0 Shares 408 Views

ရိုးရာလေး ၀က်ဘ်ဆိုဒ် တည်ထောင်သူ အောင်ခမ်း နှင့် စကားစမြည်

နည်းပညာလောကမှာ ထိပ်ထိပ်ကြဲအောင်မြင်နေတဲ့ Yoyarlay လေးဆိုတဲ့ page ကိုထူထောင်ပြီး သီးသန့်လုပ်ဆောင်မှု အနေနဲ့ စာတွေရေးတဲ့ လူငယ်တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ ကိုအောင်ခမ်း ပဲဖြစ်ပါတယ်။ သူနဲ့ တွေ့ဆုံတုန်း နည်းပညာလောကအကြောင်းနဲ့ စမတ်ဖုန်းဖုန်းလောကအကြောင်းကို အခုလိုမေးဖြစ်ခဲ့ပါတယ်။

Q. ပထမဆုံး အစ်ကို လက်ရှိအလုပ်ကိုပြောပြပေးပါလား။

ကျွန်တော်အခုလက်ရှိ Tele-communication နဲ့ Smart ဖုန်းကုမ္မဏီတစ်ခုမှာ Digital Marketing မန်နေဂျာအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

Q. လက်ရှိ Smart ဖုန်းလောကအခြေအနေကို ပြောပြပေးပါလား။

Smart ဖုန်းလောကကတော့ အရင်ကထက်စာရင် အများကြီး ကောင်းလာတယ်။ ရွေးချယ်စရာတွေလည်း များလာတယ်။ အဲဒီအတွက် အပြိုင်တွေ လည်း များလာတယ်။ User တွေအနေနဲ့လည်း ရွေးချယ်စရာတွေများ လာသလို ရောင်းချတဲ့သူတွေဘက်ကလည်း ပြိုင်ဆိုင်စရာတွေရှိလာတယ်။

Q. နောက်ပိုင်းမှာရော Smart ဖုန်းလောက တိုးတက်လာဖို့အခြေနေရှိလား။

မြန်မာပြည်မှာ လူဦးရေသန်း(၅၀)လောက်ရှိတယ်။ လူဦးရေသန်း(၅၀)လုံး တစ်ရာရာခိုင်နှုန်း အပြည့် ဖုန်းကိုင်နိုင်ဖို့အတွက် market အော်ပိုတက်ရီ တွေရှိတယ်။ နောက်တစ်ခုက ကိုင်နေပြီးသား လူတွေက ဖုန်းတွေ လဲကိုင် ဖို့ ဒီဈေးကွက်နှစ်ခုက တော်တော်ကြီးတယ်ဆိုတော့ အဲဒီဈေးကွက်ကို အောင်မြင်အောင် လုပ်နေကြ ပါတယ်။ နောက်ပိုင်း Smart ဖုန်းလောကက တိုးတက်ဖို့ပဲရှိပါတယ်။

Q. အခု နောက်ပိုင်းလူတွေက ဖုန်းဝယ်တဲ့အခါ ဖုန်းရဲ့ ဘယ်လို အားသာချက်တွေကို အဓိကထားပြီး ဝယ်ကြလဲ ။

ကျွန်တော်အမြင်ကို ပြောရရင် မြိ့နေလူတန်းစားအများစုက တချို့ဆိုရင် ဖုန်းကို Function တွေကိုကြည့်ပြီး ကိုင်တာတွေရှိတယ်။ တချို့ ဒီဇိုင်းကို ကြည့်ပြီးကိုင်ကြတယ်။ တချို့ကျတော့လည်း Function စုံချင်နေမစုံချင်နေ ကင်မရာနဲ့ ဒီဇိုင်းကိုကြည့်ပြီး ကိုင်ကြတယ်။ တချို့ကျတော့လည်း ဘယ်လို Feature Function တွေပါလည်းဆိုတာကို ကြည့်ကြတယ်။ အခုနောက်ပိုင်းတော့ အားလုံးနီးပါးက ကင်မရာကို ဦးစားပေးပြီး ဝယ်ကျတာတွေ့ရတယ်။

Q. နည်းပညာလောကထဲကို ဘယ်အချိန်လောက်က ရောက်ရှိခဲ့တာလဲ။

၂၀၁၁ခုနှစ်၊ ၃လပိုင်းလောက်က စခဲ့တာပါ။ အခုဆိုရင် ဒီလောကထဲကိုရောက်တာ ၆နှစ်ကျော် ၇နှစ်ထဲ ရောက်နေပါပြီ။

Q. အဲဒီ ၆နှစ်ကျော် ကာလအတွင်း နည်းပညာနဲ့ ပတ်သက်ပြီး အစ်ကိုလုပ်ခဲ့တာတွေကို ပြောပြပါလား။

၂၀၁၁ ခုနှစ်၊ မတ်လပိုင်းတုန်းက နည်းပညာ Website တစ်ခုမှာ ဘာသာပြန်အနေနဲ့ လုပ်ခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဘာသာပြန်ကနေ Digital Marketing လိုင်းဘက်ကို ဝင်လိုက်တယ်။ အခုနောက်ပိုင်း ဘာကို focus ထားလည်းဆိုတော့ ဘာသာပြန်တာ တစ်ခုတည်း မဟုတ်ပဲနဲ့ Digital Marketing လိုခေါ်တဲ့ ကုန်ပစ္စည်းကို Online ပေါ်မှာပေါက်အောင် ဝန်ဆောင်မှုပေးတဲ့ အလုပ်ကိုလုပ်သွားမှာပါ။ New Media ကလည်း   ကျွန်တော်ရဲ့အားသာချက်တစ်ခုအနေနဲ့ ရှိခဲ့တာကြောင့်မိုလို့ ရိုးရာလေး ဆိုတဲ့ Website ကို ကျွန်တော်တည် ထောင်ပြီး ရေးသားခဲ့တယ်။

