0 Shares 67 Views

သာမာန်ကားကို စမတ်ကား အဖြစ်ပြောင်းပေးမယ့် Ford ရဲ့ Module

Jan 28, 2017
0 67

Ford က ၂၀၁၀ နဲ့ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်ရောင်းချခဲ့တဲ့ သူ့ရဲ့ သာမာန် ကားများကို စမတ်ကားအဖြစ် ပြောင်းလဲပေးမယ့် Plug-In Module တစ်ခုကို ဖြန့်ချီပေးမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ Module ဟာ သာမာန်ကားကို အင်တာနက် ချိတ်ဆက်နိုင်တဲ့ စမတ်ကား အဖြစ် ပြောင်းလဲပေးနိုင်သလို အဝေးကနေ ကားစက်နှိုးနိုင်ခြင်း၊ လုံခြုံရေးအတွက် သတိပေးနိုင်ခြင်း စတဲ့ စွမ်းဆောင်ချက်များလည်း ပါရှိပါတယ်။

SmartLink Module ကို ကားရဲ့ OBE II Port မှာ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ OBE II Port ဟာ ကားရဲ့ သတင်းအချက်အလက်များကို စစ်ဆေးတဲ့ အခါမှာ အသုံးပြုတာ ဖြစ်ပြီး စတီယာရင်ရဲ့ အောက်မှာ တပ်ဆင်ထားလေ့ရှိပါတယ်။ Ford က လက်ရှိမှာ Module ကို အမေရိကန်မှာသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Module တပ်ဆင်လိုက်ရင် ကားကို စမတ်ဖုန်းမှ အဝေးကနေ စက်နှိုးနိုင်ခြင်း၊ Lock , Unlock ပြုလုပ်နိုင်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။ 4G WiFi Hotspot ကိုလည်း ကားကနေ Device ၈ ခု အထိ အသုံးပြုနိုင်ပါတယ်။ ကားရဲ့ ကြံ့ခိုင်မှုနဲ့ လုံခြုံရေး သတိပေးမှုများကိုလည်း သိရှိနိုင်မှာပါ။ ကားရဲ့ တည်နေရာကို မြေပုံကနေ ခြေရာခံနိုင်ပါတယ်။

ref : pocket lint

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category