0 Shares 181 Views

ViVO ရဲ့ Brand Ambassador လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

အနုပညာလောကထဲကို အဆိုတော်တစ်ယောက်အနေနဲ့ ဝင်ရောက်ခဲ့ပြီး အခုတော့ သရုပ်ဆောင်အလုပ်ကိုပါ တွဲလုပ်နေတဲ့ ရက်ပ်ပါအဆိုတော် လွှမ်းပိုင်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ လွှမ်းပိုင်နဲ့တွေ့တုန်း ခဏတာမှာ အနုပညာအကြောင်းနဲ့ ဖုန်းအကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Q. လတ်တလောလွှမ်းပိုင်ရဲ့ အနုပညာလှုပ်ရှားမှုကိုပြောပြပေးပါလား။

ကျွန်တော်အခု ကိုယ်စောင့်နတ် ရုပ်ရှင်ကားကြီးရိုက်နေပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော်ကိုယ်တိုင် ရေးထားတာပါ။ ဇာတ်ညွှန်းကတော့ ကျွန်တော်ရယ်၊ ကိုထက်ရယ် နှစ်ယောက်ပေါင်းပြီးတော့ ရေးထားတဲ့ကားလေး ပါ။ ကိုယ်စောင့်နတ်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဟာသဇာတ်လေးပါပဲ။

Q. ဂီတလှုပ်ရှားမှုတွေ အနေနဲ့ရော ဘာတွေလုပ်ဖြစ်လဲ။

ကျွန်တော် တစ်ကိုယ်တော်ခွေ (၃)လပိုင်းမှာ ထွက်ဖို့အတွက် သီချင်းတွေလုပ်နေပါတယ်။ အရင်ခွေတွေနဲ့မတူအောင် ကြိုးစားထားပါတယ်။

Q. အခွေနာမည်ကိုရော ဘယ်လိုပေးထားလဲ။

ကျွန်တော်ပေးချင်တဲ့ အဓိပ္ပါယ်က ဂီတနဲ့ပတ်သက်တာပဲ ပေးချင်တဲ့အတွက် ဂီတဗေဒ လို့ ပေးထားပါတယ်။

Q. အခွေက ဘယ်တော့လောက် ထွက်မှာလဲ။

သုံးလပိုင်း ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန်နဲ့ တက္ကသိုလ်တွေ မဖြေခင် ကြားထွက်ဖို့စီစဉ်ထားပါတယ်။

Q. ချစ်သူများနေ့အတွက် ဘာအစီစဉ်တွေရှိလဲ။

ထွေထွေထူးထူးတော့ မရှိပါဘူး။ ချစ်သူများနေ့မှာ ရှိုးဆိုဖြစ်မယ်ထင်တယ်။

Q. လွှမ်းပိုင်ရဲ့ အချစ်ရေးအခြေအနေလေး ပြောပြပးပါလား။ ဟို ဟို ဒီ ဒီ သတင်းတွေ ထွက်နေလို့ လေ။

အဲလိုမျိုးတွေ ထင်ကောင်း ထင်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အတွဲ ပုံတွေ နောက်ပိုင်းမှာ သိပ်မတင်ဖြစ်တော့ဘူး။ မတင်ဘူးဆိုတာက Facebook ပေါ်မှာပုံတင်ရတာကို အတွဲပုံ မပြောနဲ့ ကျွန်တော် တစ်ယောက်တည်း ပုံတောင် မတင်ဖြစ်တော့ဘူး။ တစ်မျိုးကြီးပဲ ရှက်လာသလို ခံစားရတယ်။

Q. Social Media တွေခေတ်စားလာတဲ့ အပေါ်လွှမ်းပိုင်အမြင်ကို ပြောပြပေးပါလား။

Social Media တွေ ခေတ်စားလာတယ်ဆိုပေမဲ့ အကောင်းအဆိုးကတော့ ဒွန်တွဲနေတာတွေရှိပါတယ်။ ရုပ်ရှင်ရုံတွေမှာ လူတွေပိုဝင်တယ်ဆိုတာကလည်း ဆိုရှယ် မီဒီယာကြောင့် အများကြီးပါတယ်။ ဒီ ဆိုရှယ်မီဒီယာမှာ ထွေလာတင်ကတည်းက ဗီဒီယိုကားတွေမှာ Trailer ထိုးတာထက် ပိုထိရောက်တယ်။ သူ Page လေးမှာ သူ ကဏ္ဍလေးနဲ့ ဆိုင်တာတွေလေးတွေ ဒီ Page မှာတစ်ခုင်္ပြီးတစ်ခု တက်မယ်။ ထွေလာတွေ ထိုးပေးမယ်ဆိုရင် လူတွေက ဒါကိုကြည့်ပြီး သဘောကျမယ်။ ဒါက ဆိုရှယ်မီဒီယာတွေရဲ့ ကောင်းကွက်တွေပေါ့။ မကောင်းတာတွေ လည်းရှိပါတယ်။