Q. ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့အပေါ် အစ်ကိုအမြင်ကိုပြောပြပေးပါလား။

နည်းပညာရဲ့ဖွံဖြိုးတိုးတက်မှုကတော့ ကျွန်တော်တို့လည်းလွန်ဆန်လို့ မရသလို နေခဲ့လို့ လည်းမရပါဘူး။ ဒီလိုမျိုးတိုးတက်လာမှုကလည်း ဖွံဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်လေဖြစ်ထရှိတဲ့ အရာတစ်ခုပါပဲ။ အသုံးပြုတဲ့ software ကွဲချင်ကွဲသွားမယ်။ ဒါပေမယ့် Social Media ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ ရှိကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာ Facebook သုံးတဲ့ User က ၁၅သန်းလောက်ရှိလာပြီ ဒီတက်တိုးလာဖို့ပဲ ရှိပါတယ်။ ၂၀၁၇ မှာ ကျွန်တော်တို့ခန့် မှန်းတာကတော့ သန်း ၂၀ ကျော်အထိ ဖြစ်လာနိုင်ပါတယ်။ ဈေးကွက်ကလည်း တော်တော်ကို ကြီးကျယ်ပါတယ်။ User တွေအနေနဲ့ အသုံးပြုမှုကလည်း အချိန်ကုန်ဆုံးမှု၊ လိုက်ပါစီးမျောမှုတွေကလည်း အရမ်း များပါတယ်။

Q. နည်းပညာနဲ့ပတ်သက်ပြီး လူငယ်တွေရဲ့စိတ်ဝင်စားမှုကရော ဘယ်လိုရှိပါလဲ။

မြန်မာပြည်က လူငယ်တွေက မိဘတွေရဲ့ထိန်းချုပ်မှုအောက်မှာ နေရတာများတဲ့အတွက် ကိုယ်ဝါသနာထက် မိဘတွေဖြစ်ချင်တာကိုပဲ လုပ်နေရတဲ့အတွက် သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးက ပျောက်နေပါတယ်။ လူငယ်တွေကတော့ ဘယ်နယ်ပယ်ကပဲဖြစ်ဖြစ် နည်းပညာကို လူငယ်တိုင်း စိတ်ဝင်စားလာတာကိုတွေ့ပါတယ်။ နည်းပညာကို စိတ်ဝင်စားမှုကတော့ အများကြီးတိုးတက်လာတာတွေ့ရတယ်။ တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့အတွက် နည်းပညာကို အဓိကအားကိုးသင့်တယ် လို့ မြင်မိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူငယ်တွေက နည်းပညာကို လေ့လာပြီးတော့ တီထွင်ဆန်းသစ်မှုတွေကို လုပ်ပေးနိုင်မယ် ဆိုရင် တိုင်းပြည်ရဲ့တိုးတက်မှုကို ကူညီနိုင်မယ်လို့ ထင်ပါတယ်။

 

You may be interested

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်
Android, Huawei, HUBS
0 shares0 views

အနောက်ကင်မရာ သုံးလုံးပါမယ့် Huawei P11 ကို လာမယ့်နှစ် ပထမ သုံးလအတွင်းမှာ ရောင်းချမည်

Ko Thuya - Dec 15, 2017

Huawei ရဲ့ အရာရှိတစ်ဦးက P11 ကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ကြေညာမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။ အခုတော့ ဂျာမနီမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ Huawei ရဲ့ တာဝန်ရှိသူများက လာမယ့်နှစ်…

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ
HUBS, Microsoft, NEWS
44 shares3 views

မျက်မမြင်များကို လမ်းညွှန်ပေးတဲ့ Microsoft App ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပြီ

Ko Thuya - Dec 15, 2017

ဥာဏ်ရည်တု နည်းပညာဟာ အနာဂတ်မှာ လူသားများရဲ့ အလုပ်အကိုင်များကို လုယူမယ်လို့ ပညာရှင်များက တွက်ချက်ထားကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းပညာဟာ လက်ရှိမှာတော့ လူသားများကို များစွာ အကျိုးပြုနေပါတယ်။ ဥပမာပြရရင်တော့ Microsoft Seeing AI ဖြစ်ပါတယ်။ သူဟာ Smartphone App ဖြစ်ပြီး…

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ
Meizu, Mobiles & Tablets, NEWS
84 shares15 views

၂၀၁၈ မှာ Meizu စမတ်ဖုန်းသစ် ၆မျိုးကို မိတ်ဆက်သွားဖွယ်ရှိ

Nwe Oo - Dec 15, 2017

အစကတော့ Meizu M6S ကို နောက်တစ်ပတ် တရုတ်နိုင်ငံမှာ မိတ်ဆက်သွားဖို့စီစဉ်ထားကြပေမယ့် ကင်မရာပိုင်းမှာ နည်းနည်းပြဿနာရှိနေတာကြောင့် မိတ်ဆက်ပွဲကို ၂၀၁၈ ထိရွှေ့မယ်လို့ သိရပါတယ်။ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအတွင်း Meizu စမတ်ဖုန်းသစ် ၆လုံးကို တပြိုင်တည်းမိတ်ဆက်မှာက ဒါပထမဆုံးအကြိမ်ပါပဲ။ Meizu M6S…

Most from this category