0 Shares 173 Views

တယ်လီနောမြန်မာ၏ ‘အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇’ ကို ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်မည်  

Jan 27, 2017
0 173

တယ်လီနောမြန်မာလီမိတက်ရှိ လစ်လပ်လျက်ရှိသော ရာထူး အဆင့်နှင့် လပ်ငန်းကဏ္ဍ အမျိုးမျိုးတွင် လုပ်ကိုင်နိုင်ရန် ‘အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇’ ကို ဇန်န၀ါရီလ ၂၉ ရက် နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည် ကြောင်းသိရသည်။

တယ်လီနောသည် လစာ အကျိုးခံစားခွင့်ကောင်းများ အပြင် ရာထူး တက်လမ်း အခွင့်အလမ်းများပါရှိသည့် အလုပ်အကိုင်နေရာ ၅၀ ကျော်အတွက် သင့်တော်သည့် ၀န်ထမ်းများကို ခန့်အပ်ရန် ရှိနေပါသည့်အတွက်စိတ်ပါဝင်စားသူများသည် တယ်လီနောရှိ ဈေးကွက်ရှာဖွေရေး၊ အရောင်းနှင့် ဖြန့်ချီရေး၊ နည်းဗျုဟာချမှတ်ရေး၊ လူ့စွမ်းအား အရင်းအမြစ်၊ ဘဏ္ဍာရေး၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့် နည်းပညာ အပါအ၀င် လုပ်ငန်းကဏ္ဍများအတွက် လစ်လပ်လျက်ရှိသော အငယ်ထမ်းမှသည် အကြီးထမ်းရာထူးနေရာများအတွက် လျှောက်ထားနိုင်ကြမည် ဖြစ်သည်။

“တယ်လီနောသုံးစွဲသူတွေကို ၀န်ဆောင်မှုတွေပေးအပ်ရာမှာ တကယ့်ကို လိုလိုလားလား ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မယ့် စိတ်ဆန္ဒရှိ သူတွေကို ကျွန်မတို့အနေနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။ တယ်လီနောမှာ ၀န်ထမ်းတွေကို သူတို့ရဲ့ တက်ကျွမ်း နားလည်မှု နဲ့ ပင်ကိုယ်အရည်အသွေးတွေပေါ် မူတည် ခန့်အပ်ပြီး သူတို့ရဲ့ အနာဂတ် အလုပ်အကိုင်တတ်လမ်းကို ပုံဖော် နိုင်ဖို့ အတွက်လည်း အခွင့်ကောင်းတွေ ဖန်တီးထားပါတယ်။ ဒါ့အပြင် တယ်လီနောဟာ မြန်မာနိုင်ငံမှာ တာဝန်သိ စီးပွား လုပ်ငန်း တစ်ခုအဖြစ် အပြင် အလုပ်လုပ်ကိုင်လိုသူတိုင်း ရွေးချယ်ပြီး လာရောက် လုပ်ကိုင်လိုတဲ့ လုပ်ငန်းတစ်ခုဖြစ်အောင် အမြဲ ဦးစားပေးဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ ကုမ္ပဏီက ချမှတ်ထားတဲ့ ဖြောင့်မှတ်မှုနဲ့ ကျင့်သိက္ခာရှိမှု အမြင့်ဆုံး စံညွှန်းတွေကို လိုက်နာလုပ်ကိုင် ဆောင်ရွက်နိုင်မယ့် သူတွေကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်”ဟု တယ်လီနော ၏ Chief People Officer ဖြစ်သူ ဒေါ် Goldie ရွှေရည်ဝင်းလဲ့က ပြောကြားသည်။

 

အလုပ်အကိုင်အခွင့်အလမ်းနေ့ ၂၀၁၇

စိတ်ပါဝင်စားသူများမည်သူမဆို ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် တယ်လီနောရုံးတည်ရှိရာ စက်မှု (၁) လမ်း၊ ဗဟန်းမြို့နယ်၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည့် အလုပ်အကိုင်အခွင့်အလမ်းနေ့ကို တက်ရောက်နိုင်ပြီး လျှောက်လွှာများကို တစ်ပါတည်း ယူဆောင်လာကြရန် အကြံပြုပါသည်။ ရန်ကုန်မြို့ ပြင်ပ အခြားဒေသအသီးသီးမှ စိတ်ပါဝင်စားသူများ အနေဖြင့်လည်း လစ်လပ် အလုပ်အကိုင် နေရာများကိုhttps://www.telenor.com.mm/joblist/career/150တွင် ၀င်ရောက်ကြည့်ရှုနိုင်ပြီးhr.myanmar@telenor.com.mm သို့ လျှောက်လွှာပေးပို့ လျှောက် ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။

You may be interested

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ
Android, Mobiles & Tablets, NEWS
0 shares0 views

Xiaomi Mi Max 3 ကို ဇူလိုင်လမှာ မိတ်ဆက်နိုင်ဖွယ်ရှိ

Tha Ra - May 23, 2018

[Zawgyi] Xiaomi အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေကို မေလကုန်လောက်မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ဖြစ်သူ Lei Jun ကလည်း ဒီလကုန်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်တွေ မိတ်ဆက်မယ့် အကြောင်းကို Weibo ကနေ…

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ
Automobiles, NEWS
0 shares4 views

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများကြောင့် စားသုံးသူများ ယုံကြည်မှု ကျဆင်းဟု စစ်တမ်းက ဖော်ပြ

Ko Thuya - May 23, 2018

မောင်းသူမဲ့ ကားများရဲ့ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီးနောက်မှာ အဲဒီကားများကို စားသုံးသူများက ယုံကြည်မှု ကျဆင်းလာနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ အမေရိကန် လူမျိုးများရဲ့ ၇၃ ရာခိုင်နှုန်းက အဲဒီကားများကို စီးဖို့ ကြောက်နေကြတယ်လို့ ဖြေဆိုကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ AAA…

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ
Android, HUBS, Mobiles & Tablets
499 shares102 views

Xiaomi က Mi 8 ကို မေလ ၃၁ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီ

Ko Thuya - May 23, 2018

ရှောင်မီက ယခုနှစ်မှာ ထုတ်လုပ်ရောင်းချမယ့် စမတ်ဖုန်းရဲ့ အမည်ကို Mi 7 လို့ မပေးဘဲ ကုမ္ပဏီ တည်ထောင်တာ ၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် Mi 8 လို့ အမည်ပေးထားမယ်ဆိုတဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့…

Most from this category