0 Shares 584 Views

Samsung Galaxy S8 ရဲ့ ပုံရိပ်နဲ့ အချက်အလက်အပြည့်အစုံ ပေါက်ကြား

Jan 27, 2017
0 584

(၂၀၁၇) ခုနှစ်မတိုင်ခင်ကတည်းက Samsung Fan တွေသာမက Android အသုံးပြုသူတွေအားလုံး စိတ်ဝင်စားလျက်ရှိတဲ့ Samsung Galaxy S8 ရဲ့ ထွက်ရှိမယ့်နေ့ရက်၊ ပုံရိပ်နဲ့ specs အသေးစိတ် အပြည့်အစုံဟာ သတင်းပေါက်ကြားမှုဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါဟာ Samsung ကုမ္ပဏီရဲ့ ယုံကြည်စိတ်ချရသူ Evan Blass ဆီကနေ ပေါက်ကြားခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။

ထွက်ပေါ်လာတဲ့ ပေါက်ကြားချက်တွေအရ Galaxy S8 ဟာ (၅.၈)လက်မနဲ့ (၆.၂)လက်မဆိုတဲ့ အရွယ်အစား (၂)မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး version နှစ်မျိုးစလုံးမှာ dual-curved Super AMOLED display ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။

Dislpay မှာ pressure sensitive (3D Touch) လုပ်ဆောင်ချက်ကို ထည့်သွင်းထားပေမယ့် မျက်နှာပြင်ရဲ့ အောက်ပိုင်းမှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။

CPU အဖြစ် Samsung ရဲ့ Exynos မျိုးဆက်သစ် (ဒါမှမဟုတ်) Qualcomm ရဲ့ Snapdragon 835 ကိုအသုံးပြုလာဖွယ်ရှိပြီး (၅.၈)လက်မ S8 မှာ 3,000mAh battery နဲ့ (၆.၂)လက်မ S8 မှာတော့ 3,500mAh battery ပါဝင်လာမှာဖြစ်ပါတယ်။

S7 နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် S8 version နှစ်မျိုးစလုံးရဲ့ စွမ်းဆောင်ရည်က (၁၁) ရာခိုင်နှုန်းပိုမို ကောင်းမွန်ပြီး graphics (၂၃) ရာခိုင်နှုန်း ပိုမျိုမြန်ဆန်ကာ စွမ်းအင်ကိုလည်း (၂၀)ရာခိုင်နှုန်း ပိုမိုချွေတာပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

RAM 4GB ကိုပဲသုံးထားပြီး 64GB Internal Storage ပါဝင်ကာ microSD လည်း ထပ်စိုက်နိုင်ပါတယ်။ နောက်ဘက် ကင်မရာအတွက် 12MP ကိုပဲသုံးထားပြီး iris scanner ပါဝင်တဲ့ 8MP selfie camera ပါဝင်ပါသေးတယ်။

Fingerprint က အရင်လို Home Button ပေါ်မှာ မဟုတ်တော့ဘဲ ကျောဘက်ကို ပြောင်းရွေ့သွားပြီး အောက်ဘက်မှာတော့ USB Type-C port နဲ့အတူ 3.5mm နားကြပ်ပေါက် ပါဝင်တာကို တွေ့ရပါတယ်။

Android Nougat နဲ့ထွက်ရှိလာမှာဖြစ်ပြီး visual search လုပ်ဆောင်ချက်အသစ်နဲ့ Bixby virtual assistant တို့လည်းပါဝင်လာမှာဖြစ်ပါတယ်။

လာမယ့် (၂၀၁၇) မတ်လ (၂၉) ရက်နေ့ နယူးယောက်မှာ ကျင်းပမယ့် event တစ်ခုမှာ S8 ကို တရားဝင် မိတ်ဆက်မှာဖြစ်ပြီး ဧပြီ (၂၁) ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ Small S8 အတွက် (၇၉၉) ယူရို နဲ့ bigger S8 အတွက် (၈၉၉)ယူရို ကျသင့်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

Ref: GSMarena

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category