0 Shares 21 Views

ကျေးလက်နေပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ရရှိနိုင်ရန် အူရီဒူး၏ စာတိုပေးပို့ခြင်းဝန်ဆောင်မှုမှ ကူညီပေးနေ

Jan 27, 2017
0 21

အူရီဒူးမြန်မာနှင့် Pact Myanmar တို့ပူးပေါင်းပြုလုပ်သည့် စာတိုပေးပို့ခြင်းဝန်ဆောင်မှုမှ ကျေးလက်နေပြည်သူအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိစေရန် အကူအညီပေးလျက်ရှိကြောင်းသိရသည်။

၂၀၁၄ခုနှစ် အောက်တိုဘာလမှ စတင်ပြီး အူရီးဒူးမြန်မာအနေဖြင့် Pact Myanmar နှင့် ပူးပေါင်းပြီး ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှုမှတစ်ဆင့် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းဖြင့် ကျေးလက်နေပြည်သူများအတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို စတင်ပေးအပ်ခဲ့သည်။

အူရီဒူးမြန်မာ၏ ရွာအရောက်ကျန်းမာရေးဝန်ဆောင်မှုမှတဆင့် အခမဲ့ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးရှိ မတ္တရာမြို့နယ်တွင် ယခင်က လူဦးရေ ၆၃,၀၀၀ ယောက် တွင် ဆရာဝန် ၁ယောက်နှုန်းဖြင့်သာ ဆေးကုသခွင့်ရရှိခဲ့ရသည့်အချိုးမှ လူဦးရေ ၂၅,၀၀၀ ယောက်တွင် ဆရာဝန် ၁ယောက်နှုန်းဖြင့် ဆေးကုသခွင့်ရရှိမှု တိုးတက်ခဲ့သည့်အပြင် ကလေး ၃,၀၀၀ ကျော်သည်လည်း အဟာရပြည့်ဝစေရန် စောင့်ရှောက်မှုရရှိခဲ့ခြင်း နှင့် မိခင်ပေါင်း ၁,၁၀၀ ကျော်အတွက် ကိုယ်ဝန်ဆောင်စဉ်နှင် မီးဖွားပြီးချိန်တွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်များကို ပေးအပ်နိုင်ခဲ့သည်။

အဆိုပါအောင်မြင်မှုကြောင့် Pact-အူရီဒူးတို့၏ ရွာအရောက်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို မတ္တရာမြို့နယ်အပြင် ဘုတလင်မြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များသို့ပါ အခမဲ့ကျန်းမာရေးဝန်ဆောင်မှုကို တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိနေပါသည်။ တစ်ချိန်ထဲတွင် အူရီဒူးမှ အဆိုပါဒေသရှိပြည်သူများအတွက် များစွာအကျိုးရှိစေသော ရွာအရောက်ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့ ရောက်ရှိမည့်နေ့ရက်၊ ရောက်ရှိမည့်အချိန် နှင့် ရောက်ရှိမည့်နေရာတို့ကို အခမဲ့ စာတိုပေးပို့ခြင်းဖြင့် ကြိုတင်အကြောင်းကြားပေးသည့် ၀န်ဆောင်မှုကို ထပ်မံပေးအပ်ခဲ့ပါသည်။ အဆိုပါ ကြိုတင်အကြောင်းကြားပေးသည့် စာတိုပေးပို့မှုကို ရွာပေါင်း ၁၅ရွာတွင် ပေးအပ်သွားမည်ဖြစ်ပြီး ကြိုတင်အကြောင်းကြားသည့်စာတို လက်ခံရရှိမည့်ကျေးရွာများမှာ ဆင်ကုန်း၊ ၀ဲစု၊ သာလွန်ဖြူ၊ ကြပ်ပြင်၊ ညောင်ပင်သာ၊ မြင်စည်း၊ နန်းတော်ကျွန်း၊ တောင်ကလာ၊ သပြေချောင်၊ မြသီတာ၊ သပြေသာ၊ အလယ်ပုံ၊ ဝါးရင်းတုတ် နှင့် သပြေအိမ့်ရွာတို့ဖြစ်ပါသည်။

Pact-အူရီဒူးတို့ ပူးပေါင်းဆောင်ရွက်သည့် ရွာအရောက် ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့သည်                                             အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခြင်း၊ အခမဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း နှင့် အဟာရပြည့်ပြည့်ဝဝရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ ၀န်ဆောင်မှုပေးလျက်ရှိနေပါသည်။ အဆိုပါကျေးရွာများမှ ပြည်သူလူထုအနေဖြင့် ရွာအရောက်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ရောက်ရှိမည့် ကျေးရွာ၊ နေ့ရက် နှင့် အချိန်တို့ကို ကြိုတင်အကြောင်းကြားပေးထားသော စာတိုကို လက်ခံရရှိမည်ဖြစ်ပါသည်။ အဆိုပါဒေသမှ ပြည်သူလူထုအနေဖြင့် မိမိတို့၏လုပ်ငန်းလုပ်ချိန်ကို ဖဲ့ပေးစရာမလိုသည့်အပြင် ခရီးဝေးသို့ အချိန်ကုန်ခံသွားလာစရာမလို သည့်အတွက် အချိန်ကုန် ငွေကုန်သက်သာစေသည်။

