက တွက်ချက်ပေးနိုင်ပါတယ်။

Yo ကို ဒေါ်လာ ၅၀ ( စတာလင်ပေါင် ၄၀ ) သတ်မှတ်ထားပြီး သုတ်ပိုးထည့်တဲ့ ခွက်ငယ်လေး ပါရှိပါတယ်။ ခွက်ငယ်ထဲမှာ သုတ်ပိုးနဲ့ အတူ အထူးပြုလုပ်ထားတဲ့ အရည်တစ်မျိုးကို ရောမွှေရမှာပါ။ သူ့ရဲ့ ကင်မရာကို Android နဲ့ iPhone များမှာ တပ်ဆင် အသုံးပြုနိုင်ပါတယ်။ သုတ်ပိုးများကို စုပ်ယူတဲ့ Tube နဲ့ Test Slide တစ်ခု ပါရှိပါတယ်။ သုတ်ပိုးများကို Test Slide ထဲ ထည့်ပြီး စမ်းသပ်တဲ့ စက်မှာ တပ်ဆင်လိုက်ပြီး သင့်ဖုန်းနဲ့ ချိတ်ဆက်လိုက်တာနဲ့ Live Video ကို ရိုက်ကူးပေးမှာ ဖြစ်ပြီး ရလဒ်ကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။

သုတ်ပိုး အရေအတွက်၊ မျိုးအောင်မှု ရလဒ်များကို Mobile App ကနေ ပြသပေးမှာပါ။ Yo ကို FDA က အသိအမှတ်ပြုထားပြီး ဖေဖော်ဝါရီလမှာ ရောင်းချပေးမှာပါ။

ref : pocket lint

You may be interested

K10(2018) လို စွမ်းရည်သင့် ဖုန်းများမှာ ပါလာမယ့် LG Pay
Android, HUBS, LG
0 shares0 views

K10(2018) လို စွမ်းရည်သင့် ဖုန်းများမှာ ပါလာမယ့် LG Pay

Ko Thuya - Dec 18, 2017

ယခုနှစ် ဇူလိုင်လမှာ LG က သူ့ရဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ဖြစ်တဲ့ LG Pay ကို ကုမ္ပဏီထုတ် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ တောင်ကိုရီးယားက ထွက်ပေါ်လာတဲ့ သတင်းများအရ LG K10(2018) ဟာ LG…

Apple , Google , Microsoft နဲ့ Facebook တို့ တစ်စက္ကန့်မှာ အမြတ်ငွေ ဘယ်လောက်ရကြသလဲ ?
Apple, Facebook, Google
0 shares0 views

Apple , Google , Microsoft နဲ့ Facebook တို့ တစ်စက္ကန့်မှာ အမြတ်ငွေ ဘယ်လောက်ရကြသလဲ ?

Ko Thuya - Dec 18, 2017

Apple ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘရန်း အဖြစ် လွန်ခဲ့တဲ့ ငါးနှစ်စလုံး ရပ်တည်နိုင်ခဲ့ပါတယ်။ အခုလည်း Fortune Global 500 ရဲ့ စာရင်းမှာ Apple ဟာ ကမ္ဘာမှာ အမြတ်ငွေ အများဆုံး ရတဲ့ ထိပ်ဆုံး ကုမ္ပဏီ…

TrueDepth ပြဿနာထပ်မံဖြစ်ပေါ်လာပြန်တဲ့ iPhone X
Apple, HUBS, Mobiles & Tablets
0 shares30 views

TrueDepth ပြဿနာထပ်မံဖြစ်ပေါ်လာပြန်တဲ့ iPhone X

Ko Thuya - Dec 18, 2017

iPhone X ရဲ့ Face ID နဲ့ပတ်သတ်တဲ့ ပြဿနာတွေကတော့ အခုချိန်ထိ ဆုံးခန်းတိုင်းခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကတင် တရုတ်နိုင်ငံမှာရှိတဲ့ iPhone X အသုံးပြုသူတဦးဟာ Face ID ပြဿနာတခုဖြစ်လာပါ သေးတယ်။ Apple ရဲ့ iPhone X…

Most from this category