0 Shares 759 Views

မုဒိန်းကျင့်ပြီး ဖေ့စ်ဘုတ် မှာ live လွှင့်လို့ လူငယ် ၃ ဦး အဖမ်းခံရ

Jan 25, 2017
0 759

၁၉၉၈ ခုနှစ်မွေးဖွားခဲ့သူ မိန်းမပျိုးကလေးတစ်ဦး ကို မုဒိန်းကျင့်ပြီး ဖေစ့်ဘုတ် မှာ Live လွှင့်ခဲ့တဲ့အတွက် ဆွီဒင်လူငယ် ၃ ဦးကို ရဲ က ဖမ်းဆီးခဲ့ကြောင်း Guridian သတင်းစာကို ကိုးကားပြီး Digital Trends ၀က်ဘ်ဆိုဒ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

အဲဒီအမှု ဟာ ဆွီဒင်နိုင်ငံမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အကျူးလွန်ခံရသူရော ၊ ကျူးလွန်ခံသူတွေ အားလုံးပါ အသက်အရွယ် ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေ ဖြစ်တဲ့အတွက် ပုံရိပ်တွေကိုတော မဖော်ပြပေးခဲ့ပါဘူး။ သက်ဆိုင်ရာ မှုခင်း ရဲ အရာရှိရဲ့ စစ်ဆေးချက်အရ အဲဒီ လူငယ် ၃ ဦး ဟာ အသက်အရွယ်အားဖြင့် ၁၉၉၂ ခုနှစ် ကနေ ၁၉၉၈ ခုနှစ်အတွင်း မွေးဖွားခဲ့ကြသူတွေ ဖြစ်ပြီး စတော့ဟုမ်းဒေသ ရဲ့ မြောက်ပိုင်း တောအုပ်တစ်ခု အတွင်းမှာ အဲဒီ ဖြစ်စဉ် ကို ကျူးးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။

(ဆွီဒင်ပြည်တွင်း သတင်းဌာနတစ်ခု ရဲ့ တိုင်ကြားချက်ကြောင့် နောက်ပိုင်းမှာ ပြန်လည် ဖြုတ်ပယ်လိုက်တဲ့) အဲဒီ ဗွီဒီယို ကို မည်သူ့ကို မဆို ဒေါင်းလုပ်ပြုလုပ်ခွင့်ပေးထားခဲ့ပြီး အခုလိုမျိုး ဆိုးရွားတဲ့ မှုခင်းတွေ နဲ့ ဖြစ်စဉ်ဗွီဒီယိုတွေ ကို မစိစစ်ပဲ ဖော်ပြခဲ့တဲ့ Facebook ကုမ္ပဏီလည်း ရဲတပ်ဖွဲ့ရဲ့ အပြစ်တင်မှု ကို ခံခဲ့ရပါတယ်။Facebook ရဲ့ Live Video တွေ ဟာ စမတ်ဖုန်းတွေကနေ တိုက်ရိုက် upload တင်ခွင့်ကို ပေးထားခဲ့ပြီး သူတို့ရဲက မူဝါဒကို မထိခိုက် စစ်ဆေးမေးမြန်းခြင်း မရှိဘူး လို့ ရဲအရာရှိတစ်ဦး က စွပ်စွဲပြောကြားခဲ့တယ် လို့ သိရပါတယ်။

 

Ref : TheGuardian, Digitaltrends

You may be interested

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views

Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ

Creepy Tyler - Sep 25, 2018

နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

Most from this category