0 Shares 101 Views

စမတ်ဖုန်းကနေ အရေပြားကင်ဆာ ရောဂါကို စစ်ဆေးနိုင်မည်

Jan 28, 2017
0 101

စမတ်ဖုန်းက အရေပြားကင်ဆာကို စစ်ဆေးနိုင်မယ်ဆိုရင် စာဖတ်သူ အံ့သြသွားမလား ? စတန်းဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များက လေ့ကျင့်သင်ကြားပေးထားတဲ့ ဥာဏ်ရည်တု နည်းပညာဟာ အရေပြားကင်ဆာကို စစ်ဆေးနိုင်ပြီး အနာဂတ်မှာ စမတ်ဖုန်းကနေတောင် အရေပြား ကင်ဆာကို စစ်ဆေးနိုင်မယ်လို့ ပြောပါတယ်။

ပညာရှင်များက အရေပြား အမျိုးအစား ၂၀၀၀ ကျော်ကို ရိုက်ကူးထားတဲ့ ဓါတ်ပုံပေါင်း ၁၂၈ ၄၅၀ ဖြင့် ဥာဏ်ရည်တုနည်းပညာကို လေ့ကျင့် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့က Google ရဲ့ ဓါတ်ပုံ ခွဲခြမ်းစိတ်ဖြာတဲ့ Algorithms တစ်ခုကို အသုံးပြုခဲ့ကြပြီး အရေပြားကင်ဆာ လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဥာဏ်ရည်တုနည်းပညာကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ပညာရှင်များက ဆော့ဝဲရဲ့ စွမ်းဆောင်ရည်ကို အရေပြား အထူးကုပညာရှင်များရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ ဆော့ဝဲဟာ အရေပြား အထူးကု ပညာရှင်များရဲ့ စွမ်းဆောင်ရည်ကို အမှီလိုက်နိုင်တာကို တွေ့ခဲ့ကြပါတယ်။ စတန်းဖို့ဒ်မှ ပညာရှင်များက ဒီနည်းပညာကို အနာဂတ်မှာ စမတ်ဖုန်းများမှာ အသုံးပြုနိုင်မယ်လို့ ပြောကြပါတယ်။ သူတို့က ဆော့ဝဲကို စမတ်ဖုန်းများအတွက် အသွင်ပြောင်းဖို့ အလွန် လွယ်ကူတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် အနာဂတ်မှာ အရေပြားကင်ဆာကို အိမ်မှာ နေရင်းကနေ အချိန်မရွေး စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။ “ အခုခေတ်မှာ လူတိုင်းရဲ့ အိတ်ကပ်ထဲမှာ ကင်မရာ အပါအ၀င် Sensors များစွာ တပ်ဆင်ထားတဲ့ စွမ်းရည်မြင့် ကွန်ပြူတာများ ရှိနေကြပါပြီ။ အဲဒီအတွက် အရေပြားကင်ဆာကိုလည်း စမတ်ဖုန်းက စစ်ဆေးနိုင်တာ အံ့သြစရာ မရှိပါဘူး။ “ လို့ တီထွင်သူများက ပြောပါတယ်။

ref : mashable

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category