0 Shares 413 Views

ရှောင်မီ က အလုပ်ထွက်ပြီး ၁ ပတ် မပြည့်သေးခင် ဖေ့စ်ဘုတ် ကို ဆက်သွယ်ခဲ့တဲ့ ဟူဂိုဘာရာ

Jan 26, 2017
0 413

ဟူဂိုဘာရာ ဆက်သွယ်လာခဲ့တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားရပြီး ပျော်ရွှင်တက်ကြွခဲ့ရတယ် လို့ ဖေ့စ်ဘုတ် အကြီးအကဲဖြစ်သူ မက်ဇူကာဘတ် က ဖွင့်ဟ ပြောကြားခဲ့ပြီးနောက်မှာ ဟူဂိုဘာရာ ဟာ ဖေ့စ်ဘုတ် က စမ်းသပ်လုပ်ကိုင်နေတဲ့ Oculus Team မှာ Lead အဖြစ်တာဝန်ယူရဖို့ သေချာသွားပြီလို့ သတင်းတွေ က ဆိုခဲ့ပါတယ်။

မက်ဇူကာဘတ် ဟာ Android OS ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တလမ်းက ကူညီလုပ်ကိုင်ခဲ့တဲ့ ဟူဂို ကို သိရှိခဲ့တာ အတော်ကြာခဲ့ပြီးဖြစ်တယ် လို့ သူရဲ့ ဖေ့်စဘုတ် မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။ ဟူဂို ရောက်လာတဲ့အတွက် VR တွေရဲ့ အနာဂတ် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားရပြီ ဖြစ်ကြောင်း ဆက်လက်ရေးသားခဲ့ပါတယ်။

ဟူဂိုဘာရာ ဟာ ၂၀၁၃ ခုနှစ်မှာ Google က နုတ်ထွက်ခဲ့ပြီး ရှောင်မီရဲ့ နိုင်ငံတကာဌာန မှာ တာဝန်ယူခဲ့ပြီး ရှောင်မီကို တာဝန်ယူခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ကုမ္ပဏီရဲ့ နိုင်ငံရပ်ခြား ထုတ်ကုန်တင်ပို့မှု တိုးတက်လာအောင် ပြုလုပ်ရာမှာ ဟူဂိုဘာရာဟာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ဟူဂိုဘာရာဟာ ပြီးခဲ့တဲ့ ၅ ရက်က မှ တနင်္လာနေ့ကမှ ရှောင်မီကနေ နုတ်ထွက်ခဲ့ပြီး အခုလို ဖေ့စ်ဘုတ် ကို ဆက်သွယ်ခဲ့တဲ့အတွက် ဖေစ်ဘုတ် ရဲ့ မိုနိုပိုလီဆန်ဆန် ကစားချင်တဲ့ စီးပွားရေး ကစားပွဲဟာ တစ်စစ အဖြေပေါ်လာပြီ လို့ အမည်မဖော်ပြထားတဲ့ ပြိုင်ဘက်လူမှုကွန်ယက် သမားတွေ က ဝေဖန်ခဲ့ကြပါတယ်။

ဒါဟာ ခေတ်သစ်အင်တာနက်လောကရဲ့ Brain Drain ဦးနှောက်ယိုစီးမှုတစ်မျီုး အဖြစ် ရှုမြင်သုံးသပ်ခဲ့ကြပါတယ်။

Ref : MarkZucaberg Faebook, TNW

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Most from this category