7 Shares 856 Views

သင့်ရဲ့ Facebook အကောင့်ကို USB Security Key ဖြင့် ကာကွယ်နည်း

Jan 28, 2017
7 856

ဒစ်ဂျစ်တယ် ကမ္ဘာကြီးမှာ ဟက်ကာတွေရဲ့ ရန်ကို အမြဲကြောက်နေရပါတယ်။ အဲဒီအတွက် Facebook က သင့် အကောင့်ကို လုံခြုံရေး အလွှာတစ်ထပ်ဖြင့် ကာကွယ်နိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒါကတော့ USB Security Key ဖြစ်ပါတယ်။ USB Security Key ဟာ Memory Stick ပုံသဏ္ဍာန် ကိရိယာလေး ဖြစ်ပါတယ်။ လူတော်တော်များများဟာ အကောင့်များစွာမှာ တူညီတဲ့ Passwords များ သတ်မှတ်ထားတဲ့အတွက် မှန်းဆရလွယ်ကူပါတယ်။ ရှုပ်ထွေးတဲ့ Password များ ပေးထားရင်တောင် ဟက်ကာများက ဖောက်ထွင်းနိုင်ကြပါတယ်။

လက်ရှိမှာ သုံးနေကြတဲ့ Password Manager နဲ့ Two-Factor Authentication နည်းလမ်းများဟာ ကောင်းမွန်ပေမယ့် ဟက်ကာများရဲ့ လက်ချက် မိသွားနိုင်ပါတယ်။ Physical Security Keys ကတော့ အလွန် လုံခြုံပြီး ဖောက်ထွင်းလို့ မရနိုင်ပါဘူး။

သူ့ရဲ့ အလုပ်လုပ်ပုံ

ဘရောက်စာ အသစ်ကနေဖြစ်ဖြစ်၊ အခြား စက်တစ်လုံးကနေ ဖြစ်ဖြစ် သင့်အကောင့်ကို Login ၀င်တဲ့အခါ Security Key ကို စက်ရဲ့ USB Port ထဲထည့်လိုက်တာနဲ့ Facebook က Key မှာပါတဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးပါတယ်။ စစ်ဆေးမှု မှန်ကန်ရင် သင့်အကောင့်ထဲကို Login ၀င်ပေးမှာပါ။ ဟက်ကာတွေမှာ သင့်ရဲ့ USB Security Key မရှိတဲ့အတွက် ဘယ်လို ဒစ်ဂျစ်တယ် နည်းနဲ့မှ သူတို့ သင့်အကောင့်ကို ဖောက်ထွင်းလို့ မရနိုင်တော့ပါဘူး။

Facebook ရဲ့ လုံခြုံရေး အင်ဂျင်နီယာ Brad Hill က အဲဒီနည်းပညာကို အကောင့်များထဲမှ ခရက်ဒစ်ကဒ် သတင်းအချက်အလက်လို ဒေတာများကို ကာကွယ်ဖို့လည်း အသုံးပြုတယ်လို့ ပြောပါတယ်။ ဒီနည်းလမ်းဟာ ပိုမို အဆင်ပြေ လုံခြုံတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ Facebook ဟာ USB Security Key ကို သုံးတဲ့ ပထမဆုံး လူမှုကွန်ရက် ဖြစ်လာပါတယ်။

The National Institute of Standards က Two-Factor Authentication နဲ့ One-Time Code များဟာ လုံခြုံမှု မရှိတော့ဘူးလို့ ယခင်နှစ် ဇူလိုင်လက ကြေညာထားပါတယ်။ USB Security Key ကို Yubikey, Nitro Key နဲ့ အခြား ကုမ္ပဏီများကနေ ရောင်းချပေးနေပါတယ်။ လက်ရှိမှာတော့ USB Security Key စွမ်းဆောင်ချက်ကို မြန်မာနိုင်ငံမှာ အသုံးပြုလို့ မရသေးဘဲ မကြာခင်မှာ အသုံးပြုလို့ရလာမယ်လို့ မျှော်လင့်ရပါတယ်။

ref : chaprama

You may be interested

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ
Mobiles & Tablets, NEWS, Pc & Laptops
0 shares0 views

Microsoft က ခေါက်ချိုးနိုင်တဲ့ Screen ၂ ခုပါ Surface Device ကို ဖန်တီးနေ

Ko Thuya - Dec 18, 2017

Microsoft က Surface Phone နဲ့ စမတ်ဖုန်းလိုရော ကွန်ပြူတာလိုပါ သုံးနိုင်တဲ့ ကိရိယာများကို တီထွင်နေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သတင်းများကို ကုမ္ပဏီက အတည်ပြုထားခြင်း မရှိသေးပါဘူး။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ Microsoft…

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ
Android, Google, HUBS
0 shares0 views

Google Assistant ကို Android Tablet များနဲ့ ဖုန်းအဟောင်းများ အတွက် ဖြန့်ချီ

Ko Thuya - Dec 18, 2017

Google က သူ့ရဲ့ ဥာဏ်ရည်မြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Assistant ကို Pixel စမတ်ဖုန်းများအတွက်သာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ကို Marshmallow နဲ့ နောက်ပိုင်းထုတ် OS များထည့်သွင်းထားတဲ့ Adroid Phone များအတွက် ဖြန့်ချီပေးခဲ့ပါတယ်။…

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone
Android, Apple, HUBS
515 shares232 views

iPhone X Design ပါတဲ့ ဒေါ်လာသုံးရာအောက်တန် Android Phone

Ko Thuya - Dec 17, 2017

စမတ်ဖုန်းကိုင်ဆောင်သူ အများစုအနေနဲ့ တရုတ်နိုင်ငံထုတ် ဖုန်းဆိုရင် Huawei,Vivo,OPPO တို့ကိုသာမျက်စိ ထဲပြေးမြင်မိမှာပါ။ သင့်အနေနဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီငယ်လေး Leagoo ကိုမရင်းနှီးသေးဘူးဆိုရင် အခုဖုန်းမှာ သိရမှာပါ။ Leagoo ဟာအခြားကုမ္ပဏီတွေကထုတ်တဲ့ မော်ဒယ်မြင့်ဖုန်းတွေကို ဆင်တူဒီဇိုင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ Leagoo ကနေ နောက်ဆုံးထုတ်ထားတဲ့ ဖုန်းကတော့…

Most from this category