0 Shares 501 Views

သင့် Android ကို Malware များ ရနှ်မှ ကာကွယ်နည်းများ

Jan 28, 2017
0 501

လအနည်းငယ်ကြာတိုင်း Android ဆော့ဝဲမှာ လုံခြုံရေး ဟာကွက်များ ထွက်ပေါ်နေပါတယ်။ အဲဒီအကျိုးဆက်ကြောင့် Android Smartphone သန်းနဲ့ချီပြီး အန္တရာယ်ရှိနေပါတယ်။ Android ဟာ ကမ္ဘာမှာ လူသုံးအများဆုံး Mobile Operating System ဖြစ်တဲ့အတွက် ဟက်ကာများရဲ့ အဓိက မျက်စိကျစရာလည်း ဖြစ်နေပါတယ်။ အဲဒီအတွက် Android ကို Malware များ ရန်မှ ကာကွယ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Play Store ပြင်ပမှ Apps များ အင်စတောလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

Google Play Store က သူ့မှာ တင်ထားတဲ့ Apps များမှာ Virus or Malware ရှိ၊ မရှိ အမြဲ စစ်ဆေးပေးနေပါတယ်။ အခြား App Stores နဲ့ ၀က်ဆိုက်များမှ Apps များမှာတော့ Malware များ ပါရှိတတ်ပါတယ်။ Play Store မှာတော့ Malware ပါရှိမှု ရှားပါးတတ်ပါတယ်။ အဲဒီအတွက် Play Store ပြင်ပမှ Apps များ အင်စတောလုပ်ခြင်ကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါပေမယ့် Amazon App Store , F-Droid တို့လို အခြား App Store များမှ Apps များကို သုံးချင်ရင် ဘယ်လို လုပ်ရမလဲ ?

၂။ Google Virus Scanner

Google က အခြား App Stores များမှ Apps များကို အင်စတောလုပ်ရင်လည်း လုံခြုံအောင် Android မှာ စွမ်းဆောင်ချက် တစ်ခု ထည့်သွင်းပေးထားပါတယ်။ အဲဒီစွမ်းဆောင်ချက်ကတော့ အခြား App Store များမှ ဒေါင်းလုပ်လုပ်ထားတဲ့ Apps များကို အင်စတော မလုပ်ခင်မှာ Malware ကို စစ်ဆေးပေးတာ ဖြစ်ပါတယ်။ Malware တွေ့ရင်တော့ အင်စတောလုပ်တာကို ပိတ်ပင်မှာပါ။ Google > Security > Verify apps မှာ Enable လုပ်ပေးထားပါ။

၃။ နောက်ဆုံးထုတ် Security Patches များ

Android ဟာ Linux ကို အခြေခံထားတာ ဖြစ်တဲ့အတွက် တတိယ ကာကွယ်ရေး စနစ်ပါရှိပါတယ်။ အဲဒါကတော့ Security Patches များဖြစ်ပြီး Security Patches များ၊ တစ်နည်းအားဖြင့် လုံခြုံရေး ဟာကွက်များကို အမြဲဖာထေးပေးနေတဲ့ Android OS ကို သုံးတာဟာ အလုံခြုံဆုံး ဖြစ်ပါတယ်။ Google ဟာ Stagefright လုံခြုံရေး ဟာကွက်ပြီးနောက်မှာ Android အတွက် လစဉ် Security Patches များကို ဖြန့်ချီပေးနေပါတယ်။ Google က Android 4.4 ကနေ သူ့အထက် ဗားရှင်းများအတွက် Patches များကို အမြဲ ဖြန့်ချီပေးနေပါတယ်။ နောက်ဆုံးထုတ် Android OS ကို Google က ပိုမို အရေးပေးပြီး Patches များကို ထုတ်လုပ်ပေးတတ်တဲ့အတွက် နောက်ဆုံးထုတ် OS ကို အသုံးပြုခြင်းဟာ Malware ကူးစက်ခံရမှုကနေ ကာကွယ်ပေးတဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ သင့်ဖုန်းအတွက် OS အသစ်ရရင် အမြန် အင်စတောလုပ်သင့်ပါတယ်။

Android မှာ Google Play Store ပြင်ပမှ Apps များကို Default အားဖြင့် အင်စတောလုပ်ခွင့် ပိတ်ထားပါတယ်။ Android Settings > Security > Unknown Sources မှာ Enable မလုပ်ဘဲ Disable လုပ်ထားတာက အကောင်းဆုံး ဖြစ်ပါတယ်။

ref : android pit

You may be interested

ဈေးကွက်သစ် ၆ ခုကိုထပ်မံတိုးချဲ့မယ်လို့ ကြေငြာလိုက်တဲ့ Vivo
HUBS, Mobiles & Tablets, NEWS
0 shares0 views

ဈေးကွက်သစ် ၆ ခုကိုထပ်မံတိုးချဲ့မယ်လို့ ကြေငြာလိုက်တဲ့ Vivo

Ko Thuya - Oct 20, 2017

တရုတ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Vivo အနေနဲ့ မကြာတော့တဲ့အချိန်မှာ သူတို့အနေနဲ့ အာရှရဲ့မိုဘိုင်းဈေးကွက် ၆ ခုကိုထပ်မံတိုးချဲ့ဖြန့်ချိသွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ Vivo ဟာလက်ရှိအချိန်မှာ Gartner ကထုတ်ပြန်တဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းရောင်းချသူတွေထဲမှာ နံပါတ် ၅ အဆင့်ကိုရောက်ရှိနေပြီး လာမယ့် နှစ်မှာကျင်းပမယ့် FIFA World Cup ပြိုင်ပွဲကိုလည်း…

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ
Facebook, HUBS, NEWS
80 shares14 views

Explore Feed နာမည်နဲ့ News Feed လုပ်ဆောင်ချက်သစ်ကို Facebook ဖြန့်ချီ

Ko Thuya - Oct 20, 2017

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook အနေနဲ့ သုံးစွဲသူတွေအဆင်ပြေဖို့နောက်ထပ် Feature သစ်တခုကို တရားဝင်ဖြန့်ချိပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဧပြီလကတည်းက စမ်းသပ်နေတဲ့ Facebook ရဲ့ Feature သစ်ဖြစ်တဲ့ Explore Feed ကို မနေ့ကတရားဝင်ဖြန့် ချိပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် ကိုယ် Like မလုပ်ထားတဲ့…

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်
FEATURES, HUBS, Mobile & Tablets
114 shares16 views

24MP နဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

Ko Thuya - Oct 20, 2017

24MP and idea become perfect selfie ဓာတ်ပုံကောင်းတစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက်မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။ V7+ က Selfie ချစ်သူတွေအတွက်…

Most from this category