0 Shares 69 Views

“ပညာရေးနယ်ပယ်နှင့် လုပ်ငန်းနယ်ပယ် အချိတ်အဆက်” စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပမည်

Jan 27, 2017
0 69

ကျောင်းပြီးလို့ ဘွဲ့ရပြီးတဲ့သူတွေ၊ အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်ထားပြီးသူတွေ လုပ်ငန်းခွင်ထဲ ၀င်ရောက်ကြတဲ့အခါမှာ ကိုယ်တတ်ကျွမ်းထားတဲ့ပညာနဲ့ ကိုယ်လုပ်ရတဲ့အလုပ်အကိုင် အချိတ်အဆက်မမိဘဲ ရင်ဆိုင်ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ “ပညာရေးနယ်ပယ်နဲ့ လုပ်ငန်းနယ်ပယ် အချိတ်အဆက်” ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်သုံးဦးကို ဖိတ်ခေါ်ပြီး The Voice Daily သတင်းစာက ပထမဦးဆုံးအကြိမ် စီစဉ်ပြုလုပ်မယ့် စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်ကို လာမယ့် ဇန်န၀ါရီလ ၂၉ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီကနေ ၅ နာရီအထိ ဗဟန်းမြို့နယ် ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်က Co-operative Business Center ခန်းမမှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ The Voice Weekly/ Daily ပင်တိုင်ဆောင်းပါးရှင်နဲ့ စီမံခန့်ခွဲမှုပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဦးဆောင်ညှိနှိုင်းဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းခွင်နယ်ပယ်ဘက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ပညာရပ်နယ်ပယ်ဘက်က Myanmar Information Technology Pte. Ltd. (MIT) အမှုဆောင်အရာရှိချုပ် ဒေါက်တာထွန်းသူရသက်တို့က အပြန်အလှန် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ အဲဒီစကားဝိုင်း ဆွေးနွေးပွဲကို တက္ကသိုလ်နဲ့ သင်တန်းအသီးသီးက သင်တန်းသားတွေ၊ လုပ်ငန်းခွင်နဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာ အသီးသီးက မိတ်ဆွေတွေနဲ့ အခြားစိတ်ဝင်စားကြသူ ဘယ်သူမဆို အခမဲ့တက်ရောက် ပါဝင်ဆွေးနွေးနိုင်ကြကြောင်း လေးစားစွာ ဖိတ်ခေါ်ထားပါတယ်။

လူဦးရေ ကန့်သတ်ထားတဲ့အတွက် စိတ်ပါဝင်စားသူတွေ အနေနဲ့ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္ပဏီအမည်၊ Email တို့ကို အောက်ဖော်ပြပါ E-mail နှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးကာ အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

E-mail Register – marketing@thevoicemyanmar.com
SMS Register – 09-78 5555 772 (marketing hotline) 09-730 71131

ကျင်းပမည့်နေ့ရက် – ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် – မွန်းလွဲ ၂:ဝဝ မှ ၅:ဝဝ ထိ
ကျင်းပမည့်နေရာ – Co-operative Business Centre၊ CBC Ballrom (Level-5)

You may be interested

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?
HOW TO, Softwares & Application, Softwares & Application
0 shares0 views

သင် တစ်နေ့လျှင် Facebook ဘယ်နှနာရီ သုံးသလဲဆိုတာ ဘယ်လို သိမလဲ ?

Ko Thuya - Sep 26, 2018

Facebook က Android App မှာ Your Time on Facebook အမည်ရ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ သူက တစ်နေ့လျှင် သင် Facebook ကို အချိန်ဘယ်လောက် သုံးသလဲ ဆိုတာကို တစ်နေ့ချင်းစီအတွက် ပြသပေးထားပါတယ်။ တစ်နေ့လျှင်…

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock
Gadgets, NEWS
38 shares8 views

လက်ဗွေစနစ်နဲ့ တံခါးအဖွင့်အပိတ်ပြုလုပ်လို့ရမယ့် Lockly ရဲ့ Sucure Plus Lock

Ko Thuya - Sep 26, 2018

အခုဆိုရင် နေအိမ်တံခါးများမှာ Smart Lock များကို အသုံးပြုလာကြပါပြီ။ အခုလည်း Lockly က ထူးခြား ဆန်းသစ်တဲ့ စမတ် လော့ခ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Secure Plus Lock ဖြစ်ပြီး သူ့မှာ 3D Fingerprint…

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
76 shares36 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Most from this category