Q. လူငယ်တစ်ယောက်အနေနဲ့ Facebook ကိုရောအရမ်းသုံးဖြစ်လား။

သုံးဖြစ်တယ်။ ဒါပေမဲ့ များသောအားဖြင့် ကြာလာတာနဲ့အမျှ Silent ဖြစ်လာတယ်။ လိုက်ကြည့်တဲ့သူ တစ်ယာက်ဖြစ်လာတယ်။ ကိုယ်ကိုတိုင် Post တွေ တင်တာထက် အသည်းကွဲပြ၊ Feel ပြတာထက်ပေါ့။ အရင်ကတော့တင်ဖြစ်တယ်။ ဒါပေမယ့် ကြာလာတာနဲ့အမျှ အဲဒီလိုတင်ရတာကို Feel မတွေ့တော့ဘူး ။ ဗဟုသုတရှိတာတွေ လိုက်ကြည့်တယ်။ ကိုယ်မသိတာလေးတွေ ယူဖြစ်တယ်။ အရင်ကလောက် မသုံးဖြစ် တော့ဘူး။

Q. လတ်တလောမှာ လွှမ်းပိုင်ဘယ်ဖုန်းတွေကိုင်ထားလဲ။

ကျွန်တော် ViVO Brand Ambassador တစ်ယောက်အနေနဲ့ ViVo ဖုန်းတွေကိုကိုင်ဖြစ်နေပါတယ်။

Q. ဖုန်းကိုတစ်နေ့တာအတွက် ဘာတွေသုံးဖြစ်လဲ။

ဖုန်းကတော့ ကျွန်တော်အတွက် မရှိလို့ မဖြစ်ဘူး။ ဖုန်းနဲ့ပဲ အလုပ်တွေ ဆက်သွယ်ရတယ်။ ကိုယ်မသိတာတွေကို အင်တာနက်ကနေ ကြည့်ပြီး လေ့လာဖြစ်တယ်။အနုပညာနဲ့ ပတ်သက်တာတွေကို လေ့လာတဲ့အခါ ဖုန်းနဲ့ပဲ သုံးတာများတယ်။ Laptop နဲ့သုံးဖို့ကျတော့ အချိန် သီးသန့်မပေးနိုင်ဘူး။ အဲဒီအတွက် ဖုန်းနဲ့ပဲ သုံးဖြစ်တာများ တယ်။ ဖုန်းကောင်းကောင်းတစ်လုံးရှိရင် ဒီခေတ်မှာက အဆင်ပြေပါတယ်။ ဖုန်း Brand တွေက အခုဆိုရင် အများကြီးထွက်နေတော့ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်လို့ရပါတယ်။

Q. အခုနောက်ပိုင်းအင်တာနက်သုံးရတာ လိုင်းအခြေအနေဘယ်လိုရှိလဲ။

အရင်ကထက်စာရင်တော့ Telecom တွေအပြိုင်အဆိုင်ထွက်လာတော့ အင်တာနက်သုံးရတာလည်း နည်းနည်းတော့ အဆင်ပြေလာတယ်။ ကိုယ်ကြိုက်တာကို စိတ်ကြိုက် ရွေးပြီး သုံးလိုရတော့ အဆင်ပြေပါတယ်။

Q. Over Sea မှာ အင်တာနက်သုံးတာနဲ့ ဒီမှာသုံးတာဘာတွေကွာခြားမှုရှိလဲ။

Over Sea မှာက လိုင်းအရမ်းကောင်းတယ်။ Download ဆွဲတဲ့နေရာမှာ သိသာတယ်။ ဒီမှာက Download ဆွဲရတာကြာတယ်။ ဟိုမှာကျတော့ မြန်တယ်။

 

 

 

 

You may be interested

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Black Shark 2 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ

Ko Thuya - Sep 26, 2018

Xiaomi က သူ့ရဲ့ ပထမဆုံး Gaming Phone ကို ယခုနှစ် ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ် ဆက်သွယ်ရေး ကော်မရှင် (TENAA) မှ မှတ်ပုံတင် သတင်းအချက်အလက်များ ထွက်ပေါ်လာတဲ့ အတွက် Xiaomi ဟာ ဒုတိယ…

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ
NEWS, Softwares & Application, Tech Update
50 shares18 views

Google က အိန္ဒိယမှာ AI စနစ်နဲ့ ရေကြီးမှုကို ခန့်မှန်းပေးနေ

Ko Thuya - Sep 26, 2018

Google က ဒေသတွင်း အစိုးရ ဌာနများနဲ့ ပူးပေါင်း၍ Maps နဲ့ Search တို့မှာ သဘာဝ ဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး အသိပေးမှုများ ပြုလုပ်နေတာ နှစ်များစွာ ကြာနေပါပြီ။ အခုလည်း ဂူဂယ်လ်က အိန္ဒိယမှာ AI ကို သုံး၍…

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်
Gadgets, NEWS
44 shares12 views

အရေပြား ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့ချပေးမယ့် တန်ဖိုးနည်း လက်ကောက်

Ko Thuya - Sep 26, 2018

အမေရိကန် လူမျိုး ၁၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ ဗီတာမင် ဒီ အားနည်းနေပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း နည်းပညာ တက္ကသိုလ်၊ အသုံးချ ဓါတုဗေဒနဲ့ ပတ်ဝန်းကျင် သိပ္ပံပညာ ဌာနမှ ပါမောက္ခ ဖြစ်သူ Bansal က ဒီ…

Most from this category