MPT SIM card မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ မိုဘိုင်းဖုန်းများပေါ်မှ စစ်ဆင်းနိုင်ပြီ

MPT SIM card သုံးစွဲတဲ့သူတွေအနေနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ ကုတ်နံပါတ်အသစ် *601# ကို ဖုန်းခေါ်ဆိုပြီး မိမိတို့ရဲ့ MPT SIM card များ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကို အလွယ်တကူ စစ်ဆေးကြည့်ရှု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကုတ်နံပါတ်ကို ခေါ်ဆိုလိုက်တာနဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မှတ်ပုံတင်ထားခြင်းရှိ၊မရှိ ကိုအကြောင်းပြန်တဲ့ စာတန်းပေါ်လာမှာဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိပါက MPT website ရဲ့ Self-Care စာမျက်နှာကို တိုက်ရိုက်ဝင် ရောက်ကာ မှတ်ပုံတင်နိုင်မယ့် link တစ်ခုကို MPT မှ စာတိုပေးပို့သွားမှာ ဖြစ်ပါတယ်။

အခုအစီအစဉ်ဟာ မတ်လ (၃၁) ရက်နေ့မတိုင်မီ MPT သုံးစွဲသူအားလုံး SIM card မှတ်ပုံတင် ပြီးစီးရေးအတွက် MPT-KSGM Joint Operations မှ ဆောင်ရွက်ပေးနေသော နည်းလမ်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

*601# သို့ ဖုန်းခေါ်ဆိုမှုကို MPT သုံးစွဲသူအားလုံးအသုံးပြုနိုင်မှာဖြစ်ပြီး CDMA သုံးစွဲသူတွေကတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ MPT ရုံးတွေနဲ့ အရောင်းဆိုင်တွေမှာ မှတ်ပုံတင်ထားတဲ့ User တွေအနေနဲ့ (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

%d bloggers like this: