0 Shares 14 Views

လာမယ့် ဧပြီလမှာ GoPro ရဲ့  တန်ဖိုးနည်းကင်မရာ ၃ မျိုးကို ထုတ်လုပ်မှု ရပ်နားမည်

Feb 04, 2016
0 14

နှစ်သစ်ကို စိတ်ပျက်ဖွယ်စတင်ပြီးတဲ့နောက်မှာ GoPro ကင်မရာ ကုမ္မဏီဟာ ထုတ်လုပ်မှု ထက်ဝက်ခန့်ကို လျှော့ချတော့မှာဖြစ်ပါတယ်။ GoPro ကုမ္မဏီဟာ သူတို့ရဲ့  တန်ဖိုးနည်း ကင်မရာငယ်တွေဖြစ်တဲ့ Heroes အမျိုးအစား ကင်မရာ ၃ မျိုးကို ဧပြီလမှာ စတင်ပြီး အရောင်း ရပ်နားတော့မယ်လို့ The Verge သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီကင်မရာငယ် ၃ မျိုးကတော့ Hero+ LCD ၊ Hero+ နဲ့ standard Hero တို့ပဲဖြစ်ပါတယ်။

ထိုကင်မရာ ၃ မျိုးဟာ GoPro ရဲ့  တန်ဖိုးအနည်းဆုံး ကင်မရာတွေဖြစ်ခဲ့တဲ့အတွက် ထို ကင်မရာတွေကို ထုတ်လုပ်မှု ရပ်နားလိုက်တဲ့အခါမှာ Hero4 Black ၊ Hero4 Silver နဲ့ Hero4 Session တို့ဟာ ၁၉၉ ဒေါ်လာခန့် တန်ဖိုးရှိပြီး GoPro ရဲ့ တန်ဖိုးအနည်းဆုံး ကင်မရာငယ်တွေဖြစ်လာခဲ့ပါတယ်။

GoPro ကုမ္မဏီရဲ့  အမှုဆောင်အရာရှိချုပ် ဖြစ်သူ Nick Woodman ဟာ ဒီနှစ်ထဲမှာ Hero 5 ဆိုတဲ့ ထုတ်ကုန်တစ်မျိုးကို ထုတ်လုပ်သွားမယ်ဆိုတာကိုလည်း အတည်ပြုပြောကြားခဲ့ပါတယ်။ Hero 5 ကတော့
Karma ဒရုန်းနဲ့ တွဲဖက်ထားမှာဖြစ်ပြီး 4K ကြည်လင်ပြတ်သားမှုရှိတဲ့ ဗီဒီယို တွေကို ရိုက်ကူးနိုင်မှာပါ။

ဒါ့အပြင် ဒရုန်းနဲ့တွဲထားတဲ့အတွက် ပျံသန်းလို့လည်းရနိုင်မှာဖြစ်ပါတယ်။GoPro ကုမ္မဏီရဲ့  လက်ရှိ ဘဏ္ဍာငွေဟာလည်း ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြန်တာကြောင့် ရင်းနှီးမြှပ်နှံသူတွေအတွက်တော့ ၂၀၁၆ခုနှစ်ဟာ ခက်ခဲတဲ့ ဘဏ္ဍာရေးနှစ်တစ်နှစ်ဖြစ်လာမှာပါ။

Ref: Techreader

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category