အူရီဒူးမြန်မာမှ Chief Legal and Regulatory Officer ဖြစ်သူ Mr. Christopher Perice မှ “ကျွန်တော်တို့အနေဖြင့် Pact-အူရီဒူး ရွာအရောက်ကျန်းမာရေးဝန်ဆောင်မှုကို အခမဲ့ပေးအပ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁သန်းကျော် ကိုရင်းနှီးမြှုပ်နှံပြီး ပံ့ပိုးကူညီခဲ့တာဟာ အူရီဒူးမြန်မာ၏ ရည်ရွယ်ချက်ဖြစ်တဲ့ “တောက်ပကောင်းမွန်သောအနာဂတ်ဆီသို့” ဆိုသည့်အတိုင်း မြန်မာနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်ခွင့်ရရှိစေရေးကို ပံ့ပိုးပေးလိုက်တာပဲဖြစ်ပါတယ်။ အခြေခံအားဖြင့် ဆရာဝန်များအနေဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကျေးလက်နေလူထုကြား ပေးအပ်နိုင်ရန်နှင့် ကျေးလက်နေပြည်သူလူထုမှလည်း ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများရရှိနိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကဏ္ဍကနေ ကျန်းမာရေးကဏ္ဍအတွက် ပံ့ပိုးကူညီပေးတဲ့ Telemedicine ၀န်ဆောင်မှုမှတဆင့် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည့် လူထုအတွက် ဝေးလံတဲ့နေရာများက ဆေးရုံ၊ ဆေးခန်းစသည်တို့ကို အချိန်ပေးပြီး သွားစရာမလိုဘဲ အချိန်တိုအတွင်း ဆရာဝန်များကို လူနာများနှင့် ချိတ်ဆက်ပေးရန် ကူညီပေးနိုင်ပါတယ်။ ယခုအခါ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူလူထုအနေဖြင့် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို အူရီဒူးမြန်မာ၏ ကူညီပံ့ပိုးမှုကနေတစ်ဆင့် ရရှိနေပြီဖြစ်ပါတယ်။” ဟုပြောကြားခဲ့ကြောင်းသိရသည်။

You may be interested

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ
HUBS, Mobiles & Tablets, NEWS
0 shares0 views

Galaxy S8 ရဲ့ကင်မရာမှာ Portrait Mode လုပ်ဆောင်ချက်သုံးစွဲလာနိုင်ဖွယ်ရှိ

Ko Thuya - Oct 17, 2017

ကိုရီးယားစမတ်ဖုန်းကုမ္မဏီဆမ်ဆောင်းအနေနဲ့ နောက်ကျောဘက်ကင်မရာတခုသာတပ်ဆင်ပေးထားတဲ့ Galaxy S8 အား Software အသစ်ထပ်ထုတ်ပြီးတော့ Portrait Mode လုပ်ဆောင်ချက်ကိုထည့်သွင်းပေးလာ နိုင်ပါတယ်။ ဆမ်ဆောင်းအနေနဲု့လုပ်ဆောင်ချက်အဆင့်တိုးမြင့်ပေးချင်တဲ့ စမတ်ဖုန်းတွေကို Software Update အသစ်တွေထပ်ထုတ်ပေးလေ့ရှိတဲ့အတိုင်း Galaxy Note 8 မတိုင်ခင်ထုတ်လုပ်ဖြန့်ချိထားတဲ့ Galaxy S8…

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?
Facebook, HUBS, NEWS
63 shares5 views

Facebook မှ ပရိုဖိုင်မှာ CV Form ထည့်သွင်းနိုင်တော့မလား ?

Ko Thuya - Oct 17, 2017

Facebook က ပရိုဖိုင်မှာ Resume/CV Form ထည့်သွင်းနိုင်တဲ့ Feature ကို စမ်းသပ်နေတယ်လို့ The Next Web က ပြောပါတယ်။ Facebook ဟာ LinkedIn လိုမျိုး အလုပ်အကိုင်ဈေးကွက်ကို စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြနေပါတယ်။ Facebook ဟာ…

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ
Drone, Google, HUBS
80 shares6 views

Google က Drone များဖြင့် သြစတြေးလျမှာ အစားအစာများ ပို့ပြီ

Ko Thuya - Oct 17, 2017

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ရဲ့ Project Wing က ဒရုန်းများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးတဲ့ နည်းပညာကို စမ်းသပ်ဖို့ သြစတြေးလျ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ…

Most from this category