0 Shares 13 Views

Sony ကထုတ်လုပ်လိုက်တဲ့ အရည်အသွေးမြင့် မာလ်တီမီဒီယာ စပီကာ – SRS-X99

Feb 05, 2016
0 13

Sony ကုမ္မဏီဟာ သူတို့ရဲ့  နောက်ဆုံးထုတ် မာလ်တီမီဒီယာ စပီကာ တစ်မျိုးဖြစ်တဲ့ အရည်အသွေးမြင့် SRS-X99 ဆိုတဲ့ စပီကာတစ်လုံးကို ထုတ်လုပ်ခဲ့ပြီး ဒီစပီကာ ရဲ့  တန်ဖိုးကတော့ ၇၄၀ ဒေါ်လာ ခန့်ရှိမယ်လို့ သိရပါတယ်။

ဒီ စပီကာဟာ Wi-Fi နဲ့ Bluetooth 3.0 စနစ်တို့က တဆင့် ကြိုးမဲ့ချိတ်ဆက်မှု ပြုလုပ်နိုင်ပြီး NFC စနစ်နဲ့လည်း လျင်မြန်စွာ ချိတ်ဆက်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ထိုစပီကာမှာ တည်ဆောက်ကတည်းက ပါဝင်ပြီးသား Media Player တစ်ခုလည်းပါဝင်တဲ့အတွက် အသုံးပြုသူတွေကို USB ချိတ်ဆက်ကိရိယာက တစ်ဆင့် သီချင်းသံတွေကို Play ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အသံ အရည်အသွေးပိုင်းကတော့ အရည်အသွေးမြင့်ဖိုင်တွေကို support လုပ်ပေးနိုင်ပြီး flac,alac,aiff နဲ့ Wav စတဲ့ အသံဖိုင်အမျိုးအစားတွေကို 24-bit/192kHz အထိ ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထို စပီကာဟာ စူပါ အသံချဲ့ စက် ၂ လုံး ၊ အရှေ့  အသံချဲ့  စက် ၂ လုံး ၊ အလယ် အသံချဲ့ စက် ၂ လုံးနဲ့ Subwoofer တစ်လုံးတို့ကိုလည်း ထည့်သွင်းပေးထားပြီး ၁၅၄ ၀ပ် နဲ့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ mp3 , wma , aac ,wav , dsd စတဲ့ ဂီတ အသံဖိုင်တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

Sony ရဲ့  SRS-X99 ဟာ LDAC နည်းပညာကို အသုံးပြုထားပြန်တဲ့အတွက် အရည်အသွေးမြင့် bluetooth audio streaming ကို လုပ်ဆောင်ခွင့်ပေးနိုင်ပြီး အခြား သာမန် bluetooth audio streaming တွေထက် ၃ ဆ ခန့် ဒေတာ လွှဲပြောင်းနှုန်း ပိုမိုမြန်ဆန်တယ်လို့လည်း သိရပါတယ်။

Sony SRS-X99 ဟာ အခန်းတစ်ခန်းထက်ပိုပြီး ချိတ်ဆက်နိုင်ဖို့အတွက် အရင် Sony SRS-ZR5 နဲ့ SRS-ZR7 တို့မှာလိုပဲ Songpal ဆိုတဲ့ App ကို အသုံးပြုပြီး Android နဲ့ iOS စနစ်တို့မှာလည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ တစ်ခုတည်းသော အားနည်းချက် ကတော့ SRS-X99 ဟာ အတွင်း ဘက်ထရီမပါဝင်ပဲ လျှပ်စစ် ပလပ်နဲ့ ဆက်သွယ်ထားမှသာ အသုံးပြုနိုင်တာပါပဲ။

Ref: Gadgets360

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category