41 Shares 8594 Views

ဂျပန် ဘာသာစကားကို ဖုန်း ကင်မရာဖြင့် ချိန်ရွယ်လိုက်တာနဲ့ ဘာသာပြန်ပေးမယ့် Google Translate App

Jan 27, 2017
41 8594

ဂျပန်ကို အလည်သွားမယ့် လူများအတွက်တော့ သတင်းကောင်းပါ။ လမ်းပျောက်ခြင်း၊ စားသောက်ဆိုင်မှာ အစားအစာများ မှားယွင်း မှာယူခြင်း စတဲ့ ပြဿနာများ မရှိတော့ပါဘူး။ Google ရဲ့ Translate App က အဲဒီပြဿနာများကို ဖြေရှင်းပေးနိုင်ပါပြီ။

အရင်ကတော့ Google Translate App မှာ ဂျပန်စာသားများကို အင်္ဂလိပ် ဘာသာစကား သို့မဟုတ် အင်္ဂလိပ် ဘာသာစကားများကို ဂျပန် ဘာသာစကားအဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ အခုတော့ ဂျပန် စာသားဖြင့် ရေးသားထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်များ၊ ပုံနှိပ်စာသားများ၊ စားသောက်ဆိုင် မီနူးများကို ဖုန်း ကင်မရာဖြင့် ချိန်ရွယ်လိုက်တာနဲ့ အင်္ဂလိပ် ဘာသာစကား အဖြစ် ဘာသာပြန်ပေးနိုင်လာပါတယ်။ အပြန်အလှန်အားဖြင့် အင်္ဂလိပ် ဘာသာစကားဖြင့် ရေးသားထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်များ၊ ပုံနှိပ်စာသားများ၊ စားသောက်ဆိုင် မီနူးများကိုလည်း ဂျပန်ဘာသာစကား အဖြစ် ပြောင်းလဲပေးနိုင်လာပါတယ်။

Google Translate App ဟာ တစ်ကမ္ဘာလုံးမှ ဘာသာစကားများကို ဘာသာပြန်ပေးဖို့ အစဉ်အမြဲ ကြိုးစားထည့်သွင်းပေးနေပါတယ်။ သူ့မှာ စာသားများကို ဘာသာပြန်ပေးနိုင်တဲ့ အပြင် ဓါတ်ပုံမှ စာသားများကို ဘာသာပြန်ပေးတဲ့ စွမ်းရည်လည်း ပါရှိပါတယ်။ ဒါ့အပြင် ပါးစပ်ကနေ ပြောလိုက်တဲ့ စကားများကိုလည်း ဘာသာပြန်ပေးနိုင်ပါတယ်။ ယခု စွမ်းဆောင်ချက်အသစ်ဟာ အင်တာနက် ဆက်သွယ်မှုလည်း မလိုဘူးလို့ သိရပါတယ်။

ref : tech radar

You may be interested

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10
Apple, Camera, Huawei
623 shares71 views

ကင်မရာစမ်းသပ်မှုမှာ iPhone 8 ထက်သာသွားတဲ့ Huawei Mate 10

Ko Thuya - Oct 20, 2017

ကင်မရာများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ DxOMark ရဲ့ စမ်းသပ်မှုမှာ Google Pixel 2 ဟာ iPhone 8 နဲ့ အခြား ကင်မရာအကောင်းဆုံး ဖုန်းများကို ကျော်ဖြတ်ပြီး ရမှတ် ၉၈ မှတ်ဖြင့် သရဖူဆောင်းထားပါတယ်။ Huawei Mate…

Laptop ကို အားသွင်းပေးမယ့် Power Bank
Gadgets, NEWS, Storage Devices
243 shares56 views

Laptop ကို အားသွင်းပေးမယ့် Power Bank

Ko Thuya - Oct 20, 2017

စမတ်ဖုန်းများကို အားသွင်းပေးတဲ့ Power Bank များစွာ ပေါ်ထွက်နေပေမယ့် လက်တော့များကို အားသွင်းပေးတဲ့ Power Bank များကတော့ ရှားပါးနေပါသေးတယ်။ အခုတော့ လက်တော့ကို အားသွင်းပေးမယ့် Saber အမည်ရ Power Bank တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ ၂.၂…

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X
Apple, HUBS, Mobiles & Tablets
323 shares35 views

မြန်မာငွေ ၆၅ သိန်းတန် စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ iPhone X

Ko Thuya - Oct 20, 2017

Apple က နိုဝင်ဘာလ ၃ ရက်နေ့မှာ ရောင်းချမယ့် iPhone X ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် ဈေးကြီးတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် ဒီထက်ဈေးကြီးတဲ့ iPhone X Model များထွက်ပေါ်လာပါပြီ။ အဲဒီ iPhone…

Most from this category