66 Shares 770 Views

Snoopy ဖုန်းဆိုင်ပိုင်ရှင် ကိုဖြိုးဟိန်းဇော်နှင့်တွေ့ဆုံခြင်း

Smartphone လောကထဲကို ၂၀၁၅ခုနှစ် မှာဝင်ရောက်ခဲ့ပြီး တစ်နှစ်ကျော်အတွင်းအောင်မြင့်ခဲ့တဲ့ ဖုန်းဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဆိုင်လေးကတော့ Snoopy Mobile ဆိုင်ပဲဖြစ်ပါတယ်။ အခုဆိုရင် Snoopy Mobile ဆိုင်ကို ၃ဆိုင်တောင် ဖွင့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Snoopy Mobile ကိုဦးစီးလုပ်ကိုင်နေ တဲ့ ကိုဖြိုးဟိန်းဇော်နဲ့တွေ့ပြီး Smartphone လောကအကြောင်းကို အခုလိုမေးဖြစ်ခဲ့ပါတယ်။

Q. ပထမဆုံး အစ်ကို Snoopy ဖုန်းဆိုင်စဖွင့်ဖြစ်ပုံကိုပြောပြပေးပါလား။

အရင်တုန်းကကျွန်တော်တို့ Snoopy ဆိုင်ကလျှပ်စစ်ပစ္စည်းဆိုင်ပါ။ ooredoo ဆင်းမ်ကတ်တွေထွက်တဲ့ အချိန်မှာ ကျွန်တော်အဖေက ဖုန်းဆိုင်ဖွင့်ဖို့ တိုက်တွန်းခဲ့တယ်။ ooredoo ဆင်းမ်ကတ် ထွက်ထွက်ခြင်းတော့ မဖွင့်ဖြစ်သးဘူး။ ၂၀၁၅ခုနှစ်လောက်မှ စပြီးလုပ်ဖြစ်ခဲ့တယ်။

Q. အစ်ကိုတို့ဆိုင်မှာ ရရှိနိုင်တဲ့ဖုန်း Brand တွေကိုပြောပြပါလား။

ကျွန်တော်တို့ဆိုင်မှာက iphone, Xiaomi, Oppo, ViVo, Huawei, Samsung နာမည်ကြီး Brand အစုံရပါတယ်။

Q. အစ်ကိုတို့ဆိုင်မှာ ရောင်းအားအကောင်းဆုံး ဖုန်းတွေကိုပြောပြပေးပါလား။

အဓိကကတော့ Xiaomi နဲ့ iphone ကတော့ပိုကောင်းရတယ်။ ပြီးတော့ Oppo, ViVo ရောင်းရတယ်။ နောက် ဆမ်ဆောင်း ကလည်း ရောင်းအား အကောင်းဆုံး စာရင်း ထဲ အမြဲပါတယ်။

Q. ဖုန်းတစ်လုံးမှာပါတဲ့ Function တွေလည်းသိပ်မကွာဘူး၊ ဈေးလည်းမကွာဘူးဆိုရင် ဘယ်Brand ကို ပိုပြီး ရွေးချယ်ကြသလဲ။

တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်တာမတူဘူး။ Brand အစွဲရှိတဲ့သူကျတော့ ကိုယ်သုံးနေကျ ကိုယ်ကြိုက်တဲ့ Brand ပဲရွေးကျတယ်။ တချို့ကျတော့လည်း Brand အစွဲမထားဘဲ ပြောင်းကိုင်ကြတဲ့သူတွေလည်း ရှိတယ်။ ဖုန်းထဲက Function လည်းသိပ်မကွာဘူး ဈေးလည်းသိပ်မကွာဘူး ဆိုရင် နောက်ပိုင်း Xiaomi ကို အဓိက ပိုပြီးရွေးချယ်ကြတာ များတယ်။

Q. အခုနောက်ပိုင်း ဖုန်းဝယ်ရင် ဖုန်းဝယ်တဲ့သူတွေအနေနဲ့ ဘယ်အပိုင်းကိုအဓိကထားပြီး ရွေးဝယ်လေ့ရှိလဲ။

အခုနောက်ပိုင်း ဖုန်းဝယ်ရင် ကင်မရာ ပိုင်းကို အဓိကထားပြီး ရွေးဝယ်တဲ့သူများလာတယ်။

Q. အစ်ကိုတို့ဆိုင်က ဝယ်ယူတဲ့ဖုန်းတွေအတွက် Customer တွေကို ဘယ်လိုဝန်ဆောင်မှုတွေပေးပါသလဲ။

ကုမ္မဏီအာမခံရှိတဲ့ ဖုန်းတွေကို ကုမ္မဏီကိုပို့ပေးတယ်။ အမြန်ဆုံး အဆင်ပြေအောင်လုပ်ပေးတယ်။ ကုမ္မဏီ အာမခံမရှိတဲ့ဖုန်းတွေကို Software ပိုင်းကို တာဝန်ယူပြီးလုပ်ပေးတယ်။ ပြီးတော့ ကျွန်တော်တို့ဆိုင်က ဝယ်ယူတဲ့ Customer တွေအတွက် ကုမ္မဏီကပေးတဲ့ လက်ဆောင်အပြင် ကျွန်တော်ဘက်ကလည်း လက်ဆောင် ပစ္စည်းတွေပေးပါတယ်။ အဲလိုပေးတာကလည်း ဝယ်ယူတဲ့ Customer တွေကိုစီတ်ချမ်းသာစေချင်လို့ပါ။

Q. အစ်ကိုတို့ဆိုင်မှာ Delivery  Service ရှိတယ်လိုသိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အဆင်ပြေမှုရှိလား ဘယ်လိုအခက်ခဲတွေ ကြုံရသလဲ။

တစ်ခါတစ်လေ မှာပြီး မယူတာတွေကြုံရတယ်။ ပို့တဲ့အချိန်လေး နည်းနည်းနောက်ကျတာနဲ့ customer က မယူတာတွေလည်း ကြုံရတယ်။ Delivery ကိစ္စကတော့ အရမ်းကြီး အဆင်မပြေသေးဘူး။ နောက်ပိုင်း ဒီထက်ကောင်းအောင် လုပ်သွားဖို့ရှိပါတယ်။

Q. 2016 တုန်းကဘယ် Brand တွေရောင်းအားကောင်းခဲ့လဲ။

Xiaomi, Huawei, Oppo နဲ့ iphone ကရောင်းအားကောင်းခဲ့ပါတယ်။

Q. 2017 အစမှာရော ဘယ်ဖုန်းတွေက ရောင်းအားကောင်းနေလဲ။

၂၀၁၇ အစမှာ Samsung ကဈေးနှုန်းတွေ လျှော့ချထားတဲ့အတွက် ဒီလပိုင်းမှာ Samsung က အရမ်း ရောင်းအား ကောင်းနေပါတယ်။

Q. မြန်မာပြည်ရဲ့အနေအထားအရ ဖုန်းသုံးတဲ့သူတွေအတွက် ဘယ်ဈေးနှုန်းလောက်ဆိုရင်ဆင်ပြေတယ်လို့ မြင်မိပါလဲ။

၂သိန်းဝန်းကျင်လောက်က ပိုပြီးအဆင်ပြေတယ်။ ၂သိန်းဝန်းကျင်လောက်ဆိုရင် function တွေလည်း တော်တော်စုံ ပါတယ်။ ၂သိန်းဝန်းကျင်ဖုန်းတွေက ပိုပြီး ရောင်းကောင်းတယ်။

Q. အခုလက်ရှိ Smartphone ဈေးကွက် အခြေအနေကိုပြောပြပေးပါလား။

ကျွန်တော်တို့ ဆိုင်စဖွင့်တုန်းကထက် စာရင် Brand တွေ အများကြီးထွက်လာတယ်။ ဝယ်လိုအားလည်း အရမ်းများလာတယ်။ Smartphone လောကက တိုးတက်ဖို့ပဲ ရှိပါတယ်။ အခုခေတ်မှာ ဖုန်းက မရှိမဖြစ်ထဲမှာ ပါပါတယ်။

Q. အစ်ကိုအနေနဲ့ iOS နဲ့ Android မှာ ဘယ်ဟာကိုကြိုက်လဲ။

iOS ကို ပိုကြိုက်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ရိုးရှင်းပြီးတော့ သုံးရတာအဆင်ပြေတယ်။ security ပိုင်းလည်း မြင့်တယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေတယ်။ Android လည်း သုံးဖြစ်ပါတယ်။ Android ကျတော့ အားလုံးနဲ့ ချိတ်ဆက်ထားတဲ့အတွက် သုံးရတာတော့လွယ်ကူတယ်။

Q. အစ်ကိုတို့ဆိုင်မှာ အရစ်ကျရောဝယ်လိုရလား။

ရပါတယ်။ Aeon နဲ့လည်းဝယ်လိုရတယ်။ AYA ဘဏ် Simple pay , AYA  Credit Card တွေနဲ့လည်း ဝယ်ယူလိုရပါတယ်။

 

You may be interested

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ
Mobiles & Tablets, NEWS, Softwares & Application
60 shares47 views

OnePlus 5 နဲ့ 5T အတွက် Android 9 Pie Open Beta စတင် ရရှိ

Nigma - Dec 12, 2018

(Zawgyi) OnePlus 5 နဲ့ 5T ကိုင်နေသူတွေအတွက် သတင်းကောင်းပါ။ ဒီဖုန်းနှစ်လုံးအတွက် Android 9 Pie Oxygen OS Open Beta တွေကို ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း OnePlus ဖိုရမ်မှာ ကုမ္ပဏီအဖွဲ့ဝင်တယောက်က တင်ထားပါတယ်။ Android 9…

Dual Camera ပါတဲ့ Huawei P Smart (2019)
Android, Huawei, HUBS
181 shares33 views

Dual Camera ပါတဲ့ Huawei P Smart (2019)

Ko Thuya - Dec 12, 2018

Huawei P Smart (2019) ကို ပြင်သစ် အရောင်းဆိုင် Boulanger က စာရင်းတင်လိုက်ပါတယ်။ ဟွာဝေးကတော့ တရားဝင် ကြေညာခြင်း မရှိသေးပါဘူး။ အခုတော့ ၀က်ဘ်စာမျက်နှာကို ဖယ်ရှားလိုက်ပေမယ့် သူ့ရဲ့ Specs များကို သိလိုက်ရပါတယ်။ သူ့မှာ ၆.၂…

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်
Google, HUBS, NEWS
0 shares4 views

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာမှုကြောင့် ကုမ္ပဏီရဲ့ စီအီးအိုကို လွှတ်တော်က ဆင့်ခေါ်

Ko Thuya - Dec 12, 2018

Google မှာ Idiot လို့ ရိုက်ရှာလိုက်ရင် Donald Trump ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး အမေရိကန် လွှတ်တော်က ဂူဂယ်လ်ရဲ့ စီအီးအို ဖြစ်သူ Pichai ကို ဆင့်ခေါ် မေးမြန်းလိုက်ပါတယ်။ Search Engine ရဲ့…

Most from this category