0 Shares 684 Views

MWC 2017 မှာ Xiaomi ပါဝင်ပြသမည် မဟုတ်တော့

Jan 27, 2017
0 684

လာမယ့် ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ MWC လို့လူသိများတဲ့ Mobile World Congress 2017 ကို ကျင်းပဖို့ရှိနေပါတယ်။ MWC ဟာ နှစ်စဉ်ကျင်းပနေကျ ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာကျော်နည်းပညာကုမ္ပဏီတွေက ၄င်းတို့ရဲ့ နည်းပညာထုတ်ကုန်တွေနဲ့ နည်းပညာအသစ်တွေကို မိတ်ဆက်ပြသလေ့ရှိပါတယ်။

အခုနှစ်ရဲ့ MWC 2017 မှာတော့ တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi က ပါဝင်ပြသမှာ မဟုတ်တော့ဘူးလို့သိရပါတယ်။ Xiaomi အနေနဲ့ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ MWC 2016 မှာ Mi 5 ကိုမိတ်ဆက် ပြသခဲ့ဖူးတဲ့အတွက် အခုနှစ် MWC မှာ Mi6 ကိုများ မိတ်ဆက်လေ မလား ဆိုတဲ့ ခန့်မှန်းချက်တွေရှိခဲ့ပေမယ့် Xiaomi ကတော့ MWC မှာ ပါဝင်ပြသမှာမဟုတ်တော့ဘူးလို့ ကြေညာလိုက်တဲ့အတွက် Mi 6 ထွက်ရှိမယ့် ရက်ကို ခန့်မှန်းရခက်ပြီလို့ ဆိုရမှာပါပဲ။

Xiaomi အနေနဲ့ MWC 2017 မှာ ပါဝင်ပြသခဲ့ခြင်းမရှိတော့ဘူးဆိုပေမယ့် အခုလ ပထမအပတ်အတွင်းကကျင်းပခဲ့တဲ့ CES 2017 မှာတော့ အဖြူရောင် Mi Mix နဲ့ 4K TV တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။

ပရိသတ်အများ စိတ်ဝင်စားနေတဲ့ Mi 6 နဲ့ ပတ်သတ်လို့ ကောလာဟလတွေကတော့ ထွက်ရှိနေပေမယ့် တိကျတဲ့ အချက်အလက်တွေကိုသိရှိရဖို့ကတော့ တော်တော်လေးစောင့်မျှော်ရဦးမယ့် သဘောရှိနေပါတယ်။

Ref: TechCrunch

You may be interested

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ
Xiaomi
435 shares53 views

တရားဝင် မိတ်မဆက်ရသေးခင် ပေါက်ကြားထွက်ပေါ်လာတဲ့ Mi Max 3 ရဲ့ ပုံရိပ်များ

Tha Ra - Jul 16, 2018

[Zawgyi] Xiaomi ရဲ့ Mi Max 3 စမတ်ဖုန်းကြီးကို မြင်တွေ့ရဖို့ ၃ရက်သာ လိုပါတော့တယ်။ Mi Max 2 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Mi Max 3 ကို လာမယ့် ဇူလိုင်လ…

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု
FEATURES, Mobile & Tablets
357 shares62 views

OnePlus 6 ရဲ့ အားနည်းချက် (၄) ခု

Ko Thuya - Jul 16, 2018

OnePlus 6 ဟာ အလွန်ကောင်းတဲ့ စမတ်ဖုန်းပါ။ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာဟာလည်း အံ့မခန်းပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်များလည်း ပါရှိပါတယ်။ ဈေးနှုန်း ၂၀၁၄ ခုနှစ် ဇွန်လမှာ OnePlus One ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့တာပါ။…

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ
Apple, NEWS
127 shares50 views

ဖုန်မဝင်အောင် ကီးဘုတ်ဒီဇိုင်းပြောင်းလဲလိုက်တဲ့ MacBook Pro အသစ်တွေ

Nwe Oo - Jul 16, 2018

[Zawgyi] Apple MacBook Pro အသစ်ရဲ့ကီးဘုတ်တွေကတော့ အရင်တုန်းက လပ်တော့ပ်တွေလောက် အသံသိပ်မမြည်တော့ပါဘူး။ အရင်တစ်လတုန်က ကီးဘုတ်ပြင်ဆင်တဲ့အစီအစဉ်ကြောင့် ကီးဘုတ်ပြဿနာတွေဖြေရှင်းနိုင်ခဲ့လို့အဆင်ပြေပေမယ့် အရမ်းကြီးပြောင်းလဲမသွားတဲ့ ကီးဘုတ်ဒီဇိုင်းကြောင့် ထပ်ပြီးဖုန်ဝင်ပြဿနာတွေဖြစ်ဦးမလား တော်တော်များများစိတ်ပူနေကြပါတယ်။ ဒါတွေသိရအောင် iFixit ကနေ ကီးဘုတ်ရဲ့ ကီးတွေကိုလှန်စစ်ဆေးကြည့်တဲ့အခါမှာ ဒီတစ်ခေါက် MacBook Pro…

Most from